ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၁ စာ. ၁၂-၁၃
  • ၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နာတာရှည်ရောဂါ
  • ဝမ်းနည်းပူဆွေးမှု
  • ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဆုတောင်းတာ သင့်အတွက် အကျိုးရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အချို့သူတို့ အဖြေရရှိခဲ့ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၁ စာ. ၁၂-၁၃
သင်္ချိုင်းဂူရှေ့ ဝမ်းနည်းပူဆွေးနေတဲ့ အမျိုးသမီးတစ်ဦး၊ ဘီးတပ်ကုလားထိုင်ပေါ်က အမျိုးသမီး ကျမ်းစာသတင်းကို နားထောင်နေ

၃ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ကူညီပေး

ရှောင်လွှဲလို့၊ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေလည်း ရှိတယ်။ ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ၊ နာတာရှည်ရောဂါ ခံစားရတဲ့အခါမျိုးမှာ နာကျင်မှုကို ခါးစည်းခံနေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ဒီလို အခြေအနေမျိုးမှာ ကျမ်းစာ ကူညီပေးနိုင် သလား။

နာတာရှည်ရောဂါ

“မျိုးရိုးလိုက်ရောဂါကြောင့် အမြဲပဲ နာကျင်ကိုက်ခဲနေတယ်။ ဘာမှ မလုပ်နိုင်မကိုင်နိုင်ဘူး” လို့ ရို့စ် ပြောတယ်။ အဆိုးဆုံးကတော့ ကျမ်းစာလေ့လာမှု၊ ဝတ်ပြုမှုတွေကိုတောင် ကောင်းကောင်း အာရုံမစိုက်နိုင်တာပဲ။ ဒါပေမဲ့ “ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်” ဆိုတဲ့ မဿဲ ၁၉:၂၆ ပါ ယေရှုရဲ့ စကားတွေကနေ အကူအညီရခဲ့တယ်။ တခြားနည်းတွေနဲ့လည်း လေ့လာနိုင်မှန်း သူ သိလာတယ်။ နာကျင်ကိုက်ခဲမှုကြောင့် စာမဖတ်နိုင်တဲ့အခါ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေ အသံသွင်းထားတာကို နားထောင်တယ်။a “အဲဒါတွေသာ မရှိရင် ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ မလွယ်ဘူး” လို့ သူပြောတယ်။

ရို့စ်ဟာ အရင်တုန်းကလို မလုပ်နိုင်တော့လို့ ဝမ်းနည်းမိတဲ့အခါ “စေတနာစိတ်နဲ့ ပေးလှူတာကို ဘုရားသခင် နှစ်သက်တယ်။ မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့ ဘုရားသခင် မျှော်လင့်တယ်” ဆိုတဲ့ ၂ ကောရိန္သု ၈:၁၂ ပါ ကျမ်းစကားကနေ နှစ်သိမ့်မှုရတယ်။ သူ တတ်နိုင်သလောက် လုပ်နေတာကို ဘုရား နှစ်သက်တယ်ဆိုတာကိုလည်း သတိရစေတယ်။

ဝမ်းနည်းပူဆွေးမှု

အစောပိုင်းမှာပါတဲ့ ဒက်ဖနီ အခုလို ပြောတယ်– “၁၈ နှစ်အရွယ် သမီးလေး ဆုံးသွားတဲ့နောက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းလွန်းလို့ ဆက်အသက်ရှင်နိုင်မယ်လို့တောင် မထင်ခဲ့ဘူး။ အရင်တုန်းကအခြေအနေနဲ့ တခြားစီပဲ။” ဒါပေမဲ့ “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်” ဆိုတဲ့ ဆာလံ ၉၄:၁၉ ပါ ကျမ်းစကားကနေ သူ နှစ်သိမ့်မှုရခဲ့တယ်။ “စိတ်သက်သာရာ ရစေတဲ့အရာတွေ လုပ်နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းတယ်” လို့ သူပြောတယ်။

စေတနာနဲ့ပေးဆပ်ရတဲ့ အလုပ်မှာ စိတ်နှစ်ထားလိုက်တယ်။ ရောင်စုံခဲတံတွေဟာ ကျိုးသွားရင်တောင် အသုံးဝင်နေတုန်းပဲ။ အဲဒီလိုပဲ သူလည်း ဝမ်းနည်းကြေကွဲနေပေမဲ့ တခြားသူတွေကို ကူညီပေးနိုင်တုန်းပဲဆိုတာ သိလာတယ်။ “တခြားသူတွေကို ကျမ်းစာသုံးပြီး နှစ်သိမ့်ပေးတဲ့အခါ ကိုယ်တိုင်လည်း ယေဟောဝါဆီက နှစ်သိမ့်မှု ခံစားရတယ်” လို့ သူပြောတယ်။ အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့ရတဲ့ ကျမ်းစာဇာတ်ကောင်တွေရဲ့ နာမည်ကို ချရေးတယ်။ “သူတို့အားလုံး ဘုရားကို အားကိုးတကြီး ဆုတောင်းခဲ့ကြသူတွေ ဖြစ်တယ်၊” “ကျမ်းစာသာ မဖတ်ရင် ခံရပ်နိုင်ဖို့ မလွယ်ဘူး” ဆိုတာလည်း သူသိလာတယ်။

ကျမ်းစာကို လေ့လာတဲ့အတွက် ဒက်ဖနီဟာ အတိတ်ကို မဟုတ်ဘဲ အနာဂတ်ကို အာရုံစိုက်တတ်လာတယ်။ ‘ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ်’ ဆိုတဲ့ တမန်တော် ၂၄:၁၅ ပါ ကျမ်းစကားက သူ့ကို နှစ်သိမ့်မှုပေးတယ်။ သူ့သမီးကို ယေဟောဝါ အသက်ပြန်ရှင်အောင် လုပ်ပေးမယ်ဆိုတာ သူ ဘယ်လောက် ယုံကြည်စိတ်ချသလဲ။ “သမီး အသက်ပြန်ရှင်လာတာကို မြင်ယောင်တယ်။ ပြက္ခဒိန်မှာ မှတ်ထားသလိုမျိုး သမီးနဲ့ပြန်ဆုံမယ့်ရက်ကိုလည်း ကျွန်မစိတ်ထဲ သတ်မှတ်ထားပြီးပြီ။ သမီးနဲ့ပြန်ဆုံတဲ့အခါ သမီးကို မွေးတုန်းက တစိမ့်စိမ့်ကြည့်ပြီး ချစ်ခဲ့ရသလိုမျိုး ဖြစ်နေမှာပဲ” လို့ ဒက်ဖနီ ပြောတယ်။

a အသံသွင်းထားတာတွေကို jw.org/mya ဝက်ဘ်ဆိုက်မှာ ရနိုင်တယ်။

အခက်ခဲဆုံးအချိန်တွေမှာတောင် ကျမ်းစာကနေ နှစ်သိမ့်မှုရနိုင်

ကျွန်တော်တို့ကို ဘုရားသခင် ကူညီပေးနိုင်ပုံ

ကျမ်းစာရဲ့အဖြေက ရှင်းနေပါတယ်။ “ယေဟော ဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ ကြောက်ရွံ့ရိုသေသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်” လို့ ကျမ်းစာပြောတယ်။ (ဆာလံ ၁၄၅:၁၈၊ ၁၉) အားရှိစရာပဲ မဟုတ်လား။ လမ်းညွှန်မှုရဖို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတွေကို ဘုရားသခင် ဘယ်လို အဖြေပေးသလဲ။

ခွန်အားပေးခြင်း

ပြဿနာတွေ ကြုံရတဲ့အခါ စိတ်ဓာတ်ကျ၊ စိတ်ပန်းလူပန်း ဖြစ်ပြီး ဘုရားကို ဝတ်ပြုဖို့ အားမရှိတာမျိုး ဖြစ်သွားနိုင်တယ်။ (ပညာအလိမ္မာ ၂၄:၁၀) ဒါပေမဲ့ ယေဟောဝါက ‘မောပန်းသူကို ခွန်အားပေးပြီး အားအင်မရှိသူကို အားပြည့်စေတယ်။’ (ဟေရှာယ ၄၀:၂၉) အခက်အခဲတွေ အကြီးအကျယ်ကြုံခဲ့ရတဲ့ တမန်တော်ပေါလုက ‘ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်တယ်’ လို့ ပြောတယ်။ (ဖိလိပ္ပိ ၄:၁၃) ပေါလုဟာ ဘုရားပေးတဲ့ စွမ်းအားတော်ကြောင့် ခွန်အားရှိလာတယ်။ ကျွန်တော်တို့လည်း သန့်ရှင်းသောစွမ်းအားတော် ပေးပါလို့ ဘုရားဆီ ဆုတောင်းနိုင်တယ်။—လုကာ ၁၁:၁၃။

ဉာဏ်ပညာပေးခြင်း

ကျမ်းစာအကြံဉာဏ်ကို နားလည်ဖို့၊ လိုက်နာဖို့ အကူအညီလိုနေရင်ကော။ “တစ်ယောက်ယောက်က ဉာဏ်ပညာလိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါ။ ကဲ့ရဲ့တာမျိုးမလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာပေးလိမ့်မယ်” လို့ ယာကုပ် ရေးခဲ့တယ်။ (ယာကုပ် ၁:၅) ကျမ်းစာကို ဖတ်ပြီး လက်တွေ့ကျင့်သုံးမယ်ဆိုရင် ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ရာရောက်တယ်။ (ယာကုပ် ၁:၂၃-၂၅) အဲဒီလိုလုပ်မယ်ဆိုရင် ကျမ်းစာရဲ့အကြံဉာဏ်တွေက ဘယ်လောက် လက်တွေ့ကျမှန်း သိလာပါလိမ့်မယ်။

စိတ်ငြိမ်သက်မှုပေးခြင်း

အကြီးအကျယ် စိုးရိမ်ပူပန်နေချိန်မှာတောင် စိတ်ငြိမ်သက်မှုရှိအောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ခရစ်တော်ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်” လို့ ကျမ်းစာပြောတယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) သင်လည်း စိတ်ငြိမ်သက်မှုရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။

ပြဿနာတွေ ချက်ချင်း မပြေလည်ရင်ကော။ သင့်ကို ယေဟောဝါ ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့။ ပြဿနာတွေ ဆက်ရှိနေရင်တောင် ခံရပ်နိုင်ဖို့ သတ္တိနဲ့ ခွန်အားကို ဘုရား ပေးနိုင်တယ်။ (၁ ကောရိန္သု ၁၀:၁၃) ကျွန်တော်တို့ရဲ့ ပြဿနာတွေ လုံးဝပြေလည်သွားမယ့်အချိန် ရောက်လာမယ်လို့လည်း ကျမ်းစာ ကတိပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ