ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၂ စာ. ၁၂-၁၃
  • ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကူအညီ ရနိုင်တဲ့နေရာ
  • တည်မြဲတဲ့ကုသနည်း ရှိသလား
  • ကျွန်ုပ်တို့အားလုံး ဘုရားသခင်ကိုအဘယ်ကြောင့် ချီးမွမ်းသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စိတ်ကျဝေဒနာ—မည်သို့ ခံစားရသနည်း
    နိုးလော့!—၂၀၀၉
  • စိတ်ဓာတ် ကျဆင်းမှုကို အောင်နိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘နှစ်သိမ့်ခြင်း၏ ဘုရားသခင်’ ထံမှ ရရှိသော အကူအညီ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၂ စာ. ၁၂-၁၃
အမျိုးသမီးတစ်ဦး စားပွဲပေါ်က ကျမ်းစာအုပ်ကို ကိုင်ထားရင်း အဝေးကို ငေးကြည့်နေစဉ်

ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့ အခါ

“ဆက်မခံနိုင်တော့ဘူး။ သေသွားတာကမှ ကောင်းဦးမယ်လို့ စဉ်းစားမိတယ်” ဆိုပြီး ဘရာဇီးနိုင်ငံက အန်ဒရီယာနာ ပြောတယ်။

အသက် မရှင်ချင်တော့လောက်အောင် ဖြစ်ဖူးသလား။ ဖြစ်ဖူးရင် အန်ဒရီယာနာကို နားလည်ပေးနိုင်ပါလိမ့်မယ်။ အန်ဒရီယာနာဟာ ပူပင်သောကလွန်ကဲမှုဝေဒနာ ခံစားနေရပြီး ဝမ်းနည်းနေတယ်၊ မျှော်လင့်ချက် မဲ့နေတယ်။ စိတ်ကျဝေဒနာ ခံစားနေတယ်။

မကျန်းမာတဲ့ သက်ကြီးရွယ်အို မိဘတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ဂျပန်လူမျိုး ကာအိုရူအဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ “တစ်ခါတလေ အလုပ်မှာ ဖိစီးမှု အရမ်းများတယ်။ စားမဝင်၊ အိပ်မပျော် ဖြစ်လာတယ်။ သေမှပဲ အေးမယ်လို့ တွေးမိတယ်။”

နိုင်ဂျီးရီးယားက အိုဂျေဘိုဒီ ဒီလိုပြောတယ်– “တစ်ချိန်လုံး ဝမ်းနည်းပြီး မျက်ရည်ကျတတ်တယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်နည်းတွေ ရှာကြံခဲ့တယ်။” ဝမ်းသာစရာကတော့ အိုဂျေဘိုဒီ၊ ကာအိုရူ၊ အန်ဒရီယာနာတို့ ကိုယ့်ကိုယ်ကိုယ် မသတ်သေခဲ့ကြဘူး။ ဒါပေမဲ့ နှစ်တိုင်း လူသိန်းနဲ့ချီ ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြတယ်။

အကူအညီ ရနိုင်တဲ့နေရာ

ကိုယ့်ကိုယ်ကိုယ် သတ်သေသူအများစုက အကူအညီ တောင်းရမှာကို ရှက်တဲ့ အမျိုးသားတွေ ဖြစ်တယ်။ ဖျားနာသူတွေအတွက် သမားတော် လိုအပ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (လုကာ ၅:၃၁) ဒါကြောင့် အကူအညီ တောင်းဖို့ မရှက်ပါနဲ့။ စိတ်ကျဝေဒနာ ခံစားရသူတွေဟာ ဆေးကုသမှု ခံယူတဲ့အခါ သက်သာလာကြတယ်။ အိုဂျေဘိုဒီ၊ ကာအိုရူ၊ အန်ဒရီယာနာတို့ဟာ ဆရာဝန်အကူအညီနဲ့ ဝေဒနာ သက်သာလာကြပြီ။

စိတ်ကျဝေဒနာအတွက် ဆရာဝန်တွေက စကားပြောကုထုံးနဲ့ဖြစ်စေ၊ ဆေးဝါးနဲ့ဖြစ်စေ ကုသပေးနိုင်တယ်။ နှစ်မျိုးလုံးနဲ့လည်း ကုသပေးနိုင်တယ်။ စိတ်ကျဝေဒနာ ခံစားနေရသူတွေဟာ စိတ်ရှည်သည်းခံပြီး ဂရုစိုက်တတ်တဲ့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ထောက်မမှုလည်း လိုအပ်ကြတယ်။ အကောင်းဆုံးမိတ်ဆွေကတော့ ယေဟောဝါဘုရားပါပဲ။ ဘုရားစကားတော် သမ္မာကျမ်းစာအားဖြင့် အံ့ဖွယ်နည်းနဲ့ ကူညီထောက်မပေးနေပါတယ်။

တည်မြဲတဲ့ကုသနည်း ရှိသလား

စိတ်ကျဝေဒနာသည်တွေဟာ ရေရှည်ကုသမှု ခံယူဖို့ လိုတယ်။ ဘဝပုံစံတွေ ပြုပြင်ပြောင်းလဲပြီး ရင်ဆိုင်တတ်ရမယ်။ ဒါပေမဲ့ သင်ဟာ စိတ်ကျဝေဒနာ ခံစားနေရရင် အိုဂျေဘိုဒီလို တောက်ပတဲ့ အနာဂတ်ကို မျှော်လင့်နိုင်တယ်။ သူ ဒီလိုပြောတယ်– “ဟေရှာယ ၃၃:၂၄ မှာ ဘယ်သူကမှ ‘နေမကောင်းဘူး’ လို့ မညည်းရတော့မယ့် အချိန်အကြောင်း ကြိုဟောထားတယ်။ အဲဒီအချိန်ကို ကျွန်တော် မျှော်လင့်နေပါတယ်။” အိုဂျေဘိုဒီလို ဘုရားကတိတော်ကနေ နှစ်သိမ့်မှု ရယူပါ။ “နာကျင်ခြင်း” ရှိတော့မှာ မဟုတ်တဲ့ “မြေကြီးသစ်” ကို ဘုရား ကတိပြုထားတယ်။ (ဗျာဒိတ် ၂၁:၁၊ ၄) အဲဒီကတိတွေမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာအားလုံး ပျောက်ကင်းသွားမယ်ဆိုတာလည်း ပါတယ်။ ခံစားနေရတဲ့ စိတ်နာကျင်မှုတွေလည်း ထာဝစဉ် ပျောက်ကင်းသွားမယ်။ စိတ်နာကျင်စရာတွေကို “သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၁၇။

အကူအညီဖြစ်စေမယ့် ကျမ်းပိုဒ်များ

သင့်ခံစားချက်တွေကို ဘုရားသခင် နားလည်ပေးတယ်။

“မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ညာလက်ကို ဆုပ်ကိုင်ပြီး‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။”—ဟေရှာယ ၄၁:၁၃။

ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ဘယ်သူထက်မဆို ယေဟောဝါဘုရား နားလည်ပေးသလို ကူညီပေးချင်တယ်။

ဘုရားသခင့်စကားတော်ကို တွေးတောဆင်ခြင်ပါ။

“[ဧလိယက] သေပါရစေလို့ ဆုတောင်းတယ်။ ‘ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့’ ဆိုပြီး ပြောတယ်။”—၁ ဘုရင်များ ၁၉:၄။

“ဘုရားသခင့်စကားတော်ကို တွေးတောဆင်ခြင်ခြင်းက ကျွန်တော့်ကို ကူညီပေးတယ်။ ပရောဖက် ဧလိယလည်း ကျွန်တော့်လို ခံစားခဲ့ဖူးပါလားဆိုပြီး သဘောပေါက် လာတယ်” လို့ အိုဂျေဘိုဒီ ပြောပြတယ်။

ကျမ်းစာစံနမူနာတွေကနေ သင်ယူပါ။

“ခင်ဗျား [ပေတရု] ရဲ့ယုံကြည်ခြင်း အားမနည်းသွားအောင် ကျွန်တော် [ယေရှု] တိုးလျှိုးအသနားခံထားတယ်။”—လုကာ ၂၂:၃၂။

တမန်တော် ပေတရုဟာ ယေရှုကို သုံးကြိမ် ငြင်းပယ်ပြီးတဲ့အခါ မခံမရပ်နိုင်လောက်အောင် စိတ်မကောင်းဖြစ်သွားပြီး အသည်းအသန် ငိုကြွေးခဲ့တယ်။ “ယေဟောဝါနဲ့ ယေရှုက ပေတရုရဲ့ ခံစားချက်ကို ဂရုစိုက်မှန်း သိရလို့ ကျွန်တော့်အတွက် အကူအညီ ဖြစ်ခဲ့တယ်” လို့ ကာအိုရူ ပြောပြတယ်။

စိတ်နာကျင်စရာတွေကို “သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ