ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၅/၁ စာ. ၁၆-၁၇
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော
    ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော
  • အယူမှားဘာသာကို ငြင်းပယ်လော့!
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၅/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ဘာသာတရားအားလုံး ကောင်းသလား။

ဘာသာတရား အတော်များများမှာ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရချင်တဲ့ စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေ ရှိကြပါတယ်။ အဲဒီလိုလူတွေကို ဘုရားသခင် တွေ့မြင်ပြီး သူတို့ကို ဂရုစိုက်ကြည့်နေပါတယ်။ ဒါပေမဲ့ လူတချို့ဟာ ဘာသာတရားကို ကိုယ်ကျိုးအတွက် အသုံးချနေတာက စိတ်မကောင်းစရာပါပဲ။ ဟိုးအရင်တုန်းက ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့ရန်ဘက်တွေကို နှိပ်စက်ညှဉ်းပန်းတာတွေတောင် လုပ်ခဲ့ကြတာ။ (၂ ကောရိန္သု ၄:၃၊ ၄။ ၁၁:၁၃-၁၅) ကနေ့ခေတ်မှာလည်း ဘာသာရေးခေါင်းဆောင်တချို့ဟာ အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုတာ၊ စစ်ပွဲတွေကို ထောက်ခံအားပေးတာ၊ ကလေးတွေကို မတော်မတရားပြုတာတွေကို သတင်းတွေမှာ ကြားသိနေရပါတယ်။—မဿဲ ၂၄:၃-၅၊ ၁၁၊ ၁၂ ကိုဖတ်ပါ။

ဘာသာရေးမှာ နှစ်မျိုးနှစ်စားပဲ ရှိတယ်ဆိုပြီး ကျမ်းစာက သွန်သင်ပါတယ်။ အဲဒါကတော့ စစ်မှန်တဲ့ ဘာသာတရားနဲ့ မှားယွင်းတဲ့ ဘာသာတရားဖြစ်တယ်။ မှားယွင်းတဲ့ ဘာသာတရားက ဘုရားသခင်နဲ့ပတ်သက်ပြီး အမှန်အတိုင်း မသွန်သင်ပေးပါဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က လူတွေကို သူနဲ့ပတ်သက်တဲ့ အမှန်တရား သိစေချင်တယ်။—၁ တိမောသေ ၂:၃-၅ ကိုဖတ်ပါ။

၂။ ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ။

ဘုရားသခင်ဟာ သူ့ကိုချစ်တယ်လို့ပြောပြီး သူ့အကြောင်း အမှန်အတိုင်း မသွန်သင်ပေးတဲ့ ဘာသာတရားတွေရဲ့ လှည့်စားမှုကနေ လူတွေကို လွတ်မြောက်စေချင်တယ်။ တကယ်ဆိုရင် အဲဒီလိုဘာသာတရားတွေရဲ့ နောက်လိုက်တွေဟာ စာတန်ချုပ်ကိုင်ထားတဲ့ ဒီလောကနဲ့မိတ်ဆွေဖြစ်ရတာကို နှစ်သက်ကြတယ်။ (ယာကုပ် ၄:၄။ ၁ ယောဟန် ၅:၁၉) ဘုရားသခင်နဲ့မဟုတ်ဘဲ လူ့အုပ်စိုးရှင်တွေနဲ့ ပနံသင့်နေတဲ့ ဘာသာတရားတွေဟာ ပြည့်တန်ဆာတစ်ယောက်နဲ့တူတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီပြည့်တန်ဆာကို “မဟာဗာဗုလုန်” လို့ ကျမ်းစာက နာမည်ပေးထားတယ်။ အကြောင်းကတော့ နောဧခေတ် ရေလွှမ်းမိုးဘေးပြီးတဲ့နောက်မှာ ဗာဗုလုန်ဆိုတဲ့ ရှေးခေတ်မြို့တစ်မြို့ကနေ မှားယွင်းတဲ့ဘာသာတရား စတင်ခဲ့လို့ပါပဲ။ မကြာခင်မှာ လူတွေကို လှည့်ဖြားပြီး ဖိနှိပ်နေတဲ့ ဘာသာတရားတွေကို ဘုရားသခင်က ရုတ်တရက် အဆုံးတိုင်စေတော့မှာဖြစ်တယ်။—ဗျာဒိတ် ၁၇:၁၊ ၂၊ ၅၊ ၁၇။ ၁၈:၈၊ ၂၃၊ ၂၄ ကိုဖတ်ပါ။

၃။ လူသားအားလုံး ဝမ်းမြောက်ရွှင်လန်းအောင် ဘုရားသခင် ဘယ်လို လုပ်ဆောင်ပေးမလဲ။

မကြာခင်မှာ မှားယွင်းတဲ့ ဘာသာတရားကို ဘုရားသခင် တရားစီရင်မယ့်သတင်းက ဝမ်းသာစရာပါပဲ။ ကမ္ဘာတစ်ဝန်းက ဖိနှိပ်ခံရတဲ့သူတွေအနေနဲ့ စိတ်သက်သာရာရတော့မှာ ဖြစ်ပါတယ်။ လူတွေကို လှည့်စားပြီး ကွဲပြားစေတဲ့ မှားယွင်းတဲ့ဘာသာတရားတွေ ရှိတော့မှာမဟုတ်ဘူး။ လူတွေဟာ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကို စည်းစည်းလုံးလုံး ဝတ်ပြုလာကြပါလိမ့်မယ်။—ဟေရှာယ ၁၁:၉။ ဗျာဒိတ် ၁၈:၂၀၊ ၂၁။ ၂၁:၃၊ ၄ တို့ကိုဖတ်ပါ။

၄။ စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေ ဘာလုပ်သင့်သလဲ။

ကမ္ဘာတစ်ဝန်းက မှားယွင်းတဲ့ ဘာသာတရားတွေမှာ ကွဲလွင့်နေတဲ့ စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေကို ယေဟောဝါ မေ့မထားပါဘူး။ သူတို့ကို အမှန်တရား သွန်သင်ပေးခြင်းအားဖြင့် တစ်စည်းတစ်လုံးတည်းဖြစ်အောင် စုစည်းနေပါတယ်။—မိက္ခာ ၄:၂၊ ၅ ကိုဖတ်ပါ။

ယေဟောဝါဟာ သူ့ကိုဝတ်ပြုချင်တဲ့သူတွေကို သူ့ရဲ့မိသားစုဝင်အဖြစ် လက်ခံကြိုဆိုပါတယ်။ ယေဟောဝါကို ကျွန်ုပ်တို့ ဝတ်ပြုတာကို ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက မကြိုက်ကြတဲ့အတွက် ဆုံးရှုံးမှုတွေရှိနိုင်ပေမဲ့ အစားပြန်ရပါတယ်။ အစားပြန်ရတာမှ အများကြီးပါပဲ။ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခွင့်၊ မေတ္တာပြည့်ဝတဲ့ “မိသားစု” အသစ်မှာ ပါဝင်ခွင့်ရမယ့်အပြင် ထာဝစဉ်အသက်ရှင်ခွင့်လည်း ရရှိမှာဖြစ်တယ်။—မာကု ၁၀:၂၉၊ ၃၀။ ၂ ကောရိန္သု ၆:၁၇၊ ၁၈ တို့ကို ဖတ်ပါ။

ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၅ နဲ့ ၁၆ မှာဖတ်ကြည့်ပါ။

[Picture Credit Line on page 16]

The Complete Encyclopedia of Illustration/​J. G. Heck

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ