ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၀/၁ စာ. ၃-၄
  • အကျင့်ပျက်ခြစားမှု—ဘယ်လောက်ထိ ပျံ့နှံ့နေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျင့်ပျက်ခြစားမှု—ဘယ်လောက်ထိ ပျံ့နှံ့နေသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရိတ္တပျက်ပြားမှု မရှိသည့် ကမ္ဘာဆိုင်ရာ ကတိတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အစိုးရရဲ့ အကျင့်ပျက်ခြစားမှု အဆုံးတိုင်သွားမလား
    ထပ်ဆင့် အကြောင်းအရာများ
  • အကျင့်ပျက်ခြစားမှု ပပျောက်တော့မယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၀/၁ စာ. ၃-၄

အကျင့်ပျက်ခြစားမှု—ဘယ်လောက်ထိ ပျံ့နှံ့နေသလဲ

“ကျွန်တော်တို့ကုမ္ပဏီက ဒေသန္တရ အာဏာပိုင်အဖွဲ့ကို ဝန်ဆောင်မှုပေးရပါတယ်။ ဝန်ဆောင်ခကိုတော့ နှစ်လ၊ သုံးလကြာမှ ရတတ်တယ်။ မကြာသေးခင်က ကျွန်တော့်ဆီကို အဲဒီအဖွဲ့ထဲက ဝန်ထမ်းတစ်ယောက် ဖုန်းဆက်လာတယ်။ သူ့ကို လက်ဖက်ရည်ဖိုးပေးရင် ဝန်ဆောင်ခ မြန်မြန်ရအောင် လုပ်ပေးမယ်လို့ ပြောတယ်။”—ဦးလှမြင့်။a

သင်ဟာ အကျင့်ပျက်ခြစားမှုရဲ့ သားကောင် ဖြစ်ခဲ့ဖူးပါသလား။ အထက်မှာ ဖော်ပြထားတဲ့ ဖြစ်ရပ်မျိုးကို သင် ကြုံချင်မှ ကြုံရပါလိမ့်မယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှုရဲ့ ဆိုးကျိုးကို တစ်နည်းနည်းနဲ့တော့ ခံစားရမှာ ကျိန်းသေတယ်။

အပြည်ပြည်ဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (TI) က ထုတ်ပြန်တဲ့ ၂၀၁၁၊ အကျင့်ပျက်ခြစားမှုဆိုင်ရာ ထင်မြင်ချက်အညွှန်းမှာ ဒီလို ဖော်ပြထားတယ်– အကျင့်ပျက်ခြစားမှု အမြင့်ဆုံးအဆင့်ကို သုညအဖြစ် သတ်မှတ်ပြီး အနိမ့်ဆုံးအဆင့်ကို တစ်ဆယ်အဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံပေါင်း ၁၈၃ နိုင်ငံကို စစ်ဆေးကြည့်တဲ့အခါ နိုင်ငံအများစုက အဆင့်ငါးအောက် ရောက်နေတာကို တွေ့ရှိရပါတယ်။ အကျင့်ပျက်ခြစားမှုက ကမ္ဘာအနှံ့ လှိုက်စားနေတာကို အဲဒီအဖွဲ့ရဲ့ ၂၀၀၉ နှစ်ပတ်လည်မှတ်တမ်းမှာ ဒီလိုဖော်ပြထားတယ်– “အကျင့်ပျက်ခြစားမှု ကင်းစင်တဲ့နေရာဆိုလို့ ဘယ်နေရာမှာမှ မရှိတော့ဘူးဆိုတာ ထင်ရှားတယ်။”

“အကျင့်ပျက်ခြစားမှုဆိုတာ ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားခြင်းဖြစ်တယ်။ အဲဒီအကျင့်ဟာ အခွင့်အာဏာရှိသူတွေရဲ့ သမာဓိအပေါ် မူတည်နေတဲ့ လူတွေရဲ့ ဘဝ၊ အလုပ်အကိုင် ဒါမှမဟုတ် ပျော်ရွှင်မှုကို ထိခိုက်စေပါတယ်။”—အပြည်ပြည်ဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့

အကျင့်ပျက်ခြစားမှုတွေကြောင့် ဆိုးကျိုးတွေ ပေါ်လာနိုင်ပါတယ်။ ဥပမာ၊ ၂၀၁၀၊ ဟေတီနိုင်ငံမှာ ငလျင်အကြီးအကျယ် လှုပ်သွားတုန်းက လူအမြောက်အမြား သေဆုံးသွားတယ်၊ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ “အကျင့်ပျက်ခြစားမှုနဲ့ ပေါ့ဆမှု”တွေလည်း ပါဝင်တယ်လို့ တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ အဲဒီမဂ္ဂဇင်းမှာ ဒီလိုလည်း ဆက်ဖော်ပြထားတယ်– “တိုက်တွေ ဆောက်တဲ့အခါ အင်ဂျင်နီယာတွေရဲ့ အကြံပြုချက်တွေ၊ ခွင့်ပြုချက်တွေ မယူဘဲ အစိုးရဘက်က စစ်ဆေးရေးအဖွဲ့ဝင်တွေကို လာဘ်ထိုးလိုက်ပြီး ကိုယ့်သဘောနဲ့ကိုယ် ကြိုက်သလို ဆောက်ကြတယ်။”

အကျင့်ပျက်ခြစားမှု လုံးဝ ပပျောက်သွားအောင် လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီမေးခွန်းရဲ့ အဖြေကို သိဖို့ဆိုရင် အကျင့်ပျက်ခြစားရတဲ့ အခြေခံအကြောင်းရင်းတွေကို နားလည်ထားဖို့ လိုအပ်တယ်။ ဒါကို နောက်ဆောင်းပါးမှာ သုံးသပ်ကြပါမယ်။

a နာမည် ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ