ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၁ စာ. ၁၀-၁၁
  • ၂ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစိုးရိမ်လွန်ခြင်း
  • အချိန်ဆွဲခြင်း
  • အထီးကျန်ခြင်း
  • ၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • အထီးကျန်ခြင်းက သင့်ဘဝကို မညှိုးနွမ်းပါစေနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အထီးကျန်ဖြစ်မှုကို အနိုင်ယူခြင်း
    နိုးလော့!—၂၀၀၅
  • စိုးရိမ်ပူပန်မှု ပြေလျော့နည်း
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၁ စာ. ၁၀-၁၁
စိုးရိမ်သောက ဖိစီးနေတဲ့ အမျိုးသမီးတစ်ဦး၊ သားသမီးတွေနဲ့ လမ်းထွက်လျှောက်

၂ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကူညီပေး

ဘဝပြဿနာတချို့ဟာ မပြေလည်ဘဲ နှစ်နဲ့ချီ ဆက်ရှိနေ တတ်တယ်။ အဲဒီပြဿနာတွေဟာ ကိုယ်သတိမထားမိခင်ကတည်းက အမြစ်တွယ်နေတာ ဖြစ်နိုင်တယ်။ အမြစ်တွယ်နေတဲ့ စိတ်ပျက်စရာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာရှိအောင် ကျမ်းစာ ကူညီပေးနိုင်သလား။ နမူနာတချို့ သုံးသပ်ကြည့်ပါ။

အစိုးရိမ်လွန်ခြင်း

“စိုးရိမ်ပူပန်စရာတွေကို တွေးရင်းတွေးရင်း အဆိုးဆုံးအခြေအနေအထိ တွေးနေမိတယ်” လို့ ရိုစီ ပြောတယ်။ ဘယ်ကျမ်းချက်က အကူအညီဖြစ်စေသလဲ။ မဿဲ ၆:၃၄ ပဲ။ အဲဒီမှာ “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ” လို့ပြောထားတယ်။ အဲဒီကျမ်းစကားတွေက မနက်ဖြန်အတွက် ကြိုပြီး တွေးပူမနေဖို့ အကူအညီဖြစ်စေတယ်လို့ ရိုစီ ပြောတယ်။ “ဒီနေ့ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားတယ်။ မဖြစ်သေးတဲ့အရာ၊ ဖြစ်ချင်မှဖြစ်လာမယ့်အရာတွေကို ကြိုတွေးပြီး စိုးရိမ်မနေဘူး” လို့လည်း သူပြောတယ်။

စိုးရိမ်သောကတွေ ဖိစီးနေတဲ့ ရက်စ်မင်ကလည်း “တချို့နေ့တွေမှာ ငိုနေရတယ်။ ညဆိုလည်း အိပ်မပျော်ဘူး။ စိတ်ညစ်စရာတွေပဲ တွေးနေမိတယ်” လို့ပြောတယ်။ ဘယ်ကျမ်းချက်က အကူအညီဖြစ်စေခဲ့သလဲ။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ” ဆိုပြီး ဖော်ပြထားတဲ့ ၁ ပေတရု ၅:၇ ပဲ။ “ယေဟောဝါဆီ အမြဲဆုတောင်းတယ်။ ကျွန်မရဲ့ ဆုတောင်းချက်ကို ဘုရား နားထောင်ပေးတယ်။ ထမ်းထားရတဲ့ ဝန်ထုပ်ကြီး ပေါ့သွားသလိုပဲ။ အပျက်သဘောတွေ ပြန်ပြန်ဝင်လာပေမဲ့ ဖြေရှင်းနည်းကို အခု သိပြီ” လို့ ရက်စ်မင် ပြောတယ်။

အချိန်ဆွဲခြင်း

အစ္စဘယ်လာဆိုတဲ့ အမျိုးသမီး ဒီလိုပြောတယ်– “အချိန်ဆွဲတဲ့အကျင့်ဟာ မျိုးရိုးနဲ့ဆိုင်တယ်။ ကျွန်မရဲ့အဖေမှာ အချိန်ဆွဲတတ်တဲ့အကျင့် ရှိတယ်။ ကျွန်မလည်း အနားယူဖို့၊ တီဗီကြည့်ဖို့အတွက်နဲ့ အရေးကြီးတာတွေကို မလုပ်ဘဲ အချိန်ဆွဲထားလေ့ရှိတယ်။ အဲဒီအကျင့်ဟာ မကောင်းဘူး။ စိတ်ဖိစီးမှု ပိုများလာတော့ အလုပ်ကို ဖြစ်သလို လုပ်လိုက်တယ်။” ၂ တိမောသေ ၂:၁၅ မှာပါတဲ့ အကြံပြုချက်က သူ့ကို အကူအညီဖြစ်စေတယ်။ အဲဒီကျမ်းချက်မှာ ‘ဘုရားသခင် နှစ်သက်သူအဖြစ်၊ ကိုယ်လုပ်ဆောင်ခဲ့ရာတွေအတွက် ရှက်စရာအကြောင်းမရှိတဲ့ လုပ်သားအဖြစ် ကိုယ့်ကိုယ်ကိုယ် ဆက်သနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါ’ လို့ပြောတယ်။ “အချိန်ဆွဲပြီးလုပ်တတ်တဲ့ ကျွန်မကြောင့် ယေဟောဝါဘုရား အရှက်ရတာမျိုး မဖြစ်စေချင်ဘူး” လို့ သူပြောတယ်။ အခုဆို သူ တော်တော်တိုးတက်နေပြီ။

ကယ်လ်စီလည်း အဲဒီလိုပဲ။ “အချိန်မီပြီးရမယ့်အလုပ်ကို မလုပ်ဘဲ အချိန်ဆွဲထားလိုက်တယ်။ ကပ်ပြီးမှလုပ်ရတော့ စိတ်ကပူ၊ အိပ်ရေးကပျက်၊ ငိုလည်းငိုရတယ်။ ဒါ မကောင်းဘူး” လို့ သူပြောတယ်။ “အမြော်အမြင်ရှိသူက အသိပညာနဲ့အညီ ပြုမူတတ်တယ်။ လူမိုက်ကတော့ ကိုယ့်မိုက်မဲမှုကို ဖော်ထုတ်တတ်တယ်” ဆိုတဲ့ ပညာအလိမ္မာ ၁၃:၁၆ က သူ့အတွက် အကူအညီဖြစ်စေတယ်။ အဲဒီကျမ်းချက်ကို တွေးတောဆင်ခြင်တဲ့အတွက် “လက်တွေ့ကျကျ၊ ကြိုတင်စီစဉ်တတ်ပြီ။ အခုဆိုရင် လုပ်ရမယ့်အလုပ်တွေကို ဇယားဆွဲထားတယ်။ ကပ်ပြီးမှလုပ်တာမျိုးမဟုတ်ဘဲ ဇယားအတိုင်း လိုက်နိုင်ပြီ” လို့ သူပြောတယ်။

အထီးကျန်ခြင်း

“ကျွန်မယောက်ျားက ကျွန်မနဲ့ ကလေး လေးယောက်ကို ထားခဲ့တယ်” လို့ ခရစ္စတင်း ပြောတယ်။ ဘယ်ကျမ်းစာအကြံပြုချက်က သူ့အတွက် အကူအညီဖြစ်စေသလဲ။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ” လို့ ပြောထားတဲ့ ပညာအလိမ္မာ ၁၇:၁၇ ပါပဲ။ ခရစ္စတင်းဟာ သူ့လိုပဲ ယေဟောဝါကို ဝတ်ပြုတဲ့သူတွေဆီကနေ အကူအညီတောင်းခဲ့တယ်။ ဘာအကူအညီ ရခဲ့သလဲ။ “မိတ်ဆွေတွေက ကျွန်မကို နည်းအမျိုးမျိုးနဲ့ ဝိုင်းဝန်းကူညီကြတယ်။ တချို့က အိမ်တံခါးဝမှာ စားစရာတွေ၊ ပန်းစည်းတွေ လာထားပေးတယ်။ အိမ်ပြောင်းရတဲ့ သုံးကြိမ်စလုံး အုပ်စုလိုက် လာကူညီပေးကြတယ်။ တစ်ယောက်က အလုပ်ရှာပေးတယ်။ ကျွန်မကို ကူညီဖို့ အမြဲ အသင့်ရှိနေကြတယ်” လို့ သူပြောတယ်။

အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒက်ဖနီလည်း အထီးကျန်စိတ်ကို တိုက်လှန်ခဲ့ရတယ်။ အရာရာကို ဆုံးရှုံးသွားပြီးနောက် “ကိုယ့်ကိုယ်ကိုယ် စည်းဝိုင်းအပြင်ဘက် ရောက်နေသူလို ခံစားရတယ်။ သိပ်အထီးကျန်တာပဲ” လို့ သူပြောတယ်။ သူ့အတွက် အကူအညီဖြစ်စေတဲ့ ကျမ်းချက်ကတော့ “ဘုရားသခင်က တစ်ကောင်ကြွက်ဖြစ်နေသူတွေကို ခိုနားရာအိမ် ပေးတယ်” ဆိုတဲ့ ဆာလံ ၆၈:၆ ပါပဲ။ “ဒါက အခုချိန်မှာ ပကတိအိမ်ကို ဆိုလိုနေတာ မဖြစ်နိုင်ဘူး။ အဲဒီအစား ယေဟောဝါဘုရားကို ချစ်တဲ့သူတွေနဲ့ ခင်မင်ရင်းနှီးနိုင်တဲ့နေရာ၊ ဘုရားပေးတဲ့ ဘေးကင်းလုံခြုံတဲ့နေရာကို ဆိုလိုမှန်း သိလာတယ်။ ယေဟောဝါနဲ့ ရင်းနှီးကျွမ်းဝင်မှသာ တခြားသူတွေနဲ့ ရင်းနှီးကျွမ်းဝင်နိုင်မယ်။ ဆာလံ ၃၇:၄ မှာ ‘ယေဟောဝါဆီမှာ ပျော်ရွှင်ကြည်နူးမှုကို ရှာပါ။ အလိုဆန္ဒတွေကို ဘုရား ဖြည့်ဆည်းပေးလိမ့်မယ်’ လို့ ပြောထားတဲ့အတိုင်းပါပဲ။”

သူ ဒီလိုဆက်ပြောတယ်– “ယေဟောဝါနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်ဖို့လိုမှန်း သိလာတယ်။ ယေဟောဝါဘုရားဟာ အကောင်းတကာ့ အကောင်းဆုံး မိတ်ဆွေပဲ။ ဘုရားကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့နိုင်ဖို့ သူတို့နဲ့အတူ လုပ်ဆောင်နိုင်မယ့်အရာတွေကို ချရေးတယ်။ သူတစ်ပါးရဲ့ ကောင်းကွက်တွေကို မြင်တတ်လာတယ်။ သူတို့ရဲ့ အားနည်းချက်တွေကို ကျွန်မ နားလည်ပေးတတ်လာတယ်။”

ဘုရားကို ဝတ်ပြုသူတွေဟာ ပြည့်ဝစုံလင်သူတွေတော့ မဟုတ်ပါဘူး။ ယေဟောဝါသက်သေတွေဟာ တခြားသူတွေလိုပဲ အခက်အခဲတွေနဲ့ ရုန်းကန်နေရသူတွေပါ။ ဒါပေမဲ့ သူတို့က ကျမ်းစာအကြံပြုချက်တွေအတိုင်း လူတွေကို တတ်အားသရွေ့ ကူညီပေးကြတယ်။ အဲဒီလိုလူတွေနဲ့ မိတ်ဆွေဖွဲ့သင့်တယ်။ အခုချိန်မှာ မဖြေရှင်းပေးနိုင်တဲ့ နာတာရှည်ရောဂါ၊ ဝမ်းနည်းပူဆွေးမှု စတဲ့ ပြဿနာတွေအတွက်ကော ကျမ်းစာမှာ ဘာလမ်းညွှန်ချက်တွေ ရှိသလဲ။

ကျမ်းစာအကြံပြုချက်တွေကို လိုက်နာမယ်ဆိုရင် ကူညီရိုင်းပင်းတတ်တဲ့ မိတ်ဆွေတွေ ရှာတွေ့နိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ