လတ်တလောအဖြစ်အပျက်များ၏အဓိပ္ပာယ်ကို သဘောပေါက်ခြင်း
၁ “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက်တတ်၏။” (၁ ကော၊ ၇:၃၁) အလျင်အမြန်ပြောင်းလဲနေသည့် လတ်တလောအဖြစ်အပျက်များက ယင်းစကားမှန်ကြောင်းတင်ပြနေ၏။ ယင်းတို့နှင့်အတူ ယေဟောဝါအဖွဲ့အစည်းအတွင်းဖြစ်ပျက်ရာတို့ကိုပါထည့်တွက်ကြည့်၍ အသင်မည်သို့သဘောပေါက်သနည်း။—လု၊ ၂၁:၂၈။
၂ စနစ်ဆိုးတစ်ခုလုံးအဆုံးတိုင်တော့မည်ကို ဤ ၂၀ ရာစုအတွင်းကျမ်းစာပြည့်စုံချက်တို့ကထောက်ခံ၏။ (မ၊ ၂၄:၃-၁၄။ လု၊ ၂၁:၇-၁၁) “ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်” ဟုယေရှုဆိုသည်။ (လု၊ ၂၁:၃၂) ယေဟောဝါဘက်၌မရှိသေးသည့် သင့်ရပ်ကွက်ရှိသူတို့အတွက် ယင်းစကားများသည် အဘယ်အဓိပ္ပာယ်သက်ရောက်သည်ကို သင်သဘောပေါက်လျှင် သင့်ဓမ္မအမှုကိုမည်သို့ပြုလုပ်သင့်သနည်း။—လု၊ ၂၁:၃၄-၃၆။
၃ အချိန်ရှိခိုက်ကူညီပေး။ သတင်းကောင်းသိစေရန် အချိန်ရှိစဉ် အခွင့်အရေးယူဟောကြရန် တပည့်များအားယေရှုတိုက်တွန်းထားသည်။ (ယော၊ ၉:၄) “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကိုရွေးနှုတ်ကြ” ရန်ကောလောသဲရှိညီအစ်ကိုများအားတမန်တော်ပေါလုလည်း ထပ်တူမှာကြားသည်။—ကော၊ ၄:၅။
၄ အချိန်ကိုရွေးနှုတ်ပါဟူသော တမန်တော်၏သြဝါဒကိုနာခံပြီး အချို့သူတို့သည် မှန်မှန်ရှေ့ဆောင်နေကြသည်။ ကျောင်းနေစဉ်ပင် မှန်မှန်ရှေ့ဆောင်နေသောလူငယ်များလည်းရှိ၍ ဤလုပ်ငန်း၌ အောင်မြင်နေကြပါသည်။ ကျောင်းနေရွယ်လူငယ်များသည် အချိန်ကိုရွေးနှုတ်ကာ အတန်းဖော်များအား ယခုခေတ်အဖြစ်အပျက်များ၏အဓိပ္ပာယ်နှင့် ဘုရားသခင့်နိုင်ငံတော်၌ရရှိမည့် အနာဂတ်မျှော်လင့်ချက်ကိုပါသိစေနိုင်သည်။—ဒေ၊ ၁၂:၁။
၅ အောက်တိုဘာလတွင် အခွင့်အရေးရတိုင်းနိုးလော့ မဂ္ဂဇင်းကိုအထူးဝေငှခြင်းဖြင့် ဓမ္မအမှုကိုအကျိုးရှိရှိဆောင်ရွက်ကြစို့။ ဤမဂ္ဂဇင်းသည် လတ်တလောအဖြစ်အပျက်တို့၏အဓိပ္ပာယ်မှန်ကို သဘောပေါက်စေသည့်အတွက် တစ်အိမ်မှတစ်အိမ်အမှုဆောင်စဉ်တွေ့ဆုံသည့် စိုးရိမ်နေသူများ၊ ကျောင်းနေဖက်နှင့်အလုပ်လုပ်ဖက်များအားဝေငှပါ။ သင့်အဆွေတို့အထူးစိတ်ဝင်စားမည်ထင်သည့် ဆောင်းပါးများကိုပေါ်လွင်စေပါ။ ဥပမာ၊ ၁၉၉၁ အောက်တိုဘာ ၈ နိုးလော့ တွင် ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရကြောင်းဆိုင်ရာဆောင်းပါးများပါသည်။ ယင်းကိုသိလိုသူများစွာရှိ၏။
၆ နောက်ဆုံးအပြန်အလှန်စကားအတွက်အကြောင်းအရာကို မည်သို့အသုံးပြုနိုင်သနည်း။ မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် အိမ်ရှင်အားဤသို့ဆိုနိုင်သည်။ “ယနေ့စိတ်ရှုပ်စရာအခြေအနေအမျိုးမျိုးကို ဘာကြောင့်ကြုံတွေ့ရတယ်လို့ထင်သလဲ။” သူဖြေပြီးနောက် ဤသို့ဆက်နိုင်သည်။ “လူအများအတွက် ဘဝဟာမျှော်လင့်ချက်မရှိ၊ စိတ်ရှုပ်စရာဖြစ်တယ်လို့ကျမ်းစာအသိအမှတ်ပြုထားတယ်။ ဒေသနာ ၂:၁၇ မှာဘယ်လိုဆိုထားတယ်ဆိုတာသတိပြုပါ။ [ဖတ်] ဤစကားကိုသဘောတူပါသလား။ [ဖြေပါစေ။] ပြဿနာများသူတစ်ဦးအတွက် ဘာကနှစ်သိမ့်မှုပေးမယ်လို့ထင်သလဲ။ [ဖြေပါစေ။] ဒီကျမ်းချက်က ဘဝကိုအပြုသဘောနဲ့မြင်စေတယ်။ [ဆာလံ ၃၇:၃၉၊ ၄၀ ကိုဖတ်။] ဒါကြောင့် ကျမ်းစာပညာကိုဆည်းပူးဖို့ ယေဟောဝါသက်သေများတိုက်တွန်းကြတာ။ ဥပမာ၊ ကျွန်ုပ်တို့ရဲ့ နောက်ဆုံးထုတ်နိုးလော့ ထဲမှာသုံးသပ်ထားတဲ့အကြောင်းကိုကြည့်ပါ။” ထိုနောက် စိတ်ဝင်စားမှုအပေါ်မူတည်ပြီး နှစ်စဉ်ကြေးသို့မဟုတ်မဂ္ဂဇင်းတစ်စောင်ချင်းဝေငှရန် သို့မဟုတ် ယင်းတို့ကိုငြင်းဆိုလျှင် ဝေစာထားခဲ့ရန်ဆုံးဖြတ်နိုင်သည်။
၇ ဤအချိန်အခါသည် ယေဟောဝါအမှုတော်ကိုထမ်းရန် စိတ်အားတက်စရာအချိန်ဖြစ်သည်။ ယင်းကြောင့်အခွင့်ကောင်းယူပြီး စိတ်ရင်းမှန်သူများစွာတို့အား လတ်တလောအဖြစ်အပျက်များ၏ အဓိပ္ပာယ်မှန်ကိုသိရှိစေရန် ဤလအတွင်းတိုက်တွန်းခံရပါစေ။
[စာမျက်နှာ ၁ ပါပုံစာ]
(စာမျက်နှာ ၄၊ ကော်လံ ၁ သို့ )
[စာမျက်နှာ ၄ ပါပုံစာ]
လတ်တလောအဖြစ်အပျက်များ (အဆက်)