တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဇူလိုင် ၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှသင့်တော်သောကြေညာချက်များ။ ဤစနေနေ့ မဂ္ဂဇင်းလုပ်ငန်းတွင် အသုံးပြုနိုင်မည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှဆောင်းပါးများကို ပေါ်လွင်စေပါ။
၁၅ မိ။ ဇူလိုင်နှင့်သြဂုတ်လ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို တိုးမြှင့်ပေးရန်ဟောပြော။
၂၀ မိ။ “ဓမ္မအမှုတွင် စိတ်ရှည်၍စေ့ငလော့။” မေးဖြေရန်။ အထူးသဖြင့် ထပ်ခါတလဲအမှုဆောင်သည့်ရပ်ကွက်တွင် စိတ်ရှည်မှုရှိရန်လိုအပ်ကြောင်း အလေးအနက်ပေါ်လွင်စေပါ။ အပိုဒ် ၆ ကိုဆွေးနွေးပြီးနောက် “ကြည့်ရှုလော့” ဘရိုရှာကိုဝေငှရာတွင် အပြန်အလှန်စကားအတွက်အကြောင်းအရာကို မည်သို့အသုံးပြုနိုင်ကြောင်း ကြေညာသူတစ်ဦးသရုပ်ပြစေ။
သီချင်း ၁၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၈ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ သီအိုကရက်တစ်သတင်း။ လယ်ကွင်းလုပ်ငန်းအတွက် အသင်းတော်အစီအစဉ်ကိုတင်ပြ။
၁၅ မိ။ “လယ်ကွင်းဓမ္မအမှုတွင် စိုးလ်အပြည့်ရှိလေ။—အပိုင်း ၁။” လုပ်ငန်းတော်ကြီးကြပ်မှူး မေးဖြေဆွေးနွေးရန်။ ရွေးချယ်ထားသည့်အဓိကကျမ်းချက်များကို ဖတ်ရှုရန်ကြိုတင်တာဝန်ပေးထား။ မိမိဒေသနှင့်သက်ဆိုင်ပုံတင်ပြ။ ဤငါးပိုင်းစာစဉ်ကို စိတ်ဝင်စားစေရန် တိုက်တွန်း။
၂၀ မိ။ အချိန်ပြည့်လုပ်ငန်း—ဘုရားသခင်နှင့်အတူသွားလာရန် အခွင့်အရေးထူး။ (မိ၊ ၆:၈) အရည်အချင်းရှိအကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်နိုင်လျှင် အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်သူသည် အားတက်သရောဟောပြော။ (၁၉၉၀ မေ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၂၅-၂၇ ကိုကြည့်) အချိန်ပြည့်လုပ်ငန်းကိုထမ်းဆောင်ကြရန် စဉ်းစားကြည့်ဖို့ အသင်းတော်ကြေညာသူများအားကူညီပေးမည့် လက်တွေ့ကျအကြံပြုချက်များကို အကြမ်းဖျင်းဖေါ်ပြပါ။ ရှေ့ဆောင်နှစ်ဦးသုံးဦးကို လူတွေ့ခေါ်မေးပြီး အချိန်ပြည့်လုပ်ငန်း၏အကျိုးကျေးဇူးများကို အကြမ်းဖျင်းဖေါ်ပြပါ။ လုပ်ငန်းတော်နှစ်သစ်သည် စတင်ရန်အချိန်ကောင်းဖြစ်။ ၁၉၉၁၊ စက်တင်ဘာ ၁ ရက်တွင်စသူများသည် ၁၉၉၂ ရှေ့ဆောင်ကျောင်းတက်ခွင့်ရှိ။
သီချင်း ၂၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၅ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ အသင်းတော်၏ ဇွန်လလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းမှ ပေါ်လွင်ချက်များကို ပြန်သုံးသပ်ပါ။ လယ်ကွင်းတွင် ဖြစ်မြောက်အောင်မြင်မှုများအတွက် ကြေညာသူများကိုချီးမွမ်းပါ။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—ထိုးထွင်းဉာဏ်ဖြင့်။” မေးဖြေရန်။ အပိုဒ် ၅ ပါအချက်များကိုသရုပ်ပြ။ အစပထမတွင် အငြင်းအခုံပြုလိုသောအိမ်ရှင်အား အလိမ္မာဖြင့်မေးခွန်းများမေး၊ ကျမ်းစာမည်သို့ဖြေဆိုသည်ကို ကျမ်းချက်များကိုကျွမ်းကျင်စွာတင်ပြသောကြေညာသူသရုပ်ပြ။ ကောင်းစွာကြိုတင်ပြင်ဆင်ထားသင့်။
၁၅ မိ။ ကျွန်ုပ်မည်သို့သမ္မာတရားရခဲ့။ တွေ့ကြုံမှုများ။ အသက်ကြီးသူသည် နှစ်ဦးသုံးဦးကိုလူတွေ့ခေါ်မေး။ ဆက်ကပ်အပ်နှံနှစ်ခြင်းခံယူသည်ထိ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အဖွဲ့အစည်း မည်သို့ကူညီပေးခဲ့သည်ကို အာရုံပြုစေပါ။ သမ္မာတရား၌ရှိသဖြင့် ရရှိသောအကျိုးကျေးဇူးများကို အထူးထင်ရှားစေပါ။
သီချင်း ၆၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၂ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၅ မိ။ ဒေသကြေညာချက်များကို အသက်ကြီးသူ သို့မဟုတ် အရည်အချင်းရှိဓမ္မအမှုထမ်းကိုင်ပေးရန်။ လက်ရှိဘရိုရှာများပါ တင်ပြနိုင်သည့်အချက်ကောင်းများကို ပရိသတ်အားတင်ပြပါစေ။ အပြန်အလှန်စကားအတွက်အကြောင်းအရာနှင့်ကိုက်သည့် အချက်များကိုရွေးချယ်ပါ။ ဘရိုရှာကိုအိမ်ရှင်ဖတ်ချင်စိတ်ရှိစေမည့်အချက်ဖြစ်ပါစေ။ သင့်လျော်သော စကားပြောကောင်းသည့်အချက်မှတစ်ဆင့် ဘရိုရှာသို့ဦးတည်ပေးပုံကို အတိုချုပ်သရုပ်ပြပါ။
၁၈ မိ။ “အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်—အပိုင်း ၁။” အသင်းတော်စာအုပ်ကြီးသင်တန်းကိုင်သူများဖြစ်သည့် အခြားအကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးနှစ်ဦးနှင့် အတွေ့အကြုံရင့်ကျက်သောအကြီးအကဲ ဆွေးနွေးပုံ။ ကိုယ်ပိုင်စကားဖြင့်ဖြေဆိုခြင်း၊ သုံးသပ်နေသည့်အကြောင်းကို လက်တွေ့ကျင့်သုံးခြင်း အစရှိသ၍ဖြစ်သည့် ဒေသခံအသင်းတော်တွင် အထူးလိုအပ်ရာဖြစ်သည့်ကိစ္စ နှစ်ခုသုံးခုကို အထူးအလေးအနက်ဖေါ်ပြပါ။
၁၂ မိ။ ဒေသလိုအပ်ရာ။ အသင်းတော်အကူအညီလိုအပ်သည်ဟု အကြီးအကဲယူဆသည့်အချက်များကိုသုံးသပ်ပါ။ တိုက်နယ်ကြီးကြပ်မှူး၏ နောက်ဆုံးလည်ပတ်မှုတွင် အသင်းတော်အားတင်ပြခဲ့သည့် အချက်အချို့ကို ကျမ်းစာနှင့်အတူသုံးသပ်နိုင်။
သီချင်း ၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၉ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၅ မိ။ ဒေသကြေညာချက်များ။ ဘရိုရှာများဝေငှခြင်းနှင့် ကျမ်းစာသင်အံမှုများစခြင်းအကြောင်း တွေ့ကြုံမှုများပြောစေပါ။
၁၅ မိ။ “မိမိထမ်းရွက်ရသောတာဝန်ကို ထမ်းဆောင်ခြင်း။” မိသားစုတစ်စုနှင့် အကြီးအကဲဆွေးနွေး။ နောက်ဆုံးတိုက်နယ်စည်းဝေးအစီအစဉ်ကို အသင်းတော်မည်မျှသဘောကျပြီး အကျိုးခံစားခဲ့ရကြောင်းပြော။ လာမည့်တိုက်နယ်စည်းဝေးအစီအစဉ်ကို စောင့်မျှော်နေကြရန် အားပေး။ ၁၉၉၁ အစီအစဉ်သည် မိသားစုအား မည်သို့အကျိုးပြုကြောင်း ပရိသတ်ရှိအိမ်ထောင်ဦးစီးများကိုမေး။ ၁၉၉၂ ခု၊ လုပ်ငန်းတော်နှစ်အတွက် ရေးဆွဲထားသည့်အစီအစဉ်မှ အကျိုးခံစားရကြရန် အသေအချာစီစဉ်ထားကြရန် အားပေး။ လာမည့်တိုက်နယ်စည်းဝေးနေ့စွဲများကို ကြိုသိထားပါက ကြေညာနိုင်။
၁၅ မိ။ ဩဂုတ်လမှတ်တမ်းကို အကောင်းဆုံးဖြစ်စေခြင်း။
သီချင်း ၁၃၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။