ဘုရားသခင့်နာမတော်ကို အပြည့်အဝချီးမွမ်း
၁ ယေဟောဝါထံမှ ကောင်းချီးများစွာခံရသဖြင့် မည်မျှပျော်ရွှင်နိုင်ကြသည်တကား။ ဤလုပ်ငန်းတော်နှစ်အတွင်း ကြေညာသူ၊ ရှေ့ဆောင်နှင့်အိမ်တွင်းကျမ်းစာသင်အံမှုများတွင် နှုန်းသစ်များရရှိခဲ့ကြပြီ။ သတိရအောက်မေ့ပွဲကိုတက်ရောက်ခဲ့သူများ လည်းရှိခဲ့ပါသည်။ ရာနှင့်ချီသောကြေညာသူများလည်း ခရိုင်စည်းဝေးပွဲကြီးများကို တက်ရောက်ခဲ့ပြီ။ တိုက်နယ်နှင့်အထူးစည်းဝေးပွဲများကို ၁၀ နေရာတွင်ကျင်းပပေးခဲ့သောကြောင့် ၉၀ ရာခိုင်နှုန်းမျှသောကြေညာသူများသည် ၄င်းစည်းဝေးများ၌ပြင်ဆင်ခဲ့သောဝိညာဏအစာမှ အကျိုးများစွာရရှိခဲ့ကြသည်။ အခြားကောင်းချီးမြောက်မြားစွာတို့ကိုလည်း ခံစားခဲ့ကြပြီ။
၂ ကျွန်ုပ်တို့အတွက် ယေဟောဝါပြုပေးလေသမျှကို ကျွန်ုပ်တို့ကျေးဇူးတင်ကြောင်း မည်သို့တင်ပြမည်နည်း။ ဘုရားသခင်၏နာမတော်ကို အပြည့်အဝချီးမွမ်းခြင်းအားဖြင့် ထိုသို့ကျွန်ုပ်တို့ပြုလုပ်နိုင်ပါသည်။—ဆာ၊ ၁၄၅:၂၁။
ဘုရားသခင်၏နာမတော်ကို ဆက်ချီးမွမ်းခြင်း
၃ ဩဂုတ်လအတွင်း ယေဟောဝါ၏နာမတော်ကို မည်သို့ချီးမွမ်းမည်နည်း။ မဂ္ဂဇင်းအရွယ်ရှိ ဘရိုရှာများကို ကျွန်ုပ်တို့ဆက်အာရုံပြုဝေငှကြမည်။ ဝီရိယရှိရှိပြင်ဆင်ထားပြီး ဤဘရိုရှာအမျိုးမျိုးကို လယ်ကွင်းလုပ်ငန်း၌ယူဆောင်သွားခြင်းအားဖြင့် ယေဟောဝါကိုချီးမွမ်းရန် အသင့်ရှိစေမည်။ သို့ဖြင့် အခြားသူများလည်း ကိုယ်တော်ကိုချီးမွမ်းရန်သင်ယူကြဖို့ ကူညီပေးနိုင်ကြပေမည်။
၄ အပြန်အလှန်စကားအတွက်အကြောင်းအရာကား “ကမ္ဘာသစ်—မည်သူအားဖြင့်နည်း” ဖြစ်၍ Reasoning စာအုပ်၏စာမျက်နှာ ၉-၁၅ ပါသင့်တော်သောနိဒါန်းများကို ကြိုတင်ပြင်ဆင်ထားနိုင်ပါမည်။ ကမ္ဘာကိုတိုး၍သာယာလာစေရန် လက်ရှိမျှော်လင့်ချက်များအကြောင်း ကမ္ဘာ့ခေါင်းဆောင်များ၏ဆွေးနွေးချက်များကို အိမ်ရှင်အချို့ဆွေးနွေးလိုကြပေမည်။ လူအများအနေနှင့် ငြိမ်သက်မှုလိုလားသော်လည်း လူသားသည် မိမိပြဿနာကိုမိမိမဖြေရှင်းနိုင်ကြောင်း ယေရမိ ၁၀:၂၃ ကတင်ပြထားသည်။ မျက်မှောက်ကမ္ဘာ့အခြေအနေကို ဘုရားသခင်ပြုပြင်တော်မူမည်ဟု ကတိတော်ရှိသည်အတိုင်း ပြုတော်မူမည်အကြောင်း သိထားရခြင်းကား အားဆေးတစ်ခွက်ဖြစ်သည်။ ယင်းကတိတော်ကို ၂ ပေတရု ၃:၁၃ တွင်ဖတ်ရပါသည်။ အိမ်ရှင်သည် တကယ်စိတ်ဝင်စားပုံရှိလျှင် သင့်တော်သောဘရိုရှာကို ကမ်းလှမ်းပါ။
ကောင်းစွာပြင်ဆင်
၅ သူတစ်ပါးကိုသွန်သင်ပေးရာတွင် ထိရောက်မှုရှိဖို့ ပြင်ဆင်မှုအရေးကြီးသည်။ အိမ်သူအိမ်သားတို့နှင့်လည်းကောင်း၊ သင့်အားသမ္မာတရားသွန်သင်ပေးသူနှင့်လည်းကောင်း၊ သင့်စာအုပ်ကြီးသင်တန်းရှိသူ တစ်ဦးတစ်ယောက်နှင့်လည်းကောင်း ပြင်ဆင်ပါ။ သင့်ဟောပြောချက်ကို ကြိုတင်ကျင့်ထားမည်ဆိုလျှင် ရပ်ကွက်ရှိသူတို့အား ခံယူချက်ရှိရှိ ပိုင်နိုင်စွာဟောပြောနိုင်မည်။
၆ ကျွန်ုပ်တို့၏ဟောပြောချက်များသည် လူတို့၌စိတ်ဝင်စားမှုရှိကြောင်း ထင်ရှားနေရမည်။ စိတ်ဓာတ်ကျပြီးစိတ်အားငယ်နေသူများအတွက် ကမ္ဘာသစ်လာမည်ဟူသောကတိတော်သည် အဓိပ္ပာယ်ရှိပါလေစေ။ ဘရိုရှာကိုအိမ်ရှင်လက်ခံလျှင် ကျွန်ုပ်တို့၏ကျမ်းစာသင်အံမှုအစီအစဉ်ကို သရုပ်ပြနိုင်ပါမည်။ သို့မဟုတ် ပြန်လည်ပတ်မှု၌ သာ၍သင့်တော်မည်ဟု သင်ယူမှတ်ပေမည်။
၇ ဤမှတ်သားလောက်သောလုပ်ငန်းတော်နှစ်ကုန်ဆုံးချိန်သို့ရောက်လာကြရာ ယေဟောဝါထံတော်မှ ကောင်းချီးများစွာခံစားရသူများဖြစ်ရ၍ အလွန်ဝမ်းသာစရာဖြစ်သည်တကား။ ကိုယ်တော်၏ကမ္ဘာသစ်တွင် ယေဟောဝါအမှုတော်ကို ထာဝစဉ်ထမ်းဆောင်နိုင်ရန် မျှော်လင့်ကြစဉ် ယေဟောဝါ၏နာမတော်ကို အပြည့်အဝချီးမွမ်းကြဖို့ ၁၉၉၁ ခုလုပ်ငန်းတော်နှစ်၏ ဤနောက်ဆုံးလကိုအသုံးပြုကြစို့။