ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၀ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံယူပြီးနောက်
  • ထာဝစဉ်အသက်ရှင် နှင့် ဝတ်ပြုရေးတွင်တစည်းတလုံးတည်း စာအုပ်များကို လေ့လာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ကျမ်းစာသင်အံမှုများ ကျင်းပရာတွင် “ဘုရားသခင့် မေတ္တာတော်” စာအုပ်ကို မည်သို့အသုံးပြုနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ‘ညွှန်ပြသူမရှိလျှင် မည်သို့နားလည်နိုင်မည်နည်း’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၁၂/၉၀ စာ. ၇

မေးခွန်းသေတ္တာ

● ဒုတိယစာအုပ်ဖတ်မပြီးမီ တပည့်သစ်များနှစ်ခြင်းယူပါက သူတို့နှင့် စာအုပ်နှစ်အုပ်ဖတ်ပြီးရန် အဘယ်ကြောင့်အရေးကြီးသနည်း။

အသင်းတော်များအတွင်း စုပြုံဝင်လာနေသောလူသစ်များနှင့် မိမိအဖွဲ့အစည်းကို ယေဟောဝါကောင်းချီးပေးတော်မူသည်။ ဤစုသိမ်းခြင်းကိုတွေ့ရှိရ၍လည်း ဝမ်းမြောက်ကြ၏။ သို့ရာတွင် ဤသိုးကဲ့သို့သူများသည် ယေဟောဝါအကြောင်းသင်ယူရာတွင် ဆက်လက်ကူညီပေးမှုနှင့် လမ်းပြမှုလိုအပ်ကြောင်းသိရှိကြ၏။

လူသစ်များသည် သမ္မာတရားကိုမှန်ကန်စွာသိရှိရန် အကူအညီလိုသည်။ (ကော၊ ၁:၉၊ ၁၀) သီလစံချိန်များ၊ ခရစ်ယာန်နေမှုထိုင်မှုနှင့် အခြားဆက်စပ်သောအကြောင်းတို့ကို ကျမ်းစာမည်သို့သွန်သင်ကြောင်း အသေအချာသိကာ ကျမ်းစာအခြေခံအယူဝါဒများကို နားလည်ထားစေရန် သူတို့အားကူညီပေးခြင်းသည် ကျွန်ုပ်တို့အခွင့်ထူးဖြစ်သည်။ ဤပညာရှိထားခြင်းဖြင့် ရှေ့တွင်ရင်ဆိုင်စရာစုံစမ်းခြင်းများကို အောင်နိုင်ရန် သမ္မာတရား၌စွဲမြဲစွာတည်တံ့နိုင်ကြမည်။

သင်သားများသည် သိနားလည်မှုစွမ်းရည်တွင် ရင့်ကျက်ရန်လည်းလိုသည်။ (၁ ကော၊ ၁၄:၂၀) ဝိညာဉ်ရေးတွင်ရင့်ကျက်သူအနေအထားသို့ရောက်နိုင်ရန် သင်ပြသူနှင့်အတူ ကိုယ်ပိုင်ကျမ်းစာသင်အံယူခြင်းသည် များစွာအထောက်အကူပြုကြောင်း တွေ့ရှိခဲ့ကြပြီ။ သို့ဖြစ်၍ စာအုပ်နှစ်အုပ်လေ့လာမပြီးမီ နှစ်ခြင်းယူခဲ့ဦးတော့ မပြီးမချင်းအိမ်တွင်းကျမ်းစာသင်အံမှုဆက်ပြုလုပ်ခြင်းသည် ဉာဏ်ပညာရှိရာဖြစ်သည်။

နှစ်ခြင်းခံယူပြီးနောက်

ကျွန်ုပ်တို့သည် နှစ်ခြင်းပေးပြီးသွန်သင်ခြင်းအားဖြင့် တပည့်များပြုလုပ်ရမည်ဟု ယေရှုမှာကြားခဲ့သည်။ (မ၊ ၂၈:၁၉၊ ၂၀) တပည့်များအားသွန်သင်ပေးမှုကို နှစ်ခြင်းပြီးနောက်များသောအားဖြင့်ပြုလေ့ရှိသည်။ စာအုပ်တစ်အုပ်တည်းမှရရှိသောအသိပညာသည် လူတစ်ဦး၏ဝိညာဏလေ့ကျင့်မှုကို ပြီးပြည့်စေရန် အများအားဖြင့်မလုံလောက်နိုင်ပါ။ ဓမ္မအမှုလုပ်ငန်းအတွက် အရည်အချင်းပြည့်ဝသူဖြစ်ပြီး ဤနောက်ဆုံးကာလတွင် ယေဟောဝါအမှုတော်ထမ်းသူများ ကြုံတွေ့ရသည့်ဖိစီးမှုများကို တိုက်လှန်နိုင်ရန်အသင့်ရှိကြဖို့ ထပ်ဆင့်သွန်သင်ချက်များလိုအပ်ပါသည်။ လုံလောက်စွာလေ့ကျင့်မပေးထားလျှင် သင်သားအနေနှင့် ဝိညာဉ်ရေးအရ မိမိခြေပေါ်ရပ်တည်နိုင်စွမ်းမရှိဘဲဖြစ်ချေမည်။ လူသစ်တစ်ဦးနှစ်ခြင်းယူပြီးနောက် စာအုပ်နှစ်အုပ်ဖတ်ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ ဆက်တိုးတက်ရန်သူ့အားကူညီပေးမည်။ ပထမလေ့လာသောစာစောင်သည် အခြေခံအချက်များကို သိနားလည်စေသည်။ ဒုတိယစာစောင်သည် ခရစ်ယာန်အရည်အသွေးများနှင့်စပ်လျဉ်းသည်။ ယင်းစာအုပ်များသည် ထာဝစဉ်အသက်ရှင်၊ ထိုနောက် စည်းလုံးစွာဝတ်ပြု သို့မဟုတ် True Peace စာအုပ်များဖြစ်နိုင်သည်။ ဤစာအုပ်များမရှိပါက ထပ်တူအကြောင်းများပါရှိသည့်စာအုပ်များကို အသုံးပြုနိုင်သည်။ ဒုတိယစာအုပ်ဖတ်ပြီးသည်အထိ ကျမ်းစာသင်အံမှုကိုဆက်ကျင်းပခြင်းဖြင့် ယေဟောဝါ၏ရည်ရွယ်ချက်များ၊ ကိုယ်တော်၏မြင့်မားသောခရစ်ယာန်စံချိန်များနှင့် တောင်းဆိုချက်များကို ကောင်းစွာသိရှိစေသည်။ ယင်းက ခရစ်ယာန်မူများ၏အနက်ကို လူသစ်သဘောပေါက်စေပြီး ယုံကြည်ခြင်း၌ မြဲမြံစေသည်။ (ကော၊ ၂:၇) ဤသင်အံမှုများကို မှတ်တမ်းသွင်းခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၉၈၇ ခု၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ မေးခွန်းသေတ္တာကိုကြည့်ပါ။

နှစ်ခြင်းခံပြီးနောက် လူသစ်များဝိညာဉ်ရေးဘက်တိုးတက်လိမ့်မည်ဟု မျှော်လင့်ထားသည်။ (ဟေ၊ ၆:၁-၃) အများအားဖြင့်ဆိုလျှင် ဒုတိယစာအုပ်ကိုပြီးအောင်လေ့လာရန် အချိန်မကြာတော့ပေ။ ဤနည်းဖြင့် လူသစ်သည် ခိုင်မြဲသောအခြေခံကိုရရှိထားပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ