ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၅/၁ စာ. ၁၃
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သားဦးအရာနှင့်အတူ အဘယ်အခွင့်အရေးများနှင့် တာဝန်များ လိုက်ပါလာသနည်း။
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၅/၁ စာ. ၁၃

သင်သိပါသလော

သားဦးအရာနှင့်အတူ အဘယ်အခွင့်အရေးများနှင့် တာဝန်များ လိုက်ပါလာသနည်း။

▪ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်သော ရှေးခေတ်ဘိုးဘေးများသည် သားဦးကို အထူးအခွင့်အရေးများ ပေးလေ့ရှိသည်။ ဖခင်ဆုံးပါးသွားသည်နှင့် အကြီးဆုံးသားသည် မိသားစုကို ဦးစီးရသော၊ စောင့်ရှောက်ရသော တာဝန်ရှိ၏။ အိမ်တွင်နေထိုင်သူ မိသားစုဝင်အားလုံးကိုလည်း အုပ်ချုပ်ရသည်။ ဘုရားသခင့်အမြင်တွင် သားဦးသည် မိသားစုကိုလည်း ကိုယ်စားပြုသည်။ သားအားလုံး ကိုယ်စီအမွေရကြသော်လည်း သားဦးမှာမူ အကောင်းဆုံး အမွေကို ရရှိသည်။ အခြားသားများရသော အမွေထက် သားဦးက နှစ်ဆပိုရသည်။

ထိုခေတ်တွင်  သားဦးသည်  သူ၏အရာကို စွန့်လွှတ်နိုင်သည်။ ဥပမာ၊ ဧသောသည် သူ၏သားဦးအရာကို ညီဖြစ်သူအား ရောင်းစားခဲ့သည်။ (ကမ္ဘာဦး ၂၅:၃၀-၃၄) ယာကုပ်သည် သားဦးဖြစ်သူ ရုဗင်ကို သားဦးအရာမပေးဘဲ ယောသပ်ကို လွှဲပြောင်းပေးခဲ့သည်။ ရုဗင်သည် သူ၏အကျင့်ယိုယွင်းမှုကြောင့် သားဦးအရာကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၅:၁) သို့သော် အစ္စရေးလူတို့ကို မောရှေမှတစ်ဆင့်ပေးခဲ့သော ဘုရားသခင့်ပညတ်တွင် မယားတစ်ဦးထက်မကရှိသူသည် သားဦးအရင်မွေးသောမယားထက် နောက်မယားတစ်ဦးကို ပိုချစ်သောကြောင့် သားဦးအရာကို ထိုမယား၏သားဦးအား လွှဲပြောင်းပေးခွင့်မပြုချေ။ ဖခင်ဖြစ်သူသည် သားဦးအရာကို လေးစားရမည်။—တရားဟောရာ ၂၁:၁၅-၁၇။

ကျမ်းတတ်များနှင့် ဖာရိရှဲများသည် “ကျမ်းစာအဆောင်လက်ဖွဲ့များ” ကို အဘယ်ကြောင့် ဝတ်ဆင်ကြသနည်း။

▪ ဘာသာရေးခေါင်းဆောင်များဖြစ်သော ကျမ်းတတ်များနှင့်ဖာရိရှဲများကို ယေရှု ပြစ်တင်ဝေဖန်ခဲ့သည်။ အကြောင်းမှာ သူတို့သည် “ကျမ်းစာအဆောင်လက်ဖွဲ့များ” ကို အပြားကြီးကြီးလုပ်၍ ဝတ်ဆင်ကြသောကြောင့်ဖြစ်သည်။ (မဿဲ ၂၃:၂၊ ၅) ၎င်းတို့၏နောက်လိုက်များက သေးငယ်သော လေးထောင့်ပုံ အနက်ရောင် သားရေဘူးကို နဖူးတွင် အဆောင်လက်ဖွဲ့အဖြစ် စည်းနှောင်ကြသည်။ ထို့ပြင် ဘယ်ဘက်လက်မောင်းအောက်တွင်လည်း ယင်းကို စည်းထားကြသည်။ ထိုသားရေဘူးထဲတွင် ကျမ်းစာသား အပိုင်းတိုများကို ထည့်ထားသည်။ “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ . . . သင်၏လက်၌ လက္ခဏာသက်သေအဖြစ်၊ သင်၏မျက်စိကြားမှာ သင်းကျစ်အဖြစ်ဖြင့် ချည်ထားရမည်” ဟူ၍ အစ္စရေးလူမျိုးကိုပေးခဲ့သော ဘုရားသခင့်ညွှန်ကြားချက်ကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ကာ ထိုသို့ဝတ်ဆင်သည့်အလေ့အထ ပေါ်လာခြင်းဖြစ်သည်။ (တရားဟောရာ ၆:၆-၈၊ သမ္မာ)ထိုသို့ဝတ်ဆင်သောအလေ့အထသည် မည်သည့်အချိန်တွင် စတင်ခဲ့ကြောင်း အတိအကျမသိရသော်လည်း ကျမ်းပညာရှင်အများစုက ခရစ်နှစ်မတိုင်မီ နှစ်ပေါင်းနှစ်ရာ သို့မဟုတ် သုံးရာခန့်တွင် စတင်ခဲ့သည်ဟု သတ်မှတ်ကြသည်။

ထိုဓလေ့ကို  ယေရှု  ပြစ်တင်ဝေဖန်ရသည့်အကြောင်းရင်းနှစ်ခု ရှိသည်။ ပထမ၊ ကျမ်းတတ်များနှင့်ဖာရိရှဲများသည် အခြားသူများထက် မိမိတို့က ဘာသာရေးပိုကိုင်းရှိုင်းကြောင်း ဖော်ပြလိုသဖြင့် ထိုအဆောင်လက်ဖွဲ့များကို အပြားကြီးကြီးလုပ်၍ ဝတ်ဆင်ကြသောကြောင့်ဖြစ်သည်။ ဒုတိယ၊ ကျမ်းစာသားများထည့်ထားသော ထိုသားရေဘူးများကို အကာအကွယ်ပေးသော အဆောင်လက်ဖွဲ့အဖြစ် မှားယွင်းစွာ သူတို့ ယူဆကြသောကြောင့်ဖြစ်သည်။ ထိုသားရေဘူးများကို ဂရိဘာသာစကားတွင် ဖီလက်ထရီရောန် ဟုခေါ်ပြီး “ကင်းစခန်း၊” “ခံတပ်” သို့မဟုတ် “ကာကွယ်နည်း” ဟုပြန်ဆိုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ