ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၂ စာ. ၁၄-၁၅
  • အသက်ရှင်ရကျိုးနပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရှင်ရကျိုးနပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကို ဘုရား ဂရုစိုက်တယ်
  • ဘဝအဓိပ္ပာယ် ရှိ
  • ပိုကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်
  • “သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူသောအရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သေချင်တယ်—ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ကျမ်းစာက ကူညီပေးနိုင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အဘယ်အရာကမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်”
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၂ စာ. ၁၄-၁၅
အမျိုးသမီးတစ်ယောက် ကျမ်းစာ ဖတ်နေစဉ်

အသက်ရှင်ရကျိုးနပ်

ဖိုင်ဇယ်ဟာ ဇနီး ဆုံးသွားပြီး တစ်နှစ်အကြာမှာ နှလုံး အကြီးစားခွဲစိတ်ဖို့ လိုအပ်လာတယ်။ သူ ဒီလိုပြောတယ်– “ယောဘကျမ်းကို ဖတ်တဲ့အခါ ယေဟောဝါက အကြောင်းရှိလို့သာ ကျမ်းစာမှာ ထည့်ထားမှန်း သိလာတယ်။ ကိုယ်နဲ့ ခံစားချက်ချင်း တူတဲ့သူတွေအကြောင်း ကျမ်းစာမှာ ဖတ်လိုက်ရတဲ့အခါ စိတ်သက်သာရာ ရလာတယ်။ အသက်ရှင်ရကျိုး နပ်နေဆဲပါပဲ။”

တာရှာဟာ မိခင် ဆုံးသွားချိန်မှာ ငယ်သေးတယ်။ သူ ဒီလိုပြောတယ်– “ဖန်ဆင်းရှင်ကို သိထားတဲ့အတွက် ဘဝရည်ရွယ်ချက်၊ မျှော်လင့်ချက် ရှိတယ်။ အခက်အခဲတွေ ကြုံရပေမဲ့ ပျော်နိုင်တယ်။ တစ်ရက်ပြီး တစ်ရက် ဖြတ်ကျော်သွားနိုင်အောင် ယေဟောဝါ ထောက်မကူညီပေးနိုင်ပါတယ်။”

ရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့အတိုင်း စိတ်ထိခိုက်စရာ အခြေအနေ အမျိုးမျိုးကြောင့် မခံရပ်နိုင်တော့ဘူးလို့ ခံစားရနိုင်တယ်။ ထမ်းထားရတဲ့ ဝန်တွေကြောင့် အသက်ရှင်နေရကျိုး နပ်ရဲ့လား၊ ငါ့ကို ဂရုစိုက်တဲ့သူကော ရှိရဲ့လားလို့ တွေးမိနိုင်တယ်။ ကိုယ့်ဒုက္ခတွေကို ဘုရား ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချပါ။ သင့်ကို ဘုရား တန်ဖိုးထားပါတယ်။

ဆာလံ ၈၆ ကို ရေးတဲ့သူက “ဒုက္ခရောက်တဲ့အခါ ဆုတောင်းမယ်။ ကိုယ်တော် ပြန်ဖြေမှာပဲ” လို့ ယုံကြည်စိတ်ချစွာ ပြောခဲ့တယ်။ (ဆာလံ ၈၆:၇) ‘ငါ “ဒုက္ခရောက်တဲ့အခါ” ဘုရား ငါ့ကို ဘယ်လို ပြန်ဖြေသလဲ’ ဆိုတာ သိချင်ပါလိမ့်မယ်။

ဘုရားက ပြဿနာတွေကို ချက်ချင်း မဖယ်ရှားပေးပေမဲ့ ပြဿနာ ဖြေရှင်းနိုင်အောင် စိတ်ငြိမ်သက်မှု ပေးမယ်လို့ ကျမ်းစာ အာမခံထားတယ်– “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ အတွေးအခေါ်ကို စောင့်ရှောက်ပေးပါလိမ့်မယ်။” (ဖိလိပ္ပိ ၄:၆၊ ၇၊ အောက်ခြေမှတ်ချက်) ဘုရား ဂရုစိုက်ကြောင်း ယုံကြည်စိတ်ချစေတဲ့ အောက်ပါကျမ်းပိုဒ်တွေကို သုံးသပ်ကြည့်ပါ။

သင့်ကို ဘုရား ဂရုစိုက်တယ်

“စာငှက်တစ်ကောင်ကိုမှ ဘုရားသခင် မမေ့ဘူး။ . . . ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်။”—လုကာ ၁၂:၆၊ ၇။

စဉ်းစားကြည့်ပါ။ ဘာမှ အရေးမပါတဲ့ ငှက်ကလေးတွေကိုတောင် ဘုရား ဂရုစိုက်တယ်။ စာငှက်တစ်ကောင်ကိုတောင် ဘုရား မမေ့ဘူး။ အားလုံးဟာ တန်ဖိုးရှိတဲ့သတ္တဝါတွေ ဖြစ်တယ်။ လူသားတွေကို စာငှက်လေးတွေထက် ဘုရား ပိုတန်ဖိုးထားပါတယ်။ ကမ္ဘာမြေပေါ်က ဖန်ဆင်းရာတွေထဲမှာ အထူးခြားဆုံးဖြစ်တဲ့ လူသားတွေဟာ ဘုရား “ပုံသဏ္ဌာန်အတိုင်း” ဖန်ဆင်းခံထားရတဲ့အတွက် ဘုရားရဲ့ အရည်အသွေးကောင်းတွေကို မွေးမြူနိုင်တယ်၊ တင်ပြနိုင်စွမ်း ရှိကြတယ်။—ကမ္ဘာဦး ၁:၂၆၊ ၂၇။

“အို ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော့်ကို အသေအချာ စစ်ဆေးတယ်။ ကျွန်တော့်ကို သိတယ်။ . . . ကျွန်တော် ဘာတွေ တွေးနေမှန်း အဝေးကနေ သိမြင်တယ်။ အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်စိတ်ကို သိမြင်လှည့်ပါ။”—ဆာလံ ၁၃၉:၁၊ ၂၊ ၂၃။

စဉ်းစားကြည့်ပါ။ သင့်ကို ဘုရား ကောင်းကောင်း သိထားတယ်။ သင့်ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို သိတယ်။ သင့်အခြေအနေကို လူလူချင်း နားမလည်နိုင်ပေမဲ့ ဘုရားက သင့်ကို ဂရုစိုက်ပြီး ကူညီပေးချင်တယ်။ ဒါကြောင့် အသက်ရှင်ရကျိုး နပ်ပါတယ်။

ဘဝအဓိပ္ပာယ် ရှိ

“ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းတာကို ကြားလှည့်ပါ။ ကျွန်တော့်ရဲ့ အော်ဟစ်အကူအညီတောင်းသံဟာ ရှေ့တော်ကို ရောက်ပါစေ။ . . . နားကို စွင့်ပေးပါ။ ကျွန်တော် ခေါ်တဲ့အခါ အမြန်ထူးလှည့်ပါ။ . . . ခိုကိုးရာမဲ့သူတွေ ဆုတောင်းတာကို အာရုံစိုက်ပေးလိမ့်မယ်။”—ဆာလံ ၁၀၂:၁၊ ၂၊ ၁၇။

စဉ်းစားကြည့်ပါ။ လူသားတွေ ဆင်းရဲဒုက္ခ စတင်ခံစားရကတည်းက ကျခဲ့တဲ့ မျက်ရည်စက်တိုင်းကို ယေဟောဝါ မှတ်သားထားတယ်။ (ဆာလံ ၅၆:၈) သင့်မျက်ရည်တွေလည်း ပါတယ်။ သင့်ကို ဘုရား တန်ဖိုးထားတဲ့အတွက် ကြုံခဲ့ရတဲ့ ဒုက္ခတွေ၊ ကျခဲ့ရတဲ့ မျက်ရည်တွေကို ဘုရား မှတ်သားထားပါတယ်။

“မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ . . . မင်းရဲ့ ဘုရား ယေဟောဝါဟာ . . . ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။”—ဟေရှာယ ၄၁:၁၀၊ ၁၃။

စဉ်းစားကြည့်ပါ။ ဘုရားက သင့်ကို ကူညီဖို့ အသင့်ရှိတယ်။ လဲကျသွားရင် ဘုရား ပြန်ထူမပေးလိမ့်မယ်။

ပိုကောင်းတဲ့ အနာဂတ် မျှော်လင့်ချက်

“ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”—ယောဟန် ၃:၁၆။

စဉ်းစားကြည့်ပါ။ သင့်အတွက် သားတော် ယေရှုကို အသေခံစေဖို့ တလိုတလား ပေးတဲ့အထိ သင့်ကို ဘုရား အလွန်ချစ်တယ်။ ယေရှု အသေခံပေးခဲ့လို့ ပျော်ရွှင်ချမ်းမြေ့တဲ့၊ အဓိပ္ပာယ်ရှိတဲ့ ဘဝအသက်တာကို ထာဝစဉ် ပိုင်ဆိုင်စေမယ့် မျှော်လင့်ချက် ရှိလာတာပါ။a

စိတ်ဓာတ်ကျပြီး မခံရပ်နိုင်တော့ဘူးလို့ ခံစားရနိုင်ပေမဲ့ ဘုရားစကားတော်ကို အသေအချာ လေ့လာပါ။ ဘုရား ကတိပေးထားတဲ့ မျှော်လင့်ချက်မှာ ယုံကြည်ခြင်း ခိုင်မာစေပါ။ ဒါဆိုရင် ပျော်ရွှင်လာမယ်။ အသက်ရှင်ရကျိုး နပ်တယ်လို့ စိတ်ချလာပါလိမ့်မယ်။

a ယေရှုရဲ့ ရွေးဖိုး ပူဇော်သကာကနေ အကျိုးခံစားရနိုင်ပုံအကြောင်း ပိုသိဖို့ www.pr2711.com/my လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း ဗီဒီယိုကို ကြည့်ပါ။ ကျွန်တော်တို့အကြောင်း > အောက်မေ့ရာပွဲမှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ