ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၁ စာ. ၄-၅
  • ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နာမည် အရေးကြီးရတဲ့ အကြောင်းရင်း
  • ဘုရားနာမည်က ဖော်ပြရာ
  • ဘုရားသခင့်နာမည်
    နိုးလော့!—၂၀၁၇
  • ဘုရားသခင်၏နာမတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် သိရမည်အကြောင်း
    ထာဝစဉ် တည်တံ့ သွားမည့် မြင့်မြတ်သော နာမတော်
  • ဘုရားသခင့်နာမည်ကို ဘာကြောင့် အသုံးပြုသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၁ စာ. ၄-၅

ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ

တစ်ယောက်ယောက်ကို သိချင်တဲ့အခါ “နာမည် ဘယ်လို ခေါ်သလဲ” လို့ အရင်ဆုံး မေးတတ်ကြတယ်။ ဘုရားကို အဲသလို မေးရင် ဘယ်လို ဖြေမလဲ။

“ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ။”—ဟေရှာယ ၄၂:၈။

အခုမှ ဒီနာမည် ကြားဖူးတာလား။ ဖြစ်နိုင်ပါတယ်။ ကျမ်းစာဘာသာပြန်သူအများက ဘုရားနာမည်ကို လုံးဝ နီးပါး မသုံးကြလို့ပဲ။ ဘုရားနာမည်ကို “သခင်” ဆိုတဲ့ဘွဲ့နဲ့ အစားထိုးလေ့ရှိကြတယ်။ တကယ်တော့ မူရင်းကျမ်းစာသားမှာ ဘုရားနာမည် အကြိမ် ၇,၀၀၀ ခန့် တွေ့ရတယ်။ ဟီဘရူး ဗျည်းလေးလုံး (ယဟဝဟ) နဲ့ ဖော်ပြတဲ့ ဘုရားသခင်နာမည်ကို မြန်မာလို “ယေဟောဝါ” ဆိုပြီး ပြန်ဆိုထားတယ်။

ပင်လယ်သေ ကျမ်းလိပ်တွေမှာ ဟီဘရူးအက္ခရာနဲ့ ဘုရားနာမတော်ကို တွေ့ရစဉ်

ပင်လယ်သေ ကျမ်းလိပ် အေဒီ ပထမရာစု၊ ဟီဘရူး

တင်ဒေးလ် ဘာသာပြန်ကျမ်းမှာ အင်္ဂလိပ်လို ဘုရားနာမတော်ကို တွေ့ရစဉ်

တင်ဒေးလ် ဘာသာပြန်ကျမ်း ၁၅၃၀ ခုနှစ်၊ အင်္ဂလိပ်

ရေနာ ဗာလာရာ ဘာသာပြန်ကျမ်းမှာ စပိန်လို ဘုရားနာမတော်ကို တွေ့ရစဉ်

ရေနာ ဗာလာရာ ဘာသာပြန်ကျမ်း ၁၆၀၂ ခုနှစ်၊ စပိန်

ယူနီယံ ဘာသာပြန်ကျမ်းမှာ တရုတ်လို ဘုရားနာမတော်ကို တွေ့ရစဉ်

ယူနီယံ ဘာသာပြန်ကျမ်း ၁၉၁၉၊ တရုတ်

ဟီဘရူးကျမ်းနဲ့ ဘာသာပြန်ကျမ်းများစွာမှာ ဘုရားနာမည် တွေ့ရ

ဘုရားသခင်နာမည် အရေးကြီးရတဲ့ အကြောင်းရင်း

ဘုရားအတွက်လည်း နာမည် အရေးကြီးတယ်။ ဘုရားနာမည်ကို လူတွေက ပေးတာ မဟုတ်ဘူး။ ဘုရားကိုယ်တိုင် ရွေးချယ်ထားတဲ့နာမည် ဖြစ်တယ်။ ယေဟောဝါ ဒီလိုပြောတယ်– “ဒီနာမည်ဟာ ထာဝစဉ် ငါ့နာမည်ပဲ။ လူမျိုးအဆက်ဆက် ငါ့ကို ဒီနာမည်နဲ့ သိရကြလိမ့်မယ်။” (ထွက်မြောက်ရာ ၃:၁၅) ကျမ်းစာမှာ အနန္တတန်ခိုးရှင်၊ ခမည်းတော်၊ သခင်၊ ဘုရားစတဲ့ ဘွဲ့တွေထက် ဘုရားသခင်နာမည်ကို ပိုတွေ့ရသလို အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ယေရှုစတဲ့ နာမည်တွေထက်လည်း ပိုတွေ့ရတယ်။ ယေဟောဝါက လူတွေကို မိမိနာမည် သိစေချင်တယ်။ “ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေ သိကြပါစေ” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ဆာလံ ၈၃:၁၈။

ယေရှုအတွက်လည်း ဘုရားနာမည် အရေးကြီးတယ်။ ကျွန်တော်တို့အဖ ဒါမှမဟုတ် သခင့်ဆုတောင်းချက်မှာ “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ နောက်လိုက်တွေကို ဆုတောင်းဖို့ ယေရှု သင်ပေးတယ်။ (မဿဲ ၆:၉) “အဖ၊ အဖရဲ့နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ ယေရှုကိုယ်တိုင် ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၂:၂၈) ဘုရားနာမည် ဘုန်းထင်ရှားစေဖို့ ယေရှု အဓိကထား လုပ်ဆောင်ခဲ့လို့ “အဖရဲ့ နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါပြီ” ဆိုပြီး ဆုတောင်းနိုင်ခဲ့တယ်။—ယောဟန် ၁၇:၂၆။

ဘုရားကို သိတဲ့သူတွေအတွက်လည်း ဘုရားနာမည် အရေးကြီးတယ်။ ကာကွယ်မှု၊ ကယ်တင်မှုဟာ ဘုရားရဲ့ ထူးခြားတဲ့နာမည်နဲ့ ဆက်စပ်နေတယ်လို့ ရှေးခေတ်က ဘုရားရဲ့လူတွေ နားလည်ခဲ့ကြတယ်။ “ယေဟောဝါရဲ့ နာမည်ဟာ ခိုင်ခံ့တဲ့ရဲတိုက်ပဲ။ ဖြောင့်မတ်သူက ပြေးဝင်ပြီး အကာအကွယ်ယူတယ်။” (ပညာအလိမ္မာ ၁၈:၁၀) “ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်။” (ယောလ ၂:၃၂) ဘုရားသခင့်နာမည်က ဝတ်ပြုသူတွေကို ခွဲခြားသိမြင်စေမယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ “လူတွေက သူတို့ဘုရားရဲ့ နာမည်ကို ခံယူပြီး အသက်ရှင်ကြတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဘုရား ယေဟောဝါရဲ့နာမည်ကို ခံယူပြီး အစဉ်ထာဝရ အသက်ရှင်ကြမယ်။”—မိက္ခာ ၄:၅။ တမန်တော် ၁၅:၁၄။

ဘုရားနာမည်က ဖော်ပြရာ

နာမတော်က ဘုရားသခင်ကို ခွဲခြားဖော်ပြတယ်။ ယေဟောဝါနာမည်က “ကိုယ်တော် ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ်ရကြောင်း ကျမ်းပညာရှင်တွေ ဆိုကြတယ်။ “ငါဖြစ်ချင်တာမှန်သမျှ ငါဖြစ်လာမယ်” လို့ မောရှေကို ပြောတဲ့အခါ နာမတော်အဓိပ္ပာယ်ကို ယေဟောဝါဘုရား သဘောပေါက်စေခဲ့တယ်။ (ထွက်မြောက်ရာ ၃:၁၄) ဒါကြောင့် အရာခပ်သိမ်းကို ဖန်ဆင်းရှင် ဖြစ်ရုံမကဘူး၊ ရည်ရွယ်တော်မူချက်တွေ ပြည့်စုံစေဖို့ ကိုယ်တိုင်ရော၊ ဖန်ဆင်းရာတွေကိုပါ ဘာမဆို ဖြစ်စေနိုင်စွမ်း ရှိကြောင်း ဖော်ပြတယ်။ ဘွဲ့နာမတွေက ဘုရားရဲ့ အနေအထား၊ အခွင့်အာဏာ၊ တန်ခိုးတို့ကို ဖော်ပြပေမဲ့ ယေဟောဝါဆိုတဲ့နာမည်ကသာ ဘုရား ဘယ်သူလဲ၊ ဘာဖြစ်စေနိုင်သလဲဆိုတာကို ဖော်ပြတယ်။

လူတွေကို စိတ်ဝင်စားကြောင်း နာမတော်က ဖော်ပြတယ်။ ဘုရားနာမတော်အဓိပ္ပာယ်က ကျွန်တော်တို့ အပါအဝင် ဖန်ဆင်းရာမှန်သမျှကို သံယောဇဉ် ရှိတယ်ဆိုတဲ့သဘောပဲ။ နာမတော် ပေးသိတဲ့အချက်ကလည်း ဘုရားနဲ့ သိကျွမ်းစေချင်မှန်း ဖော်ပြတယ်။ ကျွန်တော်တို့ မမေးခင်ကတည်းက နာမတော်ကို ပြောပြထားတယ်။ လူတွေနဲ့ အလှမ်းဝေးတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် မဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်နိုင်တဲ့ တကယ့်ပုဂ္ဂိုလ်အဖြစ် ရှုမြင်စေချင်မှန်း သိသာတယ်။—ဆာလံ ၇၃:၂၈။

ဘုရားနာမည် အသုံးပြုခြင်းက ဘုရားကို စိတ်ဝင်စားကြောင်း ဖော်ပြတယ်။ ခင်မင်ရင်းနှီးချင်တဲ့သူကို ကိုယ့်နာမည် ပြောပြပြီး မိတ်ဆက်တယ် ဆိုပါစို့။ ကိုယ့်နာမည်ကို အဲဒီလူ လုံးဝ မသုံးချင်ရင် ဘယ်လို ခံစားရမလဲ။ ကိုယ်နဲ့ တကယ်ကော ရင်းနှီးချင်ရဲ့လားလို့ တွေးမိမယ်။ ဘုရားသခင်လည်း အလားတူပါပဲ။ ယေဟောဝါက မိမိနာမည်ကို ဖော်ပြပြီး အသုံးပြုဖို့ အားပေးတယ်။ အသုံးပြုရင် ယေဟောဝါနဲ့ ရင်းနှီးချင်တယ်ဆိုတဲ့ သဘောပါပဲ။ “နာမတော်အကြောင်း တွေးတောဆင်ခြင် [“တန်ဖိုးထားလေးမြတ်၊” အောက်ခြေမှတ်ချက်] သူတွေ” ကိုတောင် ရေးမှတ်ထားတယ်။—မာလခိ ၃:၁၆။

ဘုရားနာမည် သိခြင်းက ဘုရားကို သိကျွမ်းဖို့ ပထမ ခြေလှမ်းပါပဲ။ ဒါပေမဲ့ ရပ်သွားလို့ မရဘူး။ နာမည်နောက်ကွယ်က ပုဂ္ဂိုလ်အကြောင်း လေ့လာရမယ်။ ဘယ်လို ဘုရားမျိုးလဲဆိုတာ လေ့လာရမယ်။

ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ ဘုရားသခင်နာမည် ယေဟောဝါပါ။ အဲဒီနာမည်က ရည်ရွယ်တော်မူချက်တွေ ပြည့်စုံစေတဲ့ပုဂ္ဂိုလ် ဖြစ်ကြောင်း ခွဲခြားသိမြင်စေတယ်

ဘုရားသခင်ကို ဘယ်သူ ဖန်ဆင်းသလဲ

ဒီမေးခွန်းကို လူတွေ မေးတတ်ကြတယ်။ သင်လည်း မေးဖူး ပါလိမ့်မယ်။ စကြဝဠာနဲ့ အရာခပ်သိမ်းဟာ အကြောင်းတရား ဒါမှမဟုတ် ဖန်ဆင်းရှင်ကြောင့် ဖြစ်လာတယ်ဆိုရင် ဘုရားသခင်ကို ဘယ်သူ ဖန်ဆင်းသလဲ။

စကြဝဠာမှာ အစရှိတယ်လို့ သိပ္ပံပညာရှင်တွေသဘောတူကြတယ်။ ဒီသဘောတရားနဲ့အညီ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ ကျမ်းစာအစမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၁:၁။

စကြဝဠာဟာ အလိုလို ဖြစ်မလာနိုင်ဘူး။ တစ်စုံတစ်ရာ တည်ရှိလာဖို့ ဖန်တီးတဲ့သူ ရှိရမယ်။ ဖန်ဆင်းရှင် မရှိရင် ကျွန်တော်တို့ အပါအဝင် ပတ်ဝန်းကျင် အရာဝတ္ထုအားလုံး တည်ရှိမှာ မဟုတ်ဘူး။ အကြောင်းတရား မရှိရင် အကျိုးတရား မရှိဘူး။ဒါကြောင့် ဖန်ဆင်းရှင် ရှိရမယ်။ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားပါပဲ။—ယောဟန် ၄:၂၄။

ဘုရားသခင်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဆိုထားတယ်– “တောင်တန်းတွေကို မမွေးဖွားခင်၊ ကမ္ဘာကြီးနဲ့ သီးနှံဖြစ်ထွန်းတဲ့ ကမ္ဘာမြေကို မမွေးထုတ်ခင်ကတည်းက ကိုယ်တော်ဟာ ထာဝစဉ်ထာဝရ ဘုရားသခင်ပါ။” (ဆာလံ ၉၀:၂) ဘုရားသခင်ဟာ ဖန်ဆင်းခံရတာ မဟုတ်ဘဲ အမြဲတမ်း တည်ရှိနေခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က “အစအဦးမှာ” စကြဝဠာကို ဖန်ဆင်းခဲ့တယ်။—ဗျာဒိတ် ၄:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ