ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၂/၁ စာ. ၈-၉
  • အာမဂေဒုန်စစ်ပွဲ ဘယ်တော့ဖြစ်လာမှာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာမဂေဒုန်စစ်ပွဲ ဘယ်တော့ဖြစ်လာမှာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြည့်စုံနေတဲ့ ဖြစ်ရပ်တွေကို တွေ့မြင်နေရ
  • မကြာခင်မှာ မြင်တွေ့ရမယ့် ဖြစ်ရပ်များ
  • သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ
  • ဒီကမ္ဘာကြီး ဘယ်လိုနည်းနဲ့ အဆုံးတိုင်သွားမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားနိုင်ငံတော် ရောက်ရှိပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဘုရားသခင့်နိုင်ငံတော်က ရန်သူတွေအပေါ်အောင်ပွဲခံ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ဗျာဒိတ်ကျမ်းက ဘုရားရန်သူတွေအတွက် ဘာအဓိပ္ပာယ် ရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၂/၁ စာ. ၈-၉

အာမဂေဒုန်စစ်ပွဲ ဘယ်တော့ဖြစ်လာမှာလဲ

“ငါကြည့်လိုက်သောအခါ အဘယ်သူမျှ မရေတွက်နိုင်သော လူအုပ်ကြီးကို ငါမြင်၏။ သူတို့သည် လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲမှ ထွက်လာသူများ ဖြစ်ကြ၏။ . . . ဤသူတို့သည် ကြီးစွာသောဒုက္ခမှ ထွက်လာသူများ ဖြစ်ကြ၏။”—ဗျာ. ၇:၉၊ ၁၄။

အာမဂေဒုန်စစ်ပွဲ မကြာခင် ဖြစ်လာပါတော့မယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်တာလဲ။

ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး သမ္မာကျမ်းစာပါ မြင့်မြတ်တဲ့စံနှုန်းတွေနဲ့အညီ ကျင့်ကြံနေထိုင်တဲ့သူတွေ ပါဝင်တဲ့ ကမ္ဘာချီအဖွဲ့အစည်းတစ်ခု ရှိနေပါပြီ။ လူမျိုးတွေ၊ လူမျိုးနွယ်တွေနဲ့ ဘာသာစကားအသီးသီးက ထွက်လာတဲ့ သန်းနဲ့ချီတဲ့ သူတွေဟာ ဘုရားသခင်ရဲ့ ကျောထောက်နောက်ခံမှုကို ရရှိထားတဲ့အတွက် စည်းလုံးညီညွတ်ပြီး မေတ္တာရှိတဲ့ ညီအစ်ကိုအသင်းအပင်းအဖြစ် စုဝေးနေကြပါပြီ။ အဲဒီ ညီအစ်ကိုအသင်းအပင်းကို ယေဟောဝါသက်သေတွေ အလယ်မှာပဲ တွေ့ရပါတယ်။—ယောဟန် ၁၃:၃၅။

မကြာခင်မှာ စာတန်ဟာ သူ့ရဲ့အပေါင်းအပါတွေကို စုဝေးစေပြီး ငြိမ်သက်အေးချမ်းစွာ နေထိုင်တဲ့၊ အကာအကွယ်မဲ့ပုံ ပေါက်တဲ့သူတွေကို အစွမ်းကုန် တိုက်ခိုက်ပါတော့မယ်။ (ယေဇကျေလ ၃၈:၈-၁၂; ဗျာ. ၁၆:၁၃၊ ၁၄၊ ၁၆) အဲဒီလို ဖြစ်လာမယ်ဆိုတာကို သင် ဘယ်လို သိမြင်နိုင်မလဲ။ အာမဂေဒုန်စစ်ပွဲ ဖြစ်မယ့်အချိန်ကို သိရှိနိုင်ဖို့ သတ်သတ်မှတ်မှတ် ဖြစ်ရပ်တွေကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဖော်ပြထားတဲ့ ဖြစ်ရပ် အတော်များများကလည်း ပြည့်စုံသွားပြီ ဖြစ်ပါတယ်။

ပြည့်စုံနေတဲ့ ဖြစ်ရပ်တွေကို တွေ့မြင်နေရ

တပည့်တွေက “ဤလောကစနစ်နိဂုံးပိုင်း” ရောက်လာမယ့်အချိန်ကို လူတွေ ဘယ်လို သိရမလဲဆိုပြီး ယေရှုကို မေးခဲ့ကြတယ်။ (မဿဲ ၂၄:၃) အဲဒီအချိန်နဲ့ ပတ်သက်ပြီး ယေရှုက “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။ အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းတို့သည် တစ်နေရာပြီး တစ်နေရာ၌ ဖြစ်လိမ့်မည်” လို့ အဖြေပေးခဲ့တယ်။ အဲဒီအပြင် “ထိုအမှုအရာ အလုံးစုံတို့သည် ဆင်းရဲဒုက္ခ၏အစ ဖြစ်၏” လို့လည်း ပြောခဲ့တယ်။ (မဿဲ ၂၄:၇၊ ၈) တမန်တော်ပေါလုကလည်း အဲဒီအချိန်ကို “နောက်ဆုံးသောနေ့ရက်များ” လို့ဖော်ပြခဲ့ပြီး အဲဒီနေ့ရက်တွေက “ခက်ခဲကျပ်တည်းသောကာလ” ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ (၂ တိမောသေ ၃:၁) အဲဒီကြိုဟောချက်တွေက ကနေ့ခေတ်မှာ ဖြစ်ပျက်နေတယ်ဆိုတာကို သင် သတိပြုမိပါသလား။

ဒီလောကနိဂုံးပိုင်းက ဘာကြောင့် ဒီလောက်တောင် ခက်ခဲကျပ်တည်းရတာလဲ။ အကြောင်းရင်းကို တမန်တော်ယောဟန် ပြောပြခဲ့ပါတယ်။ စာတန်နဲ့ သူ့ရဲ့ နတ်ဆိုးတွေဟာ ကမ္ဘာပေါ်မှာပဲ လှုပ်ရှားဆောင်ရွက်ခွင့်ရပြီး သူတို့ရဲ့ “အချိန်တိုတောင်း” မယ်လို့ ယောဟန် ကြိုဟောခဲ့တယ်။ အဲဒီအချိန်မှာ စာတန်က “ဒေါသကြီးစွာ” ထွက်နေတယ်လို့လည်း သူဖော်ပြခဲ့တယ်။ (ဗျာ. ၁၂:၇-၁၂) ကနေ့ခေတ်မှာ အဲဒီလို ဒေါသကြီးတဲ့စိတ်နဲ့ အကြမ်းဖက်လိုတဲ့စိတ်တွေကို တစ်နေရာတည်းမှာ မဟုတ်ဘဲ ကမ္ဘာနဲ့ချီပြီး သင် တွေ့မြင်နေရတယ် မဟုတ်ဘူးလား။

ခက်ခဲကျပ်တည်းတဲ့အချိန်မှာ ထူးခြားတဲ့လုပ်ငန်းတစ်ခု ဖြစ်မြောက်အောင်မြင်လိမ့်မယ်လို့လည်း ယေရှု ပြောခဲ့ပါသေးတယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် [ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ဆိုတဲ့ စကားပါ။ (မဿဲ ၂၄:၁၄) ကနေ့ နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်မှာ ယေဟောဝါသက်သေတွေဟာ ဘာသာစကား ၅၀၀ ကျော်နဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြပါတယ်။ သူတို့ထုတ်ဝေတဲ့ ကျမ်းစာအခြေပြု ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းနှစ်စောင်က ကမ္ဘာပေါ်မှာ အဖြန့်ချိရဆုံး မဂ္ဂဇင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မာကျမ်းစာကိုလည်း ဘာသာစကားပေါင်း ၁၀၀ လောက်နဲ့ ပြန်ဆိုထားပြီဖြစ်တယ်။ သူတို့ရဲ့လုပ်ငန်းကို စေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်နေပြီး စေတနာနဲ့ ထည့်ဝင်ထားတဲ့ အလှူငွေတွေနဲ့ လည်ပတ်နေပါတယ်။ ထူးခြားတဲ့ ဒီဟောပြောခြင်းလုပ်ငန်းက ယေရှုရဲ့ ကြိုဟောချက်တစ်ခု ပြည့်စုံမှုလို့ ပြောနိုင်ပါတယ်။

ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ကို ဆန့်ကျင်တဲ့သူတွေစပ်ကြား ဖြစ်ပျက်မယ့် စစ်ပွဲကို ဦးတည်သွားမယ့် ဖြစ်ရပ်တွေကိုလည်း ကျမ်းစာမှာ ဖော်ပြထားပါသေးတယ်။ ပြည့်စုံတာကို သင် တွေ့မြင်ရမယ့် ကြိုဟောချက်သုံးခုကို သုံးသပ်ကြည့်ရအောင်။

မကြာခင်မှာ မြင်တွေ့ရမယ့် ဖြစ်ရပ်များ

ကြိုဟောချက် ၁။ တိုင်းနိုင်ငံတွေဟာ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ အရေးပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ကြလိမ့်မယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ ပြဿနာကြီးတွေကို ဖြေရှင်းလို့ ရခါနီးပြီလို့ ထင်နေကြမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ကြေညာပြီးတဲ့နောက်မှာ သူတို့ထင်ထားတာနဲ့ လုံးဝဆန့်ကျင်တဲ့ ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပျက်လာမှာဖြစ်တယ်။—၁ သက်သာလောနိတ် ၅:၁-၃။

ကြိုဟောချက် ၂။ အဲဒီနောက် လူ့အုပ်ချုပ်ရေး အမျိုးမျိုးက ကမ္ဘာ့ဘာသာရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ပါလိမ့်မယ်။ သမ္မာကျမ်းစာထဲမှာ လူ့အုပ်ချုပ်ရေးတွေကို သားရဲနဲ့ ပုံဆောင်ထားပြီး ကမ္ဘာ့အယူမှားဘာသာရေးတွေကို သားရဲပေါ် ထိုင်စီးနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပုံဆောင်ထားတယ်။ (ဗျာ. ၁၇:၃၊ ၁၅-၁၈) အဲဒီပုံဆောင်သားရဲဟာ ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်လို့ မဟုတ်မမှန်ပြောဆိုနေတဲ့ ဝတ်ပြုရေးတွေကို ဖျက်ဆီးခြင်းအားဖြင့် ဘုရားသခင် လုပ်စေချင်တဲ့အရာကို လုပ်ဆောင်ပါလိမ့်မယ်။

ဒီအဖြစ်အပျက်ကို တမန်တော်ယောဟန်က အမှတ်သင်္ကေတတွေနဲ့ ဒီလိုဖော်ပြခဲ့တယ်– “သင်မြင်သော သားရဲနှင့် ချိုဆယ်ချောင်းတို့သည် ပြည့်တန်ဆာကို မုန်းလိမ့်မည်။ သူ့ကို ပျက်ပြုန်းစေ၍ အဝတ်အချည်းစည်း ရှိစေလျက် သူ၏အသားကို စားပြီးလျှင် သူ့ကို လုံးလုံး မီးရှို့ပစ်လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏အကြံတော်ကို ဖော်ဆောင်ရန် သူတို့၏နှလုံးထဲသို့ အကြံသွင်းတော်မူ၏။”—ဗျာ. ၁၇:၁၆၊ ၁၇။

ကြိုဟောချက် ၃။ အယူမှားဝတ်ပြုရေးကို တိုက်ခိုက်အောင်မြင်ပြီးတဲ့နောက်မှာ တိုင်းနိုင်ငံတွေဟာ စာတန်ရဲ့ စည်းရုံးမှုကြောင့် ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကို တိုက်ခိုက်ပါလိမ့်မယ်။ အဲဒီအခါ ဘုရားသခင်က ကြားဝင်တိုက်ခိုက်ပေးပါလိမ့်မယ်။—ဗျာ. ၇:၁၄; မဿဲ ၂၄:၂၁။

သင့်အပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ

သင်ဟာ သမ္မာကျမ်းစာကို သေသေချာချာ လေ့လာခွင့် မရရှိသေးဘူးဆိုရင် အထက်မှာ ဖော်ပြထားတဲ့ အဖြစ်အပျက်တွေကို ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်စုံသွားပြီဖြစ်တဲ့ ကျမ်းစာကြိုဟောချက်တွေ တစ်သီတစ်တန်းကြီး ရှိတဲ့အတွက် အဲဒီအဖြစ်အပျက်တွေက မဝေးတော့တဲ့ အနာဂတ်မှာ အသေးစိတ် ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။a

‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး စစ်ပွဲ’ ဟာ နီးကပ်နေပြီဆိုတာကို ယေဟောဝါသက်သေတွေ ယုံကြည်ရတဲ့ အကြောင်းရင်းနဲ့ အဲဒီစစ်ပွဲကို သင် ကြောက်စရာမလိုရတဲ့ အကြောင်းရင်းတွေကို သိရှိအောင် အချိန်ယူပြီး လေ့လာကြည့်ရင် မကောင်းဘူးလား။ ယေဟောဝါဘုရားသခင် ကာကွယ်ပေးမယ့်သူတွေထဲမှာ သင် ပါဝင်နိုင်အောင် လုပ်ဆောင်ရမယ့် ကျမ်းစာတောင်းဆိုချက်တွေကို သူတို့နဲ့အတူ ဆွေးနွေးကြည့်ပါ။ (ဗျာ. ၁၆:၁၄) သိရှိလာရာတွေကြောင့် အနာဂတ်နဲ့ပတ်သက်တဲ့ သင့်ရှုမြင်ချက် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။

a ကျမ်းစာကြိုဟောချက်တွေ အမှန်တကယ် ပြည့်စုံလာတယ်ဆိုတဲ့ အထောက်အထားတွေကို သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းဆိုတဲ့ စာအုပ်ရဲ့ အခန်း ၂ နဲ့ အခန်း ၉ မှာ ဖတ်ကြည့်ပါ။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းက ကျမ်းစာကြိုဟောချက်တစ်ခုရဲ့ ပြည့်စုံချက်ဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ