ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၂/၁၅ စာ. ၃၁
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါသည် ငါပိုင်သောအဖို့၊ အမွေဥစ္စာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းချက်တွေ ရှာနည်း
    ထပ်ဆင့် အကြောင်းအရာများ
  • ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၂/၁၅ စာ. ၃၁

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေဆိုနိုင်မနိုင် စမ်းကြည့်ပါ–

• ‘ငါသည် သင်ပိုင်သောအဖို့ဖြစ်၏’ လို့ လေဝိသားတွေကို ဘုရားသခင်ပြောတာ ဘာအဓိပ္ပာယ်ရှိသလဲ။

တခြားအစ္စရေးအနွယ်တိုင်းက မြေနေရာရကြတယ်၊ ဒါပေမဲ့ လေဝိအနွယ်အတွက်ကျတော့ ယေဟောဝါက သူတို့ရဲ့ပိုင်ဆိုင်ရာ “အဖို့” ဖြစ်တယ်။ (တော. ၁၈:၂၀) လေဝိသားတွေက အမွေမြေမရရှိခဲ့ကြပေမဲ့ အမှုဆောင်ရတဲ့အခွင့်ထူးကို ရရှိခဲ့ကြတယ်။ ဒါ့အပြင် ယေဟောဝါက သူတို့ရဲ့အခြေခံရုပ်ပစ္စည်းလိုအပ်ရာတွေကို ထောက်မပေးခဲ့တယ်။ ဒီနေ့အချိန်မှာ ဘုရားသခင့်အမှုတော်ကို ဦးစားထားလုပ်ဆောင်နေသူတွေလည်း မိမိတို့ရဲ့လိုအပ်ရာတွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—၉/၁၅၊ စာမျက်နှာ ၇-၈၊ ၁၃။

• ဗာဗုလုန်လူမျိုးတွေရဲ့လက်ချက်နဲ့ ရှေးခေတ်ဂျေရုဆလင်မြို့ ဖျက်ဆီးခံခဲ့ရတဲ့အချိန်ကို ဘယ်လိုသိရသလဲ။

သမိုင်းပညာရှင်တွေက ဗာဗုလုန်ရှင်ဘုရင်တွေ၊ သူတို့အုပ်စိုးခဲ့ချိန်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေအကြောင်း အမျိုးမျိုးပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဗာဗုလုန်ကို ကုရု ၂ တိုက်ခိုက်အောင်မြင်တဲ့နှစ်ဟာ ဘီစီအီး ၅၃၉ ဖြစ်တယ်ဆိုတဲ့ ရက်စွဲသတ်မှတ်ချက်ကိုတော့ ကျမ်းပညာရှင်တွေက သဘောတူကြတယ်။ ဂျူးတွေလွတ်မြောက်သွားပြီး ဘီစီအီး ၅၃၇ မှာ သူတို့ရဲ့နေရင်းပြည်ကို ပြန်လာခဲ့ကြတယ်။ သူတို့ ပြည်နှင်ခံရတဲ့ကာလက အနှစ် ၇၀ ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ဒါကြောင့် ဂျေရုဆလင်မြို့ဟာ ဘီစီအီး ၆၀၇ မှာ ဖျက်ဆီးခံခဲ့ရတာ သေချာတယ်။ (၆ ရာ. ၃၆:၂၁၊ ၂၂; ယေ. ၂၉:၁၀; ဒံ. ၉:၁၊ ၂)—၁၀/၁၊ စာမျက်နှာ ၂၆-၃၁။

• အပန်းဖြေမှုတစ်မျိုးမျိုးက အကျိုးပြုမပြုနဲ့ပတ်သက်ပြီး ခရစ်ယာန်တစ်ဦးဆုံးဖြတ်ရာမှာ ဘာကကူညီပေးနိုင်သလဲ။

အပန်းဖြေမှုတစ်ခုခုက အကျိုးပြုသလား၊ ဘုရားသခင့်အမြင်မှာ နှစ်သက်လက်ခံနိုင်စရာလားဆိုတာကို ဆုံးဖြတ်ရာမှာ ဒီမေးခွန်းတွေမေးခြင်းက ကောင်းပါတယ်– ဘာတွေပါဝင်သလဲ၊ အချိန်ဘယ်လောက်သုံးမလဲ၊ ဘယ်သူတွေနဲ့လဲ။—၁၀/၁၅၊ စာမျက်နှာ ၉-၁၂။

• ကိုယ်ဝန်ဖျက်ချခြင်းက ဘာကြောင့်မှားသလဲ။

ဘုရားသခင်ဟာ အသက်ကို တန်ဖိုးထားတဲ့အတွက် မိခင်ဝမ်းထဲမှာရှိတဲ့သားလောင်းကိုတောင် အသက်ရှင်တဲ့သူအဖြစ် ရှုမြင်တယ်။ (ဆာ. ၁၃၉:၁၆) မမွေးသေးတဲ့ကလေးကို အနာတရဖြစ်အောင် ပြုလုပ်တဲ့သူဟာ အပြစ်ဒဏ်ခံရမယ်လို့ ပညတ်တရားမှာ ဖော်ပြထားတဲ့အတိုင်းပဲ မမွေးသေးတဲ့ကလေးကို ဖျက်ချတာက လူသတ်တာဖြစ်တယ်။ (ထွ. ၂၁:၂၂၊ ၂၃)—၁၁/၁၊ စာမျက်နှာ ၆။

• ညစ်ညမ်းရုပ်ပုံစာပေကို မကြည့်ရှုဖို့ သု. ၇:၆-၂၃ ပါမှတ်တမ်းက ဘယ်လိုကူညီပေးနိုင်သလဲ။

လူငယ်တစ်ဦးဟာ အကျင့်ပျက်တဲ့အမျိုးသမီး အဲဒီလမ်းမှာရှိနေတယ်ဆိုတာသိလျက်နဲ့ အဲဒီနေရာကို သွားခဲ့တယ်လို့ သမ္မာကျမ်းစာကပြောတယ်။ အဲဒီအမျိုးသမီးက သူ့ကို မြှူဆွယ်ဖြားယောင်းခဲ့တယ်။ ဒီနေ့အချိန်မှာ သွေးသားဆန္ဒကိုလှုံ့ဆော်ပေးတဲ့ ရုပ်ပုံတွေပါတဲ့ အင်တာနက်ဆိုက်တွေကို ကျွန်ုပ်တို့ ရှောင်ရမယ်၊ ပြီးတော့ အန္တရာယ်ရှိတယ်လို့ သိထားတဲ့အင်တာနက်ဆိုက်ကို မဖွင့်မိအောင်ကူညီပေးဖို့ ဘုရားသခင်ထံ ဆုတောင်းဖို့ အရေးကြီးတယ်။—၁၁/၁၅၊ စာမျက်နှာ ၉-၁၀။

• ၂၀၁၂ မှာ ကမ္ဘာဂြိုဟ်ဆက်ရှိနေပါ့ဦးမလားဆိုတာ ဘယ်လိုသိရသလဲ။

ရှေးခေတ်မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ရာသီစက်ဝန်းအရ တချို့က ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ဒီအချက်က လုံးဝမဖြစ်နိုင်ဘူး၊ အကြောင်းကတော့ ယေဟောဝါက ကမ္ဘာမြေကြီးကို လူသားတွေနေထိုင်ဖို့အတွက် ဖန်ဆင်းပေးထားလို့ပဲ။ ကမ္ဘာမြေကြီးက ထာ၀စဉ်တည်ရှိသွားမယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေ. ၁:၄; ဟေရှာ. ၄၅:၁၈)—၁၂/၁၊ စာမျက်နှာ ၁၀။

• စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဘယ်ကျမ်းရေးသူတွေ ရှိနေခဲ့ကြသလဲ။

ခရစ်ယာန်ဂရိကျမ်းရေးသူတွေထဲက ခြောက်ယောက်ဟာ အဲဒီမှာရှိခဲ့ကြပုံရတယ်။ အဲဒီထဲကသုံးယောက်က တမန်တော်တွေဖြစ်တဲ့ မဿဲ၊ ယောဟန်နဲ့ ပေတရုတို့ဖြစ်တယ်။ နောက်နှစ်ယောက်ကတော့ ယေရှုရဲ့မိတူဖကွဲညီအစ်ကိုတွေဖြစ်တဲ့ ယာကုပ်နဲ့ ယုဒတို့ဖြစ်တယ်။ ပြီးတော့ လူငယ်မာကုလည်း အဲဒီမှာရှိနေနိုင်တယ်။—၁၂/၁၊ စာမျက်နှာ ၂၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ