ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၂/၁ စာ. ၅-၇
  • စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောက်ဆုံးနေ့ရက်တွေရဲ့ နိမိတ်
  • မာရ်နတ်ရဲ့ အမှုအရာများကို ချိုးဖျက်
  • မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ပြည့်စုံကြောင်း သင်တွေ့မြင်ခဲ့သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်တစ်ခု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၂/၁ စာ. ၅-၇

မျက်နှာဖုံးဆောင်းပါး | ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ စစ်ပွဲ

စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ

၁၉၁၈၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပထမကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတယ်။ လူတွေဟာ ပျော်လွန်းလို့ ရုံးတွေ၊ အလုပ်တွေပိတ်ပြီး လမ်းပေါ်မှာ ကခုန်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်မှုက ကြာကြာမခံလိုက်ပါဘူး။ သိပ်မကြာခင်မှာပဲ စက်သေနတ်ထက် ပိုဆိုးတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပြန်တယ်။

၁၉၁၈၊ ဇွန်လမှာ ပြင်သစ်စစ်မြေပြင်မှာရှိနေကြတဲ့ စစ်သားတွေဟာ စပိန်တုပ်ကွေးလို့ လူသိများတဲ့ ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီရောဂါပိုးဟာ ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ အချိန်တိုအတွင်း ထင်ရှားလာတယ်။ ဒီရောဂါပိုးကြောင့် လအနည်းငယ်အတွင်းမှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေဟာ စစ်ပွဲမှာသေတဲ့ စစ်သားအရေအတွက်ထက် ပိုများတယ်။ စစ်ကြီးပြီးလို့ အမိနိုင်ငံအသီးသီးကို ပြန်သွားကြတဲ့ စစ်သားတွေနဲ့အတူ ဒီရောဂါပိုး ပါသွားပြီး တုပ်ကွေးရောဂါဟာ ကမ္ဘာတစ်ခုလုံးကို တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတော့တယ်။

စစ်ပြီးနောက်ပိုင်းမှာလည်း ငတ်ပြတ်မှုနဲ့ စီးပွားရေး ချွတ်ခြုံကျမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ စစ်ကြီးပြီးသွားတဲ့ ၁၉၁၈ ခုနှစ်နောက်ပိုင်း ဥရောပတိုက်မှာရှိတဲ့ နိုင်ငံအများစုဟာ ငတ်ပြတ်မှုဒဏ်ကို အလူးအလိမ့် ခံစားခဲ့ရတယ်။ ၁၉၂၃ ခုနှစ်မှာ ဂျာမန်ငွေကြေးဟာ လုံးဝတန်ဖိုးမရှိတော့ဘူး။ ခြောက်နှစ်အကြာမှာ ကမ္ဘာတစ်ခုလုံး စီးပွားရေး ကပ်ဆိုက်ခဲ့တယ်။ နောက်ဆုံး ၁၉၃၉ ခုနှစ်မှာ ပထမကမ္ဘာစစ်ရဲ့ နောက်ဆက်တွဲလို့ ပြောနိုင်တဲ့ ဒုတိယကမ္ဘာစစ် ဖြစ်လာပါတော့တယ်။ ဒီလိုဆက်တိုက်ဖြစ်နေတဲ့ ကပ်ဘေးတွေရဲ့ နောက်ကွယ်မှာ ဘာအကြောင်းရင်းတွေ ရှိနေသလဲ။

နောက်ဆုံးနေ့ရက်တွေရဲ့ နိမိတ်

သမိုင်းဝင်ဖြစ်ရပ်တွေရဲ့ နောက်ကွယ် အထူးသဖြင့် ပထမကမ္ဘာစစ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကို ကျမ်းစာကြိုဟောချက်တွေကနေ ကျွန်ုပ်တို့ သိရှိရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ လူတစ်မျိုးနဲ့တစ်မျိုး တိုက်ခိုက်ကြမယ်၊ အစာခေါင်းပါးမယ်၊ ကပ်ရောဂါတွေများပြားမယ်လို့ ယေရှုခရစ် ကြိုဟောခဲ့တယ်။ (မဿဲ ၂၄:၃၊ ၇; လုကာ ၂၁:၁၀၊ ၁၁) ဒီအဖြစ်ဆိုးတွေဟာ နောက်ဆုံးသောနေ့ရက်တွေရဲ့ နိမိတ်ဖြစ်တယ်လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။ ဗျာဒိတ်ကျမ်းမှာ အဲဒါနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားပါတယ်။ အဲဒီကျမ်းမှာ မြေကြီးပေါ်က အဖြစ်ဆိုးတွေကို ကောင်းကင်ဘုံစစ်ပွဲနဲ့ ဆက်စပ်ဖော်ပြထားပါတယ်။—“မြေကြီးစစ်ပွဲနဲ့ ကောင်းကင်ဘုံစစ်ပွဲ” လေးထောင့်ကွက်ကို ကြည့်ပါ။

ဗျာဒိတ်ကျမ်းမှာ မြင်းစီးသူရဲလေးယောက်အကြောင်း ဖော်ပြထားတယ်။ အဲဒီထဲက သုံးယောက်ဟာ ယေရှုကြိုပြောထားတဲ့ စစ်၊ အစာခေါင်းပါးမှုနဲ့ ကပ်ရောဂါတွေကို တင်စားတယ်။ (“မြင်းစီးသူရဲလေးယောက်ဟာ မြင်းတွေကို တကယ်ပဲ ဒုန်းစိုင်းစီးနေပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။) ပထမကမ္ဘာစစ်ကနေစပြီး ကပ်ဘေးတွေဟာ ဆက်တိုက်ဖြစ်လာတယ်။ ဒီကပ်ဘေးအားလုံးရဲ့ နောက်ကွယ်က တရားခံဟာ စာတန်မာရ်နတ်ဖြစ်တယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ယောဟန် ၅:၁၉) သူ့ရဲ့သြဇာအာဏာဟာ တစ်ချိန်ချိန်မှာ အဆုံးတိုင်မလား။

မာရ်နတ်မှာ အချိန်နည်းနည်းပဲရှိတော့တယ်လို့ ဗျာဒိတ်ကျမ်းက ဖော်ပြထားပါတယ်။ (ဗျာဒိတ် ၁၂:၁၂) ဒါကြောင့်လည်း သူဟာ ဒေါသတကြီးနဲ့ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေများအောင် လုပ်ဆောင်နေတာဖြစ်တယ်။ တစ်ဖက်ကပြန်ကြည့်ရင် ဆင်းရဲဒုက္ခတွေ များလာတာနဲ့အမျှ မာရ်နတ်အချိန်လည်း လျော့သည်ထက်လျော့လာပြီဆိုတာ ကျွန်ုပ်တို့ သိနိုင်တယ်။

မာရ်နတ်ရဲ့ အမှုအရာများကို ချိုးဖျက်

ပထမကမ္ဘာစစ်ဟာ လူ့သမိုင်းရဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။ အဲဒီနောက်ပိုင်းကစပြီး ပြင်းထန်တဲ့စစ်ပွဲတွေ၊ တော်လှန်ပုန်ကန်မှုတွေ၊ လူ့ခေါင်းဆောင်တွေကို မယုံကြည်မှုတွေ ဖြစ်ပွားလာခဲ့တယ်။ ပထမကမ္ဘာစစ်ဟာ ကောင်းကင်ကနေ စာတန်မာရ်နတ် နှင်ချခံလိုက်ရပြီဆိုတဲ့ သိသာထင်ရှားတဲ့ အထောက်အထားလည်းဖြစ်တယ်။ (ဗျာဒိတ် ၁၂:၉) ဒီလောကရဲ့ မမြင်ရတဲ့ အုပ်စိုးရှင် မာရ်နတ်ဟာ အချိန်ခဏပဲရှိတော့တယ်ဆိုတာ သိထားတဲ့အတွက် ရက်စက်တဲ့ အာဏာရှင်တစ်ယောက်လို လူတွေကို ဒေါသတကြီး ဒုက္ခပေးနေပါတယ်။ မာရ်နတ်ရဲ့အုပ်စိုးချိန် ကုန်ဆုံးသွားတဲ့အခါ ပထမကမ္ဘာစစ်ကနေ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ဆင်းရဲဒုက္ခအားလုံးလည်း ပျောက်ဆုံးသွားပါလိမ့်မယ်။

သမ္မာကျမ်းစာရဲ့ ကြိုဟောချက်တွေကို သုံးသပ်ကြည့်တဲ့အခါ ဘုရားသခင့်နိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်ဟာ မကြာခင် “မာရ်နတ်၏အမှုအရာများကို ချိုးဖျက်ပစ်” မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (၁ ယောဟန် ၃:၈) လူသန်းပေါင်းများစွာက ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ ဆုတောင်းနေကြပါတယ်။ အဲဒီထဲမှာ သင်ကောပါသလား။ ကမ္ဘာပေါ်မှာ စာတန်ရဲ့ ခြယ်လှယ်မှုတွေ ပပျောက်ပြီး ဘုရားသခင် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးပါလိမ့်မယ်။ ဘုရားအပေါ်သစ္စာရှိသူတွေ ဒါကို မြင်တွေ့ခွင့်ရပါလိမ့်မယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ကမ္ဘာစစ်ဆိုတာမပြောနဲ့ စစ်ပွဲဆိုတာတောင် ရှိတော့မှာမဟုတ်ဘူး။ (ဆာလံ ၄၆:၉) ဘုရားသခင့်နိုင်ငံတော်က လုပ်ပေးမယ့် ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာပေါ်မှာ သင် အသက်ရှင်နေထိုင်ချင်ပါသလား။ နေချင်တယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်အကြောင်း လေ့လာသင်ယူပါ။—ဟေရှာယ ၉:၆၊ ၇။

မြေကြီးစစ်ပွဲနဲ့ ကောင်းကင်ဘုံစစ်ပွဲ

ပထမကမ္ဘာစစ်မဖြစ်ခင် နှစ်ပေါင်း ၁,၉၀၀ လောက်တုန်းက ယေရှုကို “လောကတိုင်းနိုင်ငံရှိသမျှ” ပေးမယ်ဆိုပြီး စာတန်မာရ်နတ် ကမ်းလှမ်းခဲ့တယ်။ (မဿဲ ၄:၈၊ ၉) ဒီသွေးဆောင်မှုကို ယေရှု ငြင်းပယ်ခဲ့ပေမဲ့ အဲဒီတိုင်းနိုင်ငံတွေကို စာတန်မာရ်နတ် မပိုင်ဘူးလို့ ယေရှု မပြောခဲ့ဘူး။ နောက်ပိုင်းမှာ ကိုယ်တော်က မာရ်နတ်ကို “ဤလောကကို အစိုးရသောမင်း” လို့ခေါ်ခဲ့တယ်။ (ယောဟန် ၁၄:၃၀) ကျမ်းရေးသူ ယောဟန်ကလည်း “တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်” မှာရှိနေတယ်လို့ ရေးသားခဲ့တယ်။—၁ ယောဟန် ၅:၁၉။

စာတန်မာရ်နတ်ဟာ ဒီကမ္ဘာလောကအပေါ် တော်တော်လေး လွှမ်းမိုးခြယ်လှယ်နေပါတယ်။ ဒါကြောင့် ဒီကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့ ပထမကမ္ဘာစစ်နဲ့ နောက်ဆက်တွဲ ဒုက္ခတွေဟာ သူ့ကြောင့်ဖြစ်လာတယ်လို့ ကောက်ချက်ချတာက ယုတ္တိရှိတယ်မဟုတ်လား။ ၁၉၁၄ ခုနှစ်ကစပြီး ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဒုက္ခပြဿနာတွေဟာ စာတန်ကြောင့်ဖြစ်တယ်လို့ ဗျာဒိတ်ကျမ်းမှာလည်း ညွှန်ပြထားတယ်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ မှာပါတဲ့ အဖြစ်အပျက်တွေရဲ့ အကျဉ်းချုပ်ကို ဘေးမှာ ဖော်ပြထားပါတယ်။

  • အခန်းငယ် ၇– ကောင်းကင်ဘုံမှာ မိက္ခေလ (ယေရှုခရစ်) နဲ့ နဂါး (စာတန်မာရ်နတ်) တို့ စစ်ဖြစ်တယ်။

  • အခန်းငယ် ၉– “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ” မာရ်နတ်ဟာ မြေကြီးပေါ်ကို ပစ်ချခံရတယ်။

  • အခန်းငယ် ၁၂– “မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။”

၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော်ဟာ ကောင်းကင်ဘုံမှာ တည်ထောင်ခဲ့တယ်။ အဲဒီနောက် ကောင်းကင်ဘုံမှာ စစ်ဖြစ်ခဲ့တယ်။ ဒါကို ကျမ်းစာမှာဖော်ပြထားတဲ့ ခုနှစ်သက္ကရာဇ်တွေနဲ့ ကမ္ဘာ့ အဖြစ်အပျက်တွေကနေ သိရှိနိုင်ပါတယ်။a ဒီအရေးပါတဲ့ ၁၉၁၄ ခုနှစ်မှာပဲ မြေကြီးမှာရော ကောင်းကင်ဘုံမှာပါ စစ်ဖြစ်ပွားခဲ့ပါတယ်။

a ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၈ ကိုဖတ်ကြည့်ပါ။

မြင်းစီးသူရဲ လေးယောက်ဟာ မြင်းတွေကို တကယ်ပဲ ဒုန်းစိုင်းစီးနေပြီလား

မြင်းဖြူစီးနေတဲ့ ကောင်းကင်ရှင်ဘုရင်

မြင်းဖြူကို စီးနေသူဟာ ကောင်းကင်ရှင်ဘုရင်ဖြစ်။ ကောင်းကင်ဘုရင်ယေရှုခရစ်က ဖြောင့်မတ်ခြင်းအတွက် စီးနင်းတိုက်ခိုက်နေတယ်။ (ဆာလံ ၄၅:၄) ကိုယ်တော်ရဲ့ ဦးဆုံးလုပ်ဆောင်မှုကတော့ စာတန်နဲ့ သူ့နောက်လိုက် နတ်ဆိုးတွေကို ကောင်းကင်ဘုံကနေ နှင်ချခဲ့တာဖြစ်တယ်။—ဗျာဒိတ် ၆:၂; ၁၂:၉။

မြင်းနီနဲ့ စစ်မြေပြင်က စစ်သားတွေ

မြင်းနီကို စီးနေသူဟာ “မြေကြီးပေါ်မှာ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့်” ရထား။ (ဗျာဒိတ် ၆:၄) ၁၉၁၄ ခုနှစ်ကနေစပြီး လူ့သမိုင်းတစ်လျှောက်မှာ စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်။ ပထမကမ္ဘာစစ်ဖြစ်ပြီး ၂၁ နှစ်အကြာမှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ပထမကမ္ဘာစစ်ထက် ပိုများတယ်။ ခန့်မှန်းချက်တစ်ခုအရ သန်း ၆၀ လောက်ရှိတယ်။ ၁၉၄၅ ခုနှစ်ကနေစပြီး စစ်ပွဲတွေဟာ နေရာကွက်ကြားပဲဖြစ်တော့ပေမဲ့ ရက်စက်ကြမ်းတမ်းနေဆဲပါပဲ။ ၂၀ ရာစုအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် သေဆုံးသူ သန်းတစ်ရာကျော် ရှိနိုင်တယ်လို့ သမိုင်းပညာရှင်တွေ ခန့်မှန်းကြတယ်။

မြင်းနက်နဲ့ ငတ်ပြတ်နေတဲ့ ကလေးတွေ

မြင်းနက်ကို စီးနေသူဟာ အစာခေါင်းပါးခြင်းကို ပုံဖော်ဖို့ ချိန်ခွင်ကို ကိုင်ထား။ (ဗျာဒိတ် ၆:၅၊ ၆) ပထမကမ္ဘာစစ်အတွင်း မဟာမိတ်နိုင်ငံတွေရဲ့ ဝိုင်းရံပိတ်ဆို့ မှုကြောင့် ဂျာမနီနိုင်ငံမှာ လူပေါင်း ၇၅၀,၀၀၀ လောက်က အစာငတ်ပြီး သေခဲ့တယ်။ ရုရှားနိုင်ငံမှာ ၁၉၂၁ ခုနှစ်က ငတ်ပြတ်ပြီးသေဆုံးခဲ့သူ အရေအတွက် နှစ်သန်းကျော်ရှိတယ်။ မကြာခင်မှာပဲ အလားတူဖြစ်ရပ်တွေဟာ တခြားနေရာတွေမှာလည်း ဖြစ်ပွားခဲ့တယ်။ ၂၀ ရာစုအတွင်းမှာ အစာခေါင်းပါးမှုကြောင့် သေဆုံးသူ စုစုပေါင်း သန်း ၇၀ ရှိတယ်လို့ ခန့်မှန်းကြတယ်။ အာဟာရချို့တဲ့မှုကြောင့် ငါးနှစ်အောက်ကလေး သုံးသန်းကျော်ဟာလည်း နှစ်စဉ် သေဆုံးနေတယ်။

မြင်းမွဲနဲ့ ရောဂါသည်တွေ

မြင်းမွဲကို စီးနေသူဟာ ကပ်ရောဂါဘေးကြောင့်ဖြစ်တဲ့ သေခြင်းကို သယ်ဆောင်လာ။ (ဗျာဒိတ် ၆:၈) ၂၀ ရာစုရဲ့ ဦးဆုံးကပ်ဘေးဆိုးကြီးကတော့ စပိန်တုပ်ကွေးရောဂါဖြစ်တယ်။ အဲဒီတုပ်ကွေးကြောင့် သေဆုံးခဲ့သူအရေအတွက်ကို အမျိုးမျိုးခန့်မှန်းကြတယ်။ ခန့်မှန်းချက်တစ်ခုအရ လူသန်း ၅၀ လောက် သေဆုံးခဲ့ရတယ်။ “စပိန်တုပ်ကွေးဟာ သမိုင်းတစ်လျှောက်မှာ အဆိုးဆုံး ကပ်ရောဂါဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (Man and Microbes) ကဖော်ပြတယ်။ အဲဒီအချိန် မတိုင်ခင်က ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါဆိုးတွေကြောင့်တောင် အဲဒီလောက်ထိ မြန်မြန်ဆန်ဆန်နဲ့ လူအများကြီး မသေဆုံးခဲ့ဖူးဘူး။ ရေကျောက်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါတွေဟာလည်း ၂၀ ရာစုအတွင်းမှာ သန်းပေါင်းမြောက်မြားစွာရဲ့အသက်ကို ချွေယူခဲ့တဲ့ ကူးစက်ရောဂါတွေဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ