နမူနာတင်ဆက်နည်းများ
အောက်တိုဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ဖို့ ခုလိုပြောနိုင်တယ်
“တစ်နေ့ကျရင် ဘုရားသခင်က လူတိုင်းကို သူတို့ရဲ့လုပ်ရပ်တွေအပေါ်မူတည်ပြီး တရားစီရင်မယ်လို့ လူတော်တော်များများ ယုံကြည်ကြတယ်။ တရားဆုံးဖြတ်ရာနေ့ဆိုတာ မျှော်လင့်စရာအချိန်ဖြစ်မလား၊ ကြောက်စရာကောင်းတဲ့အချိန်ဖြစ်မလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမှာ ဘာပြောသလဲဆိုတာ သတိပြုကြည့်ပါ။” အိမ်ရှင်ကို စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ပေးပြီး စာမျက်နှာ ၁၆၊ ပထမခေါင်းစဉ်ငယ်အောက်က အကြောင်းအရာကို အတူတကွသုံးသပ်ပါ။ အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပါ၊ ပြန်သွားပြီး နောက်မေးခွန်းတစ်ခုကိုဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် စက်တင်ဘာ ၁
“ကမ္ဘာ့ဒေသအတော်များများမှာ အမျိုးသမီးတွေဟာ အနှိမ်ခံရ၊ မတော်မတရား ဆက်ဆံခံနေရတယ်။ ဝမ်းနည်းစရာက ဘာသာရေးယုံကြည်ချက်တွေက အဲဒီအမြင်ကို အားပေးကြတယ်။ မိတ်ဆွေ ဘယ်လိုထင်ပါသလဲ၊ ဘုရားသခင်က အမျိုးသမီးတွေကို တကယ်ပဲဂရုစိုက်ရဲ့လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဇနီးသည်တွေကို ပြုမူဆက်ဆံသင့်ပုံနဲ့ပတ်သက်ပြီး ကျမ်းစာက ခင်ပွန်းသည်တွေကို ခုလိုညွှန်ကြားထားတယ်။ [ဧဖက် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။] အမျိုးသမီးတွေကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာဖော်ပြချက်ကို ဒီမဂ္ဂဇင်းက ဖော်ပြပေးတယ်။”
နိုးလော့! စက်တင်ဘာ
“နျူကလီးယားစစ် ဒါမှမဟုတ် ဂြိုဟ်သိမ်ဂြိုဟ်မွှားတိုက်မိခြင်း၊ ကမ္ဘာချီရာသီဥတုပြောင်းလဲခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ကမ္ဘာပေါ်ကသက်ရှိအားလုံး တစ်နေ့နေ့မှာ ကွယ်ပျောက်သွားမယ်လို့ လူအများပြောတတ်ကြတယ်။ ကမ္ဘာပျက်မယ်ဆိုတဲ့ အဲဒီထင်ကြေးတွေ တကယ်ဖြစ်လာမလား ဒါမှမဟုတ် ဒါတွေက စိတ်ကူးယဉ်သက်သက်ပဲလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက စိတ်သက်သာမှုရစေတဲ့ ဒီကတိကို ပေးထားတယ်။ [ဆာလံ ၃၇:၂၉ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ကမ္ဘာပျက်မယ်လို့ပြောတတ်ကြတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတချို့အပြင် အနာဂတ်မှာဖြစ်လာမယ့် ကျိုးကြောင်းခိုင်လုံတဲ့ကျမ်းစာဖော်ပြချက်တွေကိုလည်း ဆန်းစစ်တင်ပြထားတယ်။”