တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
မေ ၁၄ ရက်နေ့တွင် အစပြုသည့်အပတ်အတွက်
၁၀ မိ။ နေ့စဉ်ကျမ်းချက်နှင့် ဒေသကြေညာချက်များ။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—နှစ်စဉ်ကြေးများ ဝေငှခြင်းအားဖြင့်။” မေးဖြေခြင်း။ အပိုဒ် ၄ ပြီးနောက် အပြန်အလှန်စကားအတွက် အကြောင်းအရာကို အသုံးပြု သရုပ်ပြပါ။ ငြိမ်သက်ခြင်းအကြောင်းဆိုင်ရာ ဆောင်းပါးများကို ပေါ်လွင်စေပါ။ နှစ်စဉ်ကြေးဝေငှရာတွင် အပြုသဘောရှိသင့်သည်။
၁၅ မိ။ တိုက်နယ်စည်းဝေး ပေါ်လွင်ချက်များ။
သီချင်း ၁၈၁ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
မေ ၂၁ ရက်နေ့တွင် အစပြုသည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်နှင့် စာရင်းအင်းမှတ်တမ်း။ နောက်ဆုံးထုတ် မဂ္ဂဇင်းများကို တင်ဆက်ပုံ ၃၀- မှ ၆၀- မိနစ်ခန့် သရုပ်ပြချက်နှစ်ခုပြပါ။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းအကြောင်း အသင်းတော်ကို အသိပေးပါ။ ကြိုးစားမှုအတွက် အသင်းတော်ကို ချီးမွမ်းပေးပါ။
၁၈ မိ။ “ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အုတ်မြစ် ယေရှုခရစ်ဘုန်းကို ထင်ရှားလော့။” မေးဖြေဆွေးနွေးရန်။
၁၇ မိ။ သတိရအောက်မေ့ပွဲ တက်ရောက်ခဲ့သူများကို စည်းဝေးများ မှန်မှန်တက်ရန် မည်သို့ကူညီနိုင်။ ကိုယ်တိုင်ပြင်ဆင်ဟောပြောရန်။
သီချင်း ၁၉၃ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
မေ ၂၈ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်နှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ကြေညာချက်။
၂၀ မိ။ “သတင်းကောင်းကို ရဲရင့်စွာ ကြေညာ။” မေးဖြေဆွေးနွေးရန်။ အချိန်ရသရွေ့ အပိုဒ်များကို ဖတ်ပါ။
၁၅ မိ။ ယခုကတည်းက လုပ်ငန်းတော်နှစ်ကို အောင်မြင်မှုများစွာဖြင့် နိဂုံးချုပ်ရန် အမှုဆောင်ကြခြင်း။ လုပ်ငန်းတော် ကြီးကြပ်မှူးဟောပြောရန်။
သီချင်း ၉၂ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဇွန်လ ၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်နှင့် သီအိုကရက်တစ်သတင်းများ။ ကင်းမျှော်စင်ကိုထုတ်ဝေရာတွင် ဘာကိုတင်ပြနိုင်ကြောင်း ဟောပြောသူသည် ပရိသတ်နှင့် ဆွေးနွေးနိုင်သည်။ စစ်မှန်သော ငြိမ်သက်မှုကို အာမခံနိုင်သည့် တန်ခိုးကြီးအုပ်ချုပ်သူဖြင့်သာ ရရှိနိုင်ကြောင်းပြောဆိုနိုင်။ ခရစ်တော်လက်အောက်ရှိ နိုင်ငံတော်သည် ငြိမ်သက်မှု များစွာပေးမည်အကြောင်း ဆာလံ ၇၂:၇ ကဆို။ ဖြောင့်မတ်သော အစိုးရမင်းအဖြစ် မတရားသောသူများကို အဆုံးစီရင်ပြီး သေလွန်သူများကိုပင် ရှင်ပြန်ထမြောက်စေနိုင်ကြောင်း အာမခံနိုင်သည်။ (ဆာ၊ ၃၇:၁၀၊ ၁၁) မဂ္ဂဇင်းနေ့တွင် သို့မဟုတ် အလှူငွေပေးခြင်းသက်သက်သဘောဖြင့် နှစ်စဉ်ကြေးဝေငှရာတွင် အသုံးပြုနိုင်မည့် မြန်မာကင်းမျှော်စင်မှ အချက်များကိုတင်ပြပါ။
၂၅ မိ။ “ပညာရှိလော့—သင်အံလေသမျှကို ကျင့်သုံးလေ။” ပရိသတ်နှင့် အကြီးအကဲ ဆွေးနွေး။ သင်ယူသမျှကို မှတ်မိပြီး ကျင့်သုံးနိုင်ရန် စာပေများကို အသေအချာ လေ့လာရန် လိုအပ်ကြောင်း အလေးအနက် ပေါ်လွင်စေပါ။ ဒေသလိုက်သက်ဆိုင်သော များမကြာမီက ထုတ်ဝေသည့် စာပေများမှ လက်တွေ့ကျ အချက်များကို ဂရုပြုစေပါ။ ဥပမာများ။ ကျောင်းတွင် အခြေအနေအမျိုးမျိုးကို လူငယ်များ မည်သို့ကိုင်တွယ်နိုင်ကြောင်း။ အလုပ်ခွင်တွင် ကြုံတွေ့ရမည့် အခက်အခဲများကို မည်သို့ကိုင်တွယ်နိုင်ကြောင်း။ ညီအစ်ကိုချင်း သို့မဟုတ် အိမ်ထောင်ဘက်ချင်းတို့ စပ်ကြား ပြဿနာများကို မည်သို့ဖြေရှင်းနိုင်ကြောင်း။ ဒေသခံ အသင်းတော်အတွက် အကူအညီအများဆုံးပေးမည့်အကြောင်းကို အသုံးပြုပါ။
၁၀ မိ။ ကျွန်ုပ်တို့သင်ယူရာများကို ကျင့်သုံးခြင်းမှ ကောင်းချီးများ။ သင်ယူရာများကို မည်သို့ကျင့်သုံးခဲ့ပြီး ကျင့်သုံးခဲ့သူများအပေါ် အဘယ်ကောင်းချီးများ ကျရောက်ခဲ့ကြောင်း ကောင်းစွာပြင်ဆင်ထားသည့် တွေ့ကြုံမှုများကို တင်ပြပါ။ ဒေသခံ တွေ့ကြုံမှုများက အကောင်းဆုံးဖြစ်သည်။ သို့သော် လိုအပ်လျှင် ၁၉၉၀ နှစ်ချုပ်စာအုပ် မှတွေ့ကြုံမှုများကို အသုံးပြုနိုင်သည်။—စာမျက်နှာ ၇-၉၊ ၄၃-၅၊ ၅၀-၃၊ ၅၇-၈၊ ၆၄ တို့ကို ကြည့်ပါ။
သီချင်း ၇၅ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဇွန်လ ၁၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ ဧပြီနှင့်မေလတွင် အရံရှေ့ဆောင်ခဲ့သူများထံမှ တွေ့ကြုံမှုများကို တောင်းဆိုပါ။
၁၅ မိ။ ဝိညာဏအချိန်အခါကောင်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း။ ဦးစီးကြီးကြပ်မှူးသည် လာမည့်လများတွင် ကြိုတင်ပြင်ဆင်ဖို့လိုသောအရာများအကြောင်း ပရိသတ်နှင့် ဆွေးနွေး။ ယင်းတို့တွင် တာဝန်ချထားသည့် စည်းဝေးပွဲအတွက်ပြင်ဆင်ခြင်း (တည်းခိုရာ၊ ခရီးသွားအစီအစဉ်များ၊ အလုပ်မှ အခွင့်ယူခြင်း၊ နှစ်ခြင်းခံမည့်သူများ ကြိုတင်ပြင်ဆင်ခြင်း၊ အစရှိသည်တို့) အရံရှေ့ဆောင်ခြင်း၊ အမှုဆောင်ထွက်လေ့နည်းသည့် ရပ်ကွက်တွင် အမှုဆောင်ခြင်း ပင်ပါဝင်နိုင်သည်။ နွေရာသီကျောင်းပိတ်ချိန်တွင် လူငယ်များ တိုး၍အမှုဆောင်နိုင်။ ယခုကတည်းက ပြင်ဆင်ခြင်းအားဖြင့် ဤနွေရာသီကို အမှတ်တရဖြစ်ပါလေစေ။
၂၀ မိ။ “ခံနိုင်ရည်ဖြင့် အသီးသီးခြင်း။” ၁၉၉၀ နှစ်ချုပ်စာအုပ် စာမျက်နှာ ၂၅၃-၅ ပါအကြောင်းကို ဟောပြောရန်။ စုံစမ်းခြင်း နှင့် ခဲယဉ်းသော အခြေအနေများကြား ရဲရင့်စွာသက်သေခံခြင်း နှင့် အသီးသီးခြင်းအတွက် ဒေသခံအသင်းတော်ရှိ ကြေညာသူများကို ချီးမွမ်းပါ။ နှစ်ချုပ်စာအုပ်မရှိသူများ ဤခေါင်းစဉ်ဖြင့်ဟောပြောချက်ကို ကိုယ်တိုင်ပြင်ဆင်ဟောပြောပါ။
သီချင်း ၇၂ နှင့် နိဂုံးချုပ် ဆုတောင်းချက်။