ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၀ စာ. ၁-၅
  • သတင်းကောင်းကို ရဲရင့်စွာ ကြေညာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းကို ရဲရင့်စွာ ကြေညာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကိုအားထားကြောင်း တင်ပြ
  • ရဲရင့်စွာဟောပြောခြင်းဖြင့် ယေရှုကိုတုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်သည် ရဲရင့်စွာဟောပြောသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ‘ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြောကြ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ရဲရင့်စွာဆက်၍ဟောပြောကြလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၅/၉၀ စာ. ၁-၅

သတင်းကောင်းကို ရဲရင့်စွာ ကြေညာ

၁ သမိုင်းတစ်လျှောက် ခရစ်ယာန်စစ်များသည် ရဲရင့်ခြင်းအတွက် နာမည်ကျော်ကြားခဲ့သည်။ ယင်း၌ တမန်တော်ပေတရုနှင့် ယောဟန်တို့သည် အဓိကပုံသက်သေများဖြစ်ကြသည်။ ထောင်ချခံရ၍ ခြိမ်းခြောက်ခံရကြသော်လည်း ဤတမန်တော်များသည် သမ္မာတရားကို ဆက်လက်၍ ကြောက်ရွံ့ခြင်းမရှိ ရဲရင့်စွာ ဟောပြောခဲ့သည်။ (တမန်တော် ၄:၁၈-၂၀၊ ၂၃၊ ၃၁ခ) ညှဉ်းပမ်းမှုများစွာခံခဲ့ရသည်တိုင် ခဲယဉ်းသောရပ်ကွက်တွင် ဓမ္မအမှုကို ပေါလုရဲရင့်စွာ ဆောင်ရွက်ခဲ့သည်။​—တ၊ ၂၀:၂၀။ ၂ ကော၊ ၁၁:၂၃၊ ၂၈။

၂ အခက်အခဲများစွာကြား အခြားခရစ်ယာန်များနှင့် တမန်တော်များပါ ရာဇဝင်တစ်လျှောက် သတင်းကောင်းကို အဘယ်နည်းဖြင့် ရဲရင့်စွာ ကြေညာနိုင်ခဲ့သနည်း။ ၁ သက်သာလောနိတ် ၂:၂ တွင် ထိုမေးခွန်းကို တမန်တော်ပေါလု ဖြေဆိုပေးသည်။ “ဘုရားသခင်ကိုအမှီပြု၍ ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ၏။” ဤနည်းအတိုင်းပင် ပေတရုနှင့်ယောဟန်အပြင် အခြားတပည့်တော်များသည် သတင်းကောင်းကို ရဲရင့်စွာ ကြေညာနိုင်ခဲ့သည်။ အကျဉ်းထောင်မှလွတ်လာပြီးနောက် ပေတရုနှင့် ယောဟန်သည် တပည့်တော်ချင်းတို့အား သတင်းပို့ခဲ့သည်။ ဆုတောင်းရာတွင် ‘ကိုယ်တော်၏နှုတ်ကပတ်တော်ကို ရဲရင့်စွာ ပြောဆိုနိုင်ရန်’ သတ္တိနှင့် ခွန်အားပေးပါရန် ယေဟောဝါအားတောင်းဆိုခဲ့သည်။ “ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ” စဉ် ယင်းဆုတောင်းချက်ကို ဘုရားသခင်နားညောင်းကြောင်း ထင်ရှားခဲ့သည်။​—တ၊ ၄:၂၉၊ ၃၁။

ယေဟောဝါကိုအားထားကြောင်း တင်ပြ

၃ မိမိတို့ကို ယေဟောဝါအားပေးထောက်ခံကြောင်း တမန်တော်များစိတ်ချနေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် ယေဟောဝါပေးထားသမျှ ကတိတော်များ မှန်ကန်ကြောင်းထင်ရှားလေပြီ။ ပြည့်စုံရဦးမည့် အခြားကတိတော်များလည်း ယေရှုခရစ်အားဖြင့် အာမခံချက်ရှိနေသည်။ သတင်းကောင်းကို ရဲရင့်စွာဟောပြောရန် ထပ်တူစိတ်ချမှု ကျွန်ုပ်တို့၌ရှိပါသလော။ ဘာသာစကားအမျိုးမျိုးမပြောနိုင်၊ ရောဂါမငြိမ်းစေနိုင်ဦးတော့ ယေဟောဝါ၏ကျောထောက်နောက်ခံမှု ရရှိထားကြောင်း သာဓကများစွာရှိသည်။ ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံလာသည်ကိုတွေ့ရှိရသောအခါ ဘုရားသခင်နိုင်ငံတော်သတင်းကောင်းကို ရဲရင့်စွာ ဟောပြောရန် တိုက်တွန်းခံရပါသလော။

၄ ဤသို့ရဲရင့်စွာဟောပြောခြင်းကြောင့် အတိုက်အခံပြုချက်များ ကြုံကြိုက်ရမည်ကားအမှန်။ (ယော၊ ၁၅:၂၀) ယေရှုနှင့် ပထမရာစုခရစ်ယာန်များ ထပ်တူပင်ကြုံခဲ့ရ၏။ သို့သော် ယင်းကြောင့် သူတို့အတားအဆီးမခံရ။ သူတို့ဇွဲလုံ့လလည်း မလျော့နည်းခဲ့ပါ။ အမှန်မှာ ဤအတိုက်အခံများကြောင့် နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့ခဲ့သည်။ (တ၊ ၄:၃၊ ၈-၁၃က) အရေးကြီးကိစ္စများတွင် ဘုရားသခင့်နှုတ်ကပတ်တော်ကို မှီငြမ်းသောကြောင့် ကျွန်ုပ်တို့၏ရပ်တည်ပုံနှင့်ပတ်သက်၍ အကြောင်းပြချက်ပေးရန် မကြာခဏ တောင်းဆိုခံရကြသည်။ ဤအချိန်အခါမျိုးကို သတင်းကောင်းရဲရင့်စွာကြေညာရန် အခွင့်ကောင်းများအဖြစ် ကျွန်ုပ်တို့ယူမှတ်ကြသည်။ ဤသို့ပြုခြင်းအားဖြင့် ယေရှုခရစ်နှင့် ကိုယ်တော်၏တမန်တော်များကို ကျွန်ုပ်တို့တုပနေခြင်းဖြစ်သည်။

၅ အရံရှေ့ဆောင်ခြင်းဖြင့် သတင်းကောင်းဝေငှရန် အခွင့်ကောင်းများစွာရရှိသည်။ မေလတွင် အရံရှေ့ဆောင်မည့်သူများစွာရှိသည်။ နောက်နောင် အရံရှေ့ဆောင်မည်သူများလည်းရှိသည်။ အရံရှေ့ဆောင်ရန် သင့်အခြေအနေက ခွင့်ပြုမည်လော။ အရံရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ရန်ကြိုးစားခြင်းအားဖြင့် ပေါလုနှင့်ဗာနဗကဲ့သို့သူများဖြစ်ကြောင်း တင်ပြကြသည်။ တမန်တော် ၁၄:၃ တွင် ဤသို့ဆိုသည်။ ‘ယေဟောဝါ၏အခွင့်အာဏာဖြင့် ကြာမြင့်စွာနေ၍ ရဲရင့်စွာ ဟောပြောကြ၏။’ အခြားလုပ်ငန်းရပ်များမှ အချိန်ကိုရွေးနှုတ်နိုင်၍ တစ်လလတွင် လယ်ကွင်းဓမ္မအမှု၌ အနည်းဆုံးနာရီ၆၀ သွင်းနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့ကောင်းချီးများ တိုးပွားလာမည်ကား အမှန်။

၆ ဓမ္မအမှုတွင်ရဲရင့်ခြင်းသည် အထူးသဖြင့် နှစ်စဉ်ကြေးများဝေငှရာတွင် များစွာအကူအညီဖြစ်သည်။ မဂ္ဂဇင်းများတွင် ဘုရားသခင့်နှုတ်ကပတ်တော်ကို အခြေခံသည့် အသက်ကယ်တင်သောသတင်း ပါရှိသည်။ ထိုကြောင့် မတွန့်မဆုတ်ဘဲ ကျွန်ုပ်တို့အတုယူထိုက်သူ ယေရှု နှင့် ကိုယ်တော်၏ တမန်တော်များနည်းတူ ရဲရင့်စွာ ဟောပြောကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ