လယ်ကွင်းဓမ္မအမှုတွင်စိုးလ်အပြည့်ရှိလေ
အပိုင်း ၄။ မိမိတို့ဓမ္မအမှုကိုထိရောက်ကျေပွန်စေရန်ဖွဲ့စည်းထားခြင်း
၁ စိုးလ်အပြည့်ဓမ္မအမှုဆောင်ရွက်ရန် စည်းစနစ်ကျကျလုပ်ဆောင်သူဖြစ်ရမည်။ ယနေ့ဓမ္မအမှုဆောင်ရွက်ခြင်းအတွက် ထူးခြားသောပုံသက်သေကို ယေရှုတင်ပြခဲ့သည်။ (လု၊ ၁၀:၁၊ ၂။ တ၊ ၁:၈) ကိုယ်တော်၏ပထမရာစုတပည့်များ၏ ဓမ္မအမှုဆောင်ရွက်ပုံမှလည်း ပညာယူနိုင်သည်။ (တ၊ ၅:၄၂။ ၂ တိ၊ ၄:၅) သို့သော် အသင်သည် ပိုစည်းစနစ်ကျပြီး ထပ်တူအကျိုးများကို ယနေ့မည်သို့ခံစားနိုင်မည်နည်း။
၂ လယ်ကွင်းလုပ်ငန်းအတွက် အချိန်ဇယားဆွဲပါ။ ကျွန်ုပ်တို့ဓမ္မအမှုသည် ကျွန်ုပ်တို့ဘဝတွင်အခိုက်အလှည့်ကြုံ၍သာပြုသောအလုပ်မျိုးမဟုတ်ပါ။ ဓမ္မအမှုကိုကျေပွန်ရန် အချိန်ပေးဖို့လိုသည်။ ထိရောက်စွာဓမ္မအမှုဆောင်ရွက်ရန် ယင်း၏ကဏ္ဍအသီးသီးအတွက် အချိန်ဖယ်ထားရမည်။ (ဧ၊ ၅:၁၅၊ ၁၆) လစဉ်ဓမ္မအမှုကိုအချိန်မည်မျှဆောင်ရွက်မည်ဟု ပန်းတိုင်ထားခြင်းသည် အကူအညီဖြစ်ကြောင်း ကြေညာသူများစွာသတိပြုမိသည်။ ယင်းသို့ပြုရန် ပတ်စဉ်လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် ကိုယ်ရေးကိုယ်တာကိုစီစဉ်ဖို့လိုသည်။ လယ်ကွင်းဓမ္မအမှု၏ကဏ္ဍအသီးသီးတွင် မှန်မှန်ပါဝင်နိုင်ရန် မိမိသားသမီးများကို ခရစ်ယာန်မိဘများကူညီပေးသင့်သည်။—တရား၊ ၆:၇။ သု၊ ၂၂:၆။
၃ ရည်ရွယ်ချက်ရှိပန်းတိုင်များထားပါ။ ဖြစ်နိုင်သည့်ပန်းတိုင်များထားခြင်းသည် မဖြစ်ဖြစ်အောင်ကြိုးစားစေ၍ အောင်မြင်သည့်အခါ ရွှင်လန်းအားရပါမည်။ (သု၊ ၁၃:၁၂) တမန်တော်ပေါလုဤသို့မှာကြားသည်။ “ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်းရှိရကြမည်။” (ဖိ၊ ၃:၁၆) သင့်ဝိညာဏတိုးတက်မှုကဏ္ဍအသီးသီး၌ကဲ့သို့ သင့်လယ်ကွင်းလုပ်ငန်းတွင်လည်း တစ်နည်းတည်းကျင့် နေသည့်သာဓကထင်ရှားနေသင့်သည်။
၄ ဥပမာ၊ ဝေစာများများဆောင်ထားသလော။ နောက်ဆုံးထုတ်မဂ္ဂဇင်း အလုံအလောက်ယူထားပြီး ယင်းတို့၏အခြေအနေသပ်ရပ်သလော။ စိတ်ဝင်စားသူ၏အမည်လိပ်စာအတွက်နှင့် လူမရှိသောအိမ်များလိပ်စာအတွက် တစ်အိမ်မှတစ်အိမ်မှတ်တမ်းနှစ်ခုထားပါသလော။
၅ အမှုဆောင်မထွက်မီ နောက်ဆုံးအပြန်အလှန်စကားအတွက်အကြောင်းအရာကို ပြန်သုံးသပ်ပါ။ ဝေငှမည့်စာပေမှ ပြောကောင်းမည့်အချက်တို့ကိုမှတ်သားထားပြီး စိတ်ဝင်စားမှုနှိုးဆွပေးရန်အသုံးပြုပါ။ လယ်ကွင်းလုပ်ငန်းအတွက်လက်စွဲစာအုပ် Reasoning From the Scriptures ကိုအသုံးပြုရန်အသင့်ရှိပါ။ အကြံပြုချက်များကို တစ်အိမ်မှတစ်အိမ်ကြားတွင်ပင် ပြန်လှန်ကြည့်နိုင်သည်။ ဤလက်တွေ့ကျအချက်များကိုအသုံးပြုခြင်းဖြင့် သင့်ဓမ္မအမှုသာ၍ထိရောက်လာမည်။
၆ ဤနောက်ဆုံးကာလတွင် ‘သတင်းကောင်းဆိုင်ရာသန့်ရှင်းသောလုပ်ငန်း’ ၌အပြည့်အဝပါဝင်နိုင်ခြင်းသည် အခွင့်ထူးလှသည်တကား။ (ရော၊ ၁၅:၁၆) “နှုတ်ခမ်းအသီး” ဖြစ်သောအတတ်နိုင်ဆုံးကောင်းစွာသက်သေခံခြင်းဖြင့် ဓမ္မအမှုကိုကျေပွန်စွာဆောင်ရွက်ရန်ကြိုးစားသင့်သည်။ (ဟေ၊ ၁၃:၁၅။ ဟောရှေ ၁၄:၂ နှင့်နှိုင်းယှဉ်) ယင်းကိုပြုရန် လယ်ကွင်းလုပ်ငန်း၌မှန်မှန်ပါဝင်ဖို့ အချိန်ဇယားဆွဲထားပါ။ ယေဟောဝါအားချီးမွမ်းဝတ်ကို ကျေပွန်စွာဆောင်ရွက်နိုင်ရန် လက်တွေ့ကျသည့်ပန်းတိုင်များသတ်မှတ်ထားပါ။