ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၀ စာ. ၁-၂
  • ဝိညာဏဘဏ္ဍာကို သူတစ်ပါးအားဝေမျှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝိညာဏဘဏ္ဍာကို သူတစ်ပါးအားဝေမျှ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြားသူများအား မည်သို့ချမ်းသာစေနိုင်
  • ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ
    နိုးလော့!—၂၀၀၇
  • ကြွယ်ဝသောစည်းစိမ်သည် သင့်အတွက်ဖြစ်နိုင်!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • စစ်မှန်တဲ့ စည်းစိမ်ကို ရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဘုရားသခင်ထံမှလာသော ကြွယ်ဝမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၇/၉၀ စာ. ၁-၂

ဝိညာဏဘဏ္ဍာကို သူတစ်ပါးအားဝေမျှ

၁ လောကီစည်းစိမ်ဥစ္စာများသည် ဝိညာဏဘဏ္ဍာနှင့် တန်ဖိုးမညီကြောင်း သစ္စာရှိမောရှေနည်းတူ မျက်မှောက်ခေတ် ယေဟောဝါသက်သေများ သိထားကြ၏။ (ဟေ၊ ၁၁:၂၆) အိမ်ယာ၊ ကားနှင့် အခြားပစ္စည်းများကို ငွေဖြင့်ဝယ်ယူနိုင်သော်လည်း အသက်၊ စိတ်၏ငြိမ်သက်မှု၊ ယေဟောဝါဘုရားသခင်၏မျက်နှာသာနှင့် ကောင်းချီးများကိုကား မဝယ်ယူနိုင်။

၂ အသိပညာ၊ ဘုရားသခင့်နှုတ်ကပတ်တော်နှင့် ရည်ရွယ်တော်မူချက်ကို သိနားလည်ခြင်းသည် စစ်မှန်သောဝိညာဏဘဏ္ဍာများဖြစ်သည်။ (ကော၊ ၂:၃) ဤထူးခြားသောစည်းစိမ်သည် ယခုပင် စစ်မှန်သောပျော်ရွှင်မှုပေးရုံမက အနာဂတ်အတွက်လည်း ခိုင်မြဲသောမျှော်လင့်ချက်ရှိစေသည်။ ဤကဲ့သို့သောဝိညာဏဘဏ္ဍာများရရှိထားသဖြင့် အခွင့်ထူးလှသည်တကား။

အခြားသူများအား မည်သို့ချမ်းသာစေနိုင်

၃ ‘လျှို့ဝှက်ရာ ဘုရားရေးရာအသိဉာဏ်ပညာဘဏ္ဍာ’ ကို ကင်းမျှော်စင်ကရရှိစေနိုင်သောကြောင့် လူတို့အား ယင်းမဂ္ဂဇင်းကိုတင်ပြခြင်းအားဖြင့် သူတို့ကို ဝိညာဉ်ရေးအရ ချမ်းသာကြွယ်ဝစေနိုင်မည်။ (သု၊ ၂:၄) ဇူလိုင်လတွင် အခွင့်အရေးရတိုင်း ကင်းမျှော်စင်နှစ်စဉ်ကြေးကို ကောက်ခံကြမည်။ ကင်းမျှော်စင်သည် ကျွန်ုပ်တို့ဘဝကို မည်သို့ကြွယ်ဝစေခဲ့ကြောင်း စိတ်စွဲလန်းနေမည်ဆိုလျှင် နှစ်စဉ်ကြေးယူရန်ပြောဆိုဖို့ တွန့်ဆုတ်နေမည်မဟုတ်ဘဲ များစွာသောသူတို့အား မည်သို့အားပေးနိုင်မည့်နည်းများကို ရှာကြံနေပါမည်။ (သု၊ ၃:၂၇) မဂ္ဂဇင်းလမ်းကြောင်း သင့်၌ရှိရန် မဂ္ဂဇင်းများဝေငှထားသည့် အိမ်လိပ်စာများကို ရေးမှတ်ထားပါ။

၄ မိမိတန်ဖိုးရှိရာများကို ဝေမျှပေးခဲ့သည့် ဆာလံ ၁၁၂ ပါဘုရားကိုကြောက်ရွံ့သူနှင့် ဝိညာဏသဘောအရ သင်မည်သို့တူညီနိုင်မည်နည်း။ (ဆာ၊ ၁၁၂:၁၊ ၃၊ ၉) သိုးကဲ့သို့သောသူများကိုရှာပြီး သူတို့၏ဝိညာဏလိုအပ်ရာကို ဖြည့်စွက်ပေးရန်လိုပါသည်။ (မ၊ ၅:၃) ယင်းသို့ပြုခြင်းငှာ အစီအစဉ်ရှိသည့်အတိုင်းသော်လည်းကောင်း၊ အလွတ်သဘောဖြင့်သော်လည်းကောင်း အခွင့်အရေးရတိုင်းသက်သေခံရန် လိုအပ်ပါသည်။

၅ အချို့နေရာများဝယ် ညနေချိန်တွင်အိမ်များ၌လူစုံတတ်သဖြင့် ညနေပိုင်းသက်သေခံခြင်းလုပ်ငန်းသည် အကျိုးပိုရှိသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းမတိုင်မီ၊ သို့မဟုတ် ကြားရက်တစ်ရက်ရက်တွင် ညနေပိုင်းတစ်အိမ်မှတစ်အိမ်သက်သေခံခြင်းလုပ်ငန်းကို တစ်နာရီခန့် ပြုလုပ်ခဲ့ဖူးသလော။ ယင်းသို့ပြုရန် အသေအချာစီစဉ်ပြီး စမ်းကြည့်ပါ။ အကျိုးထိရောက်ပေမည်။

၆ သင့်အလုပ်ခွင်တွင် သက်သေခံရန်အခွင့်ကောင်းများရရှိသလော။ ညီအစ်မတစ်ဦးသည် အလုပ်လုပ်ဖေါ်များတွေ့မြင်နိုင်ရန် မဂ္ဂဇင်းများကိုမိမိစားပွဲပေါ်တင်ထားသည်။ နံနက်ပိုင်းတွင်ပင် မဂ္ဂဇင်းအားလုံးကုန်သွားလေသည်။ အတော်များများ တကယ်စိတ်ဝင်စားမှုပြပါသည်။ မဂ္ဂဇင်း ၁၈ စောင်ဝေငှနိုင်ခဲ့သည်။

၇ ယေဟောဝါအဖွဲ့အစည်းမှတစ်ဆင့်ရရှိသည့် ကျမ်းစာစာပေများကို ကျွန်ုပ်တို့လေ့လာခြင်းဖြင့် ကျွန်ုပ်တို့ရရှိထားသည့် အသိဉာဏ်ပညာဝိညာဏဘဏ္ဍာသည် ရွှေငွေရတနာရှိရှိသမျှနှင့် နှိုင်းယှဉ်၍မရပါ။ ဝိညာဏဘဏ္ဍာကိုဆည်းပူးသူများသည် စိတ်ချမ်းသာမှု၊ ငြိမ်သက်ခြင်း၊ “အသက်တာရှည်ခြင်း” မက ထာဝရအသက်ပင်ရရှိနိုင်သည်။ (သု၊ ၃:၁၃-၁၈) ကျွန်ုပ်တို့၏ဝိညာဏဘဏ္ဍာကို သူတစ်ပါးအားဝေမျှခြင်းဖြင့် ရရှိထားသမျှကိုတန်ဖိုးထားကြောင်းတင်ပြသည်။ သို့ဖြင့် ယေဟောဝါထံတော်မှ ကောင်းချီးများအဆက်မပြတ်ရရှိလိမ့်မည်။​—သု၊ ၁၉:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ