ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၀ စာ. ၁-၃
  • သမ္မာတရားကို သက်သေထူခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာတရားကို သက်သေထူခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ အရေးကြီးသောတာဝန်
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကျွန်ုပ်တို့ ထပ်မံလုပ်ဆောင်ကြမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • သင်အရန်ရှေ့ဆောင်နိုင်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၇/၉၀ စာ. ၁-၃

သမ္မာတရားကို သက်သေထူခြင်း

၁ သမ္မာတရားကိုသက်သေထူခြင်းငှာ ဤလောကသို့ကြွလာတော်မူကြောင်း ယေရှုရှင်းလင်းပြတ်သားစွာတင်ပြခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်။ “သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။”​—ယော၊ ၁၈:၃၇။

၂ ဇွဲနှင့်ဟောပြောခြင်းဖြင့် ယေဟောဝါ၏နာမတော်ကို ယေရှုဘုန်းထင်ရှားစေတော်မူခဲ့သည်။ လူတို့၏အဖြစ်ဆိုးကိုအသိအမှတ်ပြုကာ မေတ္တာစစ်ပြသတော်မူခဲ့သည်။ ကိုယ်တော်၏လုပ်ငန်းတော်အကြောင်း မဿဲဤသို့ရေးသားခဲ့သည်။ “ယေရှုသည် တရားစရပ်တို့၌ ဆုံးမသြဝါဒပေးလျက် နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကိုဟောလျက် . . . မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။” (မ၊ ၉:၃၅၊ ၃၆) ယေရှုနည်းတူ ယေဟောဝါကိုချစ်မြတ်နိုးစိတ်နှင့် သူတစ်ပါးကိုချစ်ခြင်းက ကျွန်ုပ်တို့အားဟောပြောရန် လှုံ့ဆော်ပေးသင့်သည်။

ကျွန်ုပ်တို့၏ အရေးကြီးသောတာဝန်

၃ လူတို့ကိုလည်းကောင်း၊ ယေဟောဝါကိုလည်းကောင်း တကယ်ချစ်ခြင်းကြောင့် ယေဟောဝါနှင့် ကိုယ်တော်၏အံ့ချီးဖွယ်အမှုတော်များဆိုင်ရာ သမ္မာတရားကို လူတို့အားသင်ပြပေးရန် ရရှိသမျှအခွင့်အရေးများကိုယူသင့်သည်။ (ဆာ၊ ၉၆:၂၊ ၃။ ၁၄၅:၁၀-၁၃) သို့ရာတွင် နေ့စဉ်ဘဝ၏ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်အာရုံလွင့်ပါးစေသည့်အရာများသည် သက်သေခံခြင်းလုပ်ငန်းမှ ကျွန်ုပ်တို့ကိုလွယ်ကူစွာလမ်းလွဲသွားစေနိုင်သည်။ ထိုကြောင့် ဘုရားသခင်နှင့် ကိုယ်တော်၏နိုင်ငံတော်ဆိုင်ရာ သမ္မာတရားကိုသက်သေခံခြင်း မည်မျှအရေးကြီးကြောင်း တစ်စိုက်မတ်မတ်ကြည့်မျှော်နေသင့်သည်။ ကျွန်ုပ်တို့တာဝန်ရရှိထားသည့် အရေးကြီးသောအသက်ပေးလုပ်ငန်းမှ လမ်းမလွဲသွားစေပါနှင့်။ (မ၊ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ယေဟောဝါ၏လုပ်ငန်းတွင် အလုပ်များနေခြင်းကား ကျွန်ုပ်တို့အတွက် အကာအကွယ်ဖြစ်ပေသည်။ သမ္မာတရားကြားနာရန် လိုအပ်နေသူများအတွက်လည်း မြဲမြံသောအကျိုးကျေးဇူးများဖြစ်စေနိုင်သည်။​—၁ ကော၊ ၁၅:၅၈။

၄ မှန်မှန် သို့မဟုတ် အရံရှေ့ဆောင်အဖြစ် သင်အမှုဆောင်နိုင်မည်လော။ ဤနည်းဖြင့် သင့်လုပ်ငန်းတော်ကို တိုးချဲ့ပေးနိုင်၊ မနိုင် သင့်အခြေအနေကိုစမ်းစစ်ကြည့်ပါ။ ဝမ်းစာရှာလုပ်ငန်းမှ သင်အနားယူနေပြီလော။ ဟောပြောခြင်းလုပ်ငန်း၌ သင့်အချိန်ကို အပြည့်အဝအသုံးပြုကြည့်ပါ။ ကျောင်းနေဆဲ လူငယ်များစွာလည်း အရံရှေ့ဆောင်ခြင်းကို မှန်မှန်ပြုလုပ်ခဲ့ပြီ။ ဤသူများက ယင်းလုပ်ငန်းသည် သူတို့အားဝိညာဏနှင့်ကာယလန်းဆန်းမှုပေးရုံမက စိတ်နှလုံးရွှင်လန်းမှုလည်းပေးကြောင်း ပြောဆိုကြသည်။

၅ သမ္မာတရားကို ထိရောက်စွာသက်သေခံခြင်းငှာ ကျွန်ုပ်တို့အချိန်ကို အသေအချာဇယားဆွဲပေးရန်လိုသည်။ (ဧ၊ ၅:၁၅၊ ၁၆) အရံရှေ့ဆောင်ရန် ပျမ်းမျှအားဖြင့် တစ်နေ့လျှင်နှစ်နာရီသာ တစ်လအတွင်းအမှုဆောင်ရန်လိုအပ်သည်။ အချို့က အလုပ် သို့မဟုတ်ကျောင်းမသွားမီ အမှုဆောင်ထွက်ရန် တစ်နာရီစောစောထကြသည်။ အရံရှေ့ဆောင်နိုင်ကြရန် အသင်းတော်များစွာက ညနေချိန်သက်သေခံခြင်းလုပ်ငန်း စီစဉ်ပေးထားသည်။ ထို့ပြင် အရံရှေ့ဆောင်ရန် မိမိတို့အချိန်ကိုကောင်းစွာစီစဉ်နိုင်ခဲ့သူများနှင့် ဆွေးနွေးနှီးနှောလျှင် အားပေးမှုသာမက အကြံဉာဏ်ကောင်းများလည်းရကောင်းရနိုင်ပေမည်။

၆ ယေဟောဝါဘုရားသခင်သည် ကောင်းမြတ်တော်မူခြင်းကို ကျေးကျွန်များအား အမြဲတင်ပြခဲ့ပေပြီ။ သစ္စာတည်ကြည်စွာ ကိုယ်တော်.အမှုတော်ထမ်းခဲ့သူများသည် ကောင်းချီးများ ကြွယ်ဝစွာခံစားခဲ့ပေပြီ။ ကိုယ်တော်ကိုချစ်မြတ်နိုးသူများအပေါ် ယေဟောဝါ၏ကောင်းမြတ်ခြင်း ယခုပင်ထင်ရှားနေသည်။ သမ္မာတရားကိုကျွန်ုပ်တို့သက်သေခံရာတွင် အခြေအနေခွင့်ပြုသမျှကြိုးစားခြင်းကို ယေဟောဝါဝမ်းမြောက်စွာလက်ခံတော်မူသည်။​—ဟေ၊ ၆:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ