ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၃/၁ စာ. ၈
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့အလောင်းကို ပြင်ဆင်ပြီးသင်္ဂြိုဟ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သောကြာနေ့တွင်သင်္ဂြိုဟ်ခံရ၊ တနင်္ဂနွေနေ့တွင် ဟင်းလင်းဖြစ်သော သင်္ချိုင်းဂူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သောကြာနေ့တွင်သင်္ဂြိုဟ်ခံရ၊ တနင်္ဂနွေနေ့တွင် ဟင်းလင်းဖြစ်သော သင်္ချိုင်းဂူ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၃/၁ စာ. ၈

သင် သိပါသလား

ပထမရာစုက ဂျူးတွေဟာ လူသေတွေကို မသင်္ဂြိုဟ်ခင် ဘယ်လိုပြင်ဆင်သလဲ။

ဂျူးတွေဟာ အများအားဖြင့် လူသေတွေကို သေတဲ့နေ့မှာပဲ မြန်မြန် သင်္ဂြိုဟ်လိုက်ကြတယ်။ အဲဒီလိုမြန်မြန် သင်္ဂြိုဟ်လိုက်ရတဲ့ အကြောင်းရင်းနှစ်ခု ရှိပါတယ်။ ပထမ၊ အရှေ့အလယ်ပိုင်းရဲ့ ပူပြင်းတဲ့ရာသီဥတုမှာ လူသေအလောင်းတွေ မြန်မြန် ပုပ်ပျက်သွားတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒုတိယ၊ လူသေကို ရက်အတော်ကြာ မသင်္ဂြိုဟ်ဘဲထားတာက သေဆုံးသွားသူနဲ့ ကျန်ရစ်တဲ့ မိသားစုကို မလေးမစားပြုရာကျတယ်ဆိုတဲ့ အဲဒီခေတ်အခါက အတွေးအခေါ်ကြောင့်ဖြစ်တယ်။

လူသေတွေကို သေတဲ့နေ့မှာပဲ သင်္ဂြိုဟ်လိုက်တဲ့အဖြစ်အပျက် လေးခုကို ခရစ်ဝင်ကျမ်းတွေနဲ့ တမန်တော်ကျမ်းမှာ မှတ်တမ်းတင်ထားတယ်။ (မဿဲ ၂၇:၅၇-၆၀; တမန်တော် ၅:၅-၁၀; ၇:၆၀-၈:၂) လွန်ခဲ့တဲ့ ရာစုနှစ်များစွာက ယာကုပ်နဲ့ သူ့မိသားစု ခရီးသွားနေတုန်း ယာကုပ်ရဲ့ချစ်ဇနီး ရာခေလ သေဆုံးသွားတယ်။ ရာခေလရဲ့ သက်မဲ့ကိုယ်ခန္ဓာကို မိသားစုသင်္ချိုင်းဆီ ယူဆောင်သွားမယ့်အစား ဘက်သလီဟင်မြို့ကို သွားတဲ့လမ်းမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်။—ကမ္ဘာဦး ၃၅:၁၉၊ ၂၀၊ ၂၇-၂၉။

ဈာပနအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဂျူးတွေဟာ လူသေတွေကို မသင်္ဂြိုဟ်ခင် အသေအချာ ပြင်ဆင်ခဲ့ကြတယ်လို့ ကျမ်းစာမှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပေးတယ်၊ အမွှေးအကြိုင်တွေ၊ ဆီမွှေးတွေနဲ့ လိမ်းကျံပေးတယ်၊ အဲဒီနောက် ပိတ်စနဲ့ ရစ်ပတ်လိုက်တယ်။ (ယောဟန် ၁၉:၃၉၊ ၄၀; တမန်တော် ၉:၃၆-၄၁) အိမ်နီးချင်းတွေနဲ့ တခြားသူတွေဟာ ကျန်ရစ်သူမိသားစုဆီလာပြီး ဝမ်းနည်းကြောင်း ဖော်ပြတဲ့အပြင် နှစ်သိမ့်ပေးကြတယ်။—မာကု ၅:၃၈၊ ၃၉။

ယေရှုကို ဂျူးထုံးစံနဲ့ သင်္ဂြိုဟ်ခဲ့တာလား။

ဂျူးမိသားစု တော်တော်များများဟာ ကွယ်လွန်သူတွေကို အစ္စရေးနိုင်ငံ နေရာအနှံ့မှာရှိတဲ့ လိုဏ်ဂူတွေနဲ့ ကျောက်ဆောင်တွေကို ထွင်းထုထားတဲ့ သင်္ချိုင်းဂူတွေထဲမှာ သင်္ဂြိုဟ်ကြပါတယ်။ အဲဒါက ဘိုးဘေးတွေ လုပ်ခဲ့တဲ့အတိုင်း လိုက်လုပ်ခြင်းဖြစ်တယ်။ အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ယာကုပ်နဲ့ တခြားသူတွေကို ဟေဗြုန်မြို့အနားမှာရှိတဲ့ မပ္ပေလမြေကွက်က ဂူထဲမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။—ကမ္ဘာဦး ၂၃:၁၉; ၂၅:၈၊ ၉; ၄၉:၂၉-၃၁; ၅၀:၁၃။

ကျောက်ဆောင်ကို ထွင်းထုထားတဲ့ သင်္ချိုင်းဂူတစ်ခုမှာ ယေရှုကို သင်္ဂြိုဟ်ခဲ့ပါတယ်။ (မာကု ၁၅:၄၆) အဲဒီလိုဂူတွေရဲ့ ဝင်ပေါက်က အများအားဖြင့် ကျဉ်းကျဉ်းလေးဖြစ်တယ်။ ကျောက်ဂူရဲ့အထဲမှာတော့ ကျောက်သားထဲကို ထွင်းဖောက်ထားတဲ့ နံရံကလိုင်ပေါက်တွေ အတော်များများ ရှိနေပါတယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေရဲ့ အလောင်းတွေကို အဲဒီနေရာတွေမှာ ထားရှိပါတယ်။ အသားတွေ ပုပ်ပျက်သွားပြီးတဲ့နောက် ကျန်ရစ်တဲ့ အရိုးစုကို ယေရှုခေတ်က ဓလေ့ထုံးစံအတိုင်း အရိုးသေတ္တာလို့ခေါ်တဲ့ ကျောက်သေတ္တာထဲမှာ ထည့်လိုက်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် နောက်ထပ်သင်္ဂြိုဟ်ဖို့အတွက် နေရာရရှိမှာဖြစ်တယ်။

မောရှေပညတ်အရ ဥပုသ်နေ့က အနားယူရာနေ့ဖြစ်တဲ့အတွက် အဲဒီနေ့မှာ ဈာပနအတွက် ပြင်ဆင်တာကို တားမြစ်ပါတယ်။ ယေရှုဟာ ဥပုသ်မဝင်ခင် သုံးနာရီအလိုမှာ သေဆုံးခဲ့တာကြောင့် အရိမသဲမြို့သား ယောသပ်နဲ့ တခြားသူတွေက ယေရှုရဲ့အလောင်းကို ကောင်းကောင်း မပြင်ဆင်ဘဲ သင်္ဂြိုဟ်လိုက်ကြတယ်။ (လုကာ ၂၃:၅၀-၅၆) ဒါကြောင့် မိတ်ဆွေတချို့က ယေရှုရဲ့အလောင်းကို ကောင်းကောင်း ပြန်ပြင်ဆင်နိုင်ဖို့ ဥပုသ်နေ့လွန်ပြီးတဲ့နောက်မှာ သင်္ချိုင်းကိုသွားခဲ့ခြင်းဖြစ်တယ်။—မာကု ၁၆:၁; လုကာ ၂၄:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ