ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၂/၁ စာ. ၂၄-၂၅
  • ယေရမိ လက်မလျှော့ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရမိ လက်မလျှော့ခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ယေဟောဝါဘယ်မှာလဲ” ဆိုပြီး သင် နေ့တိုင်းမေးသလား
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ယေဟောဝါဘုရားအကြောင်း ယေရမိ မပြောဘဲမနေခဲ့
    ကလေးတွေကို သင်ပေးပါ
  • ယေရမိကဲ့သို့ ရဲရင့်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေဟောဝါက ယေရမိကို ဟောပြောဖို့ စေလွှတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၂/၁ စာ. ၂၄-၂၅

သားသမီးတို့ကို သွန်သင်လော့

ယေရမိ လက်မလျှော့ခဲ့

စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ချင်တဲ့စိတ်မျိုး ကလေးတို့ ဖြစ်ဖူးသလား။—a လူအတော်များများ အဲဒီလို ဖြစ်ဖူးတယ်။ လူငယ်ယေရမိလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက တခြားသူတွေရဲ့ အပြောအဆို၊ အပြုအမူကြောင့် အရှုံးမပေးခဲ့ဘူး။ ယေရမိက လက်လျှော့လိုက်ချင်တဲ့စိတ် ဖြစ်ဖူးပေမဲ့ ဘုရားသခင်အတွက် အရေးပါတဲ့သူတစ်ယောက် ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ကြည့်ကြစို့။

စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါက ယေရမိ မမွေးခင်ကတည်းက သူ့ကို ပရောဖက်ခန့်ဖို့ ရွေးထားပြီးပြီ။ ဘုရားသခင်ရဲ့စိတ်တော် ငြိုငြင်အောင်လုပ်တဲ့သူတွေကို သူ သတိပေးရမယ်။ နောက်ပိုင်းမှာ ယေဟောဝါဘုရားသခင်ကို ယေရမိ ဘယ်လို ပြောခဲ့သလဲဆိုတာ ကလေးတို့ သိလား။— “အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏” ဆိုပြီး ပြောခဲ့တယ်လေ။

ယေရမိကို ယေဟောဝါဘုရားသခင် ဘယ်လို ပြန်ဖြေမယ်လို့ ကလေးတို့ ထင်သလဲ။— “‘အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏’ ဟုမပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကို ငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ သူတို့ကို မကြောက်နှင့်” ဆိုပြီး ဘုရားသခင်က ကြင်ကြင်နာနာနဲ့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ မကြောက်နဲ့လို့ ဘာကြောင့် ပြောတာလဲ။ “သင့်ကို ကယ်နုတ်ခြင်းငှာ သင်နှင့်အတူ ငါရှိသည်” ဆိုပြီး ယေဟောဝါဘုရားသခင် ပြောခဲ့လို့ပဲ။—ယေရမိ ၁:၄-၈။

ဒါပေမဲ့ နောက်ပိုင်းမှာ ယေရမိ စိတ်ဓာတ်ကျလာတယ်။ ဘုရားသခင်ရဲ့အမှုတော် ထမ်းဆောင်နေတာကို ကဲ့ရဲ့ပြောင်လှောင်ခံရလို့ပေါ့။ ‘လူတိုင်းက ကျွန်တော့်ကို နေ့တိုင်း ကဲ့ရဲ့နေကြတယ်’ လို့ ယေရမိ ပြောတယ်။ ဒါကြောင့် လက်လျှော့လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်လေ။ “[ယေဟောဝါဘုရားသခင်အကြောင်း] မကြားမပြော၊ နာမတော်ကို အမှီပြု၍ မဟောဘဲနေ” မယ်လို့ သူပြောခဲ့တယ်။ ဒါပေမဲ့ သူတကယ်ပဲ လက်လျှော့လိုက်သလား။

‘ငါ့အရိုးတို့၌ ချုပ်ထား၍ လောင်သောမီးကဲ့သို့ ယေဟောဝါဘုရားသခင်၏ စကားတော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့် အလွန်ငြီးငွေ့’ ပြီလို့ သူပြောတယ်။ (ယေရမိ ၂၀:၇-၉) တစ်ခါတလေ သူ ကြောက်တတ်ပေမဲ့ ယေဟောဝါဘုရားသခင်ကို ချစ်တဲ့ သူ့ရဲ့မေတ္တာကြောင့် လက်မလျှော့ခဲ့ဘူး။ သူ လက်မလျှော့ခဲ့လို့ ဘယ်လို ကာကွယ်ခံရသလဲဆိုတာ ကြည့်ကြစို့။

အကျင့်ဆိုးတွေကို မပြောင်းလဲဘူးဆိုရင် ဂျေရုဆလင်မြို့ကို ဖျက်ဆီးမယ်ဆိုပြီး လူတွေကို သတိပေးဖို့ ယေရမိကို ယေဟောဝါဘုရားသခင် စေခိုင်းခဲ့တယ်။ အဲဒီသတိပေးချက်ကို ယေရမိ ပြောတဲ့အခါ လူတွေက ဒေါသထွက်လာပြီး “ဤသူသည် အသေခံထိုက်” ၏လို့ ပြောကြတယ်။ ဒါပေမဲ့ ယေရမိက ‘ယေဟောဝါဘုရားသခင်၏ စကားတော်ကို နားထောင်ကြ’ ပါဆိုပြီး သူတို့ကို တောင်းပန်ခဲ့တယ်။ ပြီးတော့ ‘သင်တို့သည် ငါ့ကိုသတ်လျှင် အပြစ်မရှိသောသူကို သတ်ခြင်းဖြစ်မည်ဟု သိမှတ်ကြလော့။ အကြောင်းမှာ သင်တို့အား ကြားပြောမည်အကြောင်း ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူခြင်းဖြစ်၏’ ဆိုပြီး သူပြောတယ်။ နောက်တော့ ဘာဖြစ်သွားသလဲဆိုတာ ကလေးတို့ သိသလား။—

‘မှူးမတ်အစရှိသော လူများအပေါင်းတို့က “ဤသူသည် အသေခံထိုက်သည် မဟုတ်လော။ ငါတို့ဘုရားသခင် ယေဟောဝါ၏ နာမတော်ကို အမှီပြု၍ ငါတို့အား ဟောပြောလေပြီ” ဟုယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏’ ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေရမိက ကြောက်စိတ်ကြောင့် လက်လျှော့သွားဖို့ သူ့ကိုယ်သူ ခွင့်မပြုခဲ့တဲ့အတွက် ယေဟောဝါဘုရားသခင် သူ့ကို ကာကွယ်ပေးခဲ့တယ်။ ယေဟောဝါဘုရားသခင်ရဲ့ နောက်ပရောဖက်တစ်ပါးဖြစ်တဲ့ ဥရိယအကြောင်း အခု သုံးသပ်ကြည့်ကြစို့။ သူကတော့ ယေရမိနဲ့ လုံးဝမတူဘူး။

‘ဥရိယသည်လည်း ဂျေရုဆလင်မြို့တစ်ဖက်၌ ပရောဖက်ပြု၍ ယေရမိ ဟောပြောသော စကားနှင့် တညီတည်းဟောပြော၏’ ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ ယောယကိမ်မင်းကြီးက ဥရိယကို အမျက်ထွက်တဲ့အခါ ဥရိယ ဘာလုပ်ခဲ့သလဲဆိုတာ ကလေးတို့ သိလား။— သူကြောက်လာပြီး ဘုရားသခင့် အလိုတော်ကို မထမ်းဆောင်တော့ဘဲ အီဂျစ်ပြည်ကို ထွက်ပြေးသွားတယ်။ ဒါနဲ့ မင်းကြီးက လူတွေကိုလွှတ်၊ သူ့ကို တွေ့အောင်ရှာပြီး ပြန်ခေါ်လာခိုင်းတယ်။ ဥရိယကို သူတို့ ပြန်ခေါ်လာတဲ့အခါ အဲဒီဆိုးညစ်တဲ့မင်းကြီး ဘာလုပ်ခဲ့တယ်ဆိုတာ ကလေးတို့ သိကြသလား။— ဥရိယကို ဓားနဲ့ကွပ်မျက်လိုက်တယ်လေ။—ယေရမိ ၂၆:၈-၂၄။

ယေဟောဝါဘုရားသခင်က ယေရမိကို ကာကွယ်ပေးပြီး ဥရိယကိုတော့ မကာကွယ်ခဲ့ဘူးလို့ ကလေးတို့ ဘာကြောင့် ပြောနိုင်တာလဲ။— ယေရမိလည်း ဥရိယလိုပဲ ကြောက်ခဲ့မှာပဲ၊ ဒါပေမဲ့ ယေရမိက မထွက်ပြေးဘဲ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကို ဆက်ထမ်းဆောင်ခဲ့တယ်။ သူ လက်မလျှော့ခဲ့ဘူး။ ယေရမိရဲ့ ပုံနမူနာကနေ ကလေးတို့ ဘာသင်ခန်းစာ ရနိုင်သလဲ။— တို့တွေလည်း ဘုရားသခင်ပြောတဲ့အတိုင်း လုပ်ဆောင်ဖို့ တစ်ခါတလေ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို တို့တွေ အမြဲယုံကြည်ကိုးစားပြီး နာခံသင့်တယ်။

a သင်သည် ကလေးများနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။

မေးခွန်းများ–

  • ယေရမိကို ခိုင်းဖို့ ဘုရားသခင် ရွေးထားတဲ့အလုပ်က ဘာလဲ။

  • ယေရမိက ဘာဖြစ်လို့ လက်လျှော့ချင်ရတာလဲ။

  • ဘုရားသခင်က ယေရမိကို ဘာဖြစ်လို့ ကာကွယ်ပေးပြီး ဥရိယကိုတော့ ဘာဖြစ်လို့ မကာကွယ်ပေးတာလဲ။

  • ယေရမိရဲ့ ပုံနမူနာကနေ ကလေးတို့ ဘာသင်ခန်းစာ ရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ