ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၂/၁ စာ. ၁၅
  • ခရစ္စမတ်ထုံးစံတွေနဲ့ပတ်သက်ပြီး ဘာမှားနေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ်ထုံးစံတွေနဲ့ပတ်သက်ပြီး ဘာမှားနေသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်နှင့်ပတ်သက်သော အမှန်တရား
    နိုးလော့!—၂၀၁၀
  • ခရစ္စမတ်—အရှေ့တိုင်း၌ပင် အဘယ်ကြောင့်ကျင်းပကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခရစ္စမတ်—လောကပွဲနေ့လော ဘာသာရေးဆိုင်ရာ သန့်ရှင်းသောနေ့လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၂/၁ စာ. ၁၅

စာရှုသူများအမေး

ခရစ္စမတ်ထုံးစံတွေနဲ့ပတ်သက်ပြီး ဘာမှားနေသလဲ

ခရစ္စမတ်ပွဲဟာ ယေရှုမွေးနေ့ကိုကျင်းပတဲ့ မိရိုးဖလာ ခရစ်ယာန်ပွဲတစ်ခုဖြစ်ခဲ့တာ ကြာပြီ။ ဒါပေမဲ့ ခရစ္စမတ်ပွဲ ဓလေ့ထုံးစံအများစုဟာ ယေရှုမွေးနေ့နဲ့ ဘယ်လို စတင်ဆက်နွှယ်လာသလဲဆိုတာကို သုံးသပ်ကြည့်ဖို့လိုပါတယ်။

စဲန်တာကလော့ခေါ် ခရစ္စမတ်ဘိုးဘိုးကြီးအကြောင်း သုံးသပ်ကြည့်ပါ။ ၁၉၃၁ ခုနှစ် ခရစ္စမတ်ရာသီမှာ မြောက်အမေရိကတိုက်က အချိုရည်ကုမ္ပဏီရဲ့ကြော်ငြာပေါ်မှာ မုတ်ဆိတ်အဖြူရောင်၊ ပါးပြင်ရဲရဲ၊ အနီရောင်ဝတ်စုံနဲ့ ပျော်မြူးနေတဲ့အဘိုးကြီးပုံ ပါလာတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဘရာဇီးနိုင်ငံသားတချို့က စဲန်တာကလော့ပုံနေရာမှာ နာမည်ကျော် အိန္ဒိယအဘိုးအိုပုံနဲ့ အစားထိုးဖို့ ကြိုးစားခဲ့တယ်။ ဒီတော့ ဘာဖြစ်ခဲ့သလဲ။ စဲန်တာကလော့ပုံက အိန္ဒိယအဘိုးအိုပုံကို အပြတ်အသတ်အနိုင်ယူခဲ့ရုံသာမက “ကလေးငယ်ယေရှုပုံကိုပါ အနိုင်ယူလိုက်ပြီး ဒီဇင်ဘာ ၂၅ ရက်မှာကျင်းပတဲ့ပွဲနေ့ရဲ့ တရားဝင်အထိမ်းအမှတ်ဖြစ်လာ” တယ်လို့ ပါမောက္ခ ကာလော့စ် အီး ဖန်တနာတေ ပြောတယ်။ ဒါပေမဲ့ ခရစ္စမတ်ထုံးစံတွေထဲမှာ စဲန်တာကလော့တစ်ခုပဲ မှားနေတာလား။ အဖြေသိရအောင် အစောပိုင်းခရစ်ယာန်အချိန်ကို သုံးသပ်ကြည့်ကြစို့။

ပခုံးပေါ်မှာ အထုတ်ကြီးတစ်ထုတ်ထမ်းထားတဲ့ စဲန်တာကလော့

“ခရစ်ယာန်ဘာသာသမိုင်းကြောင်းရဲ့ အစောပိုင်းရာစုနှစ် ၂ ခုအတွင်းမှာ အာဇာနည်တွေရဲ့မွေးနေ့၊ ယေရှုရဲ့မွေးနေ့ ကျင်းပတာကို အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်” လို့ Encyclopedia Britannica မှာဖော်ပြထားတယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်တွေဟာ မွေးနေ့ပွဲကျင်းပတာကို အယူမှားထုံးစံလို့ ယူမှတ်တဲ့အတွက် လုံးဝရှောင်ခဲ့ကြတယ်။ ကျမ်းစာထဲမှာလည်း ယေရှုရဲ့မွေးနေ့ကို မဖော်ပြထားဘူး။

မွေးနေ့ပွဲကျင်းပတာကို အစောပိုင်းခရစ်ယာန်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပေမဲ့ ကက်သလစ်ချာ့ချ်က စီးအီး ၄ ရာစုမှာ ခရစ္စမတ်ပွဲကို စတင်ကျင်းပခဲ့တယ်။ ကက်သလစ်ချာ့ချ်က မိမိရဲ့ ဩဇာအာဏာချဲ့ထွင်ရေးမှာ အဓိကအတားအဆီးတစ်ခုကို ဖယ်ရှားပစ်ချင်တယ်။ အဲဒါကတော့ ရောမတို့ရဲ့ လူကြိုက်များတဲ့ အယူမှားဘာသာရေးပွဲနဲ့ ဆောင်းယဉ်စွန်းတန်းပွဲတို့ ဖြစ်တယ်။ နှစ်တိုင်း ဒီဇင်ဘာ ၁၇ ကနေ ဇန်နဝါရီ ၁ အထိ “ရောမလူမျိုးအများစုဟာ သူတို့ရဲ့နတ်ဘုရားတွေကို ရိုသေကိုင်းရှိုင်းတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပ၊ လောင်းကစားပျော်ပါး၊ မြူးထူးကခုန်ပြီး မြို့ထဲတန်းစီလှည့်လည်ကြ” တယ်လို့ Penne L. Restad ရဲ့ Christmas in America စာအုပ် မှာဖော်ပြထားတယ်။ ပြီးတော့ ရောမတွေက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထာဝရနေမင်းကြီးရဲ့မွေးနေ့ကို ကျင်းပတဲ့ထုံးစံရှိတယ်။ ချာ့ချ်က ခရစ္စမတ်ပွဲကို အဲဒီနေ့မှာ စကျင်းပပေးတာဟာ ရောမတွေကို နေမင်းကြီးရဲ့မွေးနေ့အစား ယေရှုမွေးနေ့ကျင်းပဖို့ လှည့်ဖြားလိုက်တာ ဖြစ်တယ်။ ရောမတွေဟာလည်း “ဆောင်းရာသီအလယ်မှာ သူတို့ကျင်းပနေကျပွဲတွေကို နဂိုအတိုင်း ဆက်ကျင်းပနိုင်ကြတယ်။” တကယ်တော့ သူတို့ဟာ “ပွဲအသစ်ကို ဓလေ့ထုံးစံအဟောင်းတွေနဲ့ ဆက်ကျင်းပနေကြတာ” လို့ Gerry Bowler ရဲ့ Santa Claus, a Biography စာအုပ်မှာဖော်ပြထားတယ်။

ခရစ္စမတ်ပွဲထုံးစံတွေဟာ အယူမှားရင်းမြစ်ကနေ ဆင်းသက်လာကြောင်း ရှင်းနေပါတယ်။ စတီဗင် နီဆန်ဘွန်းရဲ့ The Battle for Christmas စာအုပ်မှာ ခရစ္စမတ်ပွဲဟာ “ခရစ်ယာန်ပွဲအသွင်ဆောင်ထားတဲ့ အယူမှားပွဲတော်တစ်ခုမျှသာဖြစ်တယ်” လို့ဖော်ပြထားတယ်။ ဒါကြောင့် ခရစ္စမတ်ပွဲဟာ ဘုရားသခင်နဲ့ သားတော်ယေရှုခရစ်ကို ဂုဏ်အသရေညှိုးနွမ်းစေတယ်။ ဒါက အသေးအဖွဲကိစ္စပဲလား။ “ဖြောင့်မတ်မှုနှင့် မတရားမှုသည် မည်သို့ပေါင်းဖက်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့တွဲဖက်နိုင်မည်နည်း” လို့ ကျမ်းစာမှာမေးထားတယ်။ (၂ ကောရိန္သု ၆:၁၄) ပင်စည်ကောက် သစ်ပင်တစ်ပင်ကို ဖြောင့်လို့မရနိုင်သလို အလိမ်အလည်များလွန်းတဲ့ ခရစ္စမတ်ပွဲကိုလည်း “ဖြောင့်” အောင် မလုပ်နိုင်ပါဘူး။—ဒေသနာ ၁:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ