ကျွန်ုပ်တို့မဂ္ဂဇင်းများကို တစ်အိမ်မှတစ်အိမ် အသုံးပြုခြင်း
၁ နိုးလော့! လထုတ်တိုင်းတွင် စာမျက်နှာ ၄ ၌ ယင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါသည်: “ဤမဂ္ဂဇင်းသည် ၁၉၁၄ ခုနှစ်က ဖြစ်ရပ်များကို မီခဲ့သော လူမျိုးဆက် ကုန်လွန်မသွားမီ ငြိမ်းချမ်းလုံခြုံသော ကမ္ဘာသစ်တစ်ခုကို ဆိုက်ရောက်စေမည်ဟူသော ဖန်ဆင်းရှင်၏ ကတိတော်ကို ယုံကြည်စိတ်ချစေရန် ထောက်ကူပေးသည်။” ဤကဲ့သို့သောမဂ္ဂဇင်းကို တစ်အိမ်မှတစ်အိမ် ဓမ္မအမှု၌ များနိုင်သ၍များများ ဝေငှပေးထိုက်ပေသည်တကား!
၂ ဝိညာဉ်ရေးကိုလိုလားစိတ်မရှိသူတို့၏ စိတ်ဝင်စားမှုကို နှိုးဆော်ပေးရန် နိုးလော့! သည် အထူးကောင်းသောစာပေဖြစ်သည်။ စာစောင်တိုင်းဖတ်သည့်အခါ သူတစ်ပါးအား ပြောဆိုနိုင်မည့် သင့်တော်သောအချက်အလက်များကို ရှာထားပါ။ ကြေညာသူအချို့က ကိုယ်ပိုင်စာစောင်တွင် မှတ်ချက်များ ရေးချထားသည်။ ထိုနောက် လယ်ကွင်းလုပ်ငန်း၌ မပါဝင်မီ ယင်းစာစောင်၌ အထူးမှတ်သားချက်များကို ပြန်ကြည့်ပြီး အိမ်ရှင်အား တင်ပြပြောဆိုသည်။
၃ ကျွန်ုပ်တို့အသုံးပြုနေသည့် နိုးလော့! စာစောင်တစ်စောင်ပါ အချက်တစ်ချက်ကို တင်ပြ၍စကားချီးစလိုပေမည်။
ထိုအခါ မဂ္ဂဇင်းကို ဤသို့ပြောဆို တင်ပြနိုင်၏–
▪ “ဒီနိုးလော့! ပါ ဆောင်းပါးက အသေးစိတ်တင်ပြလိမ့်မယ်။” ထိုနောက် ကြိုတင်ရွေးထားသည့် ဝါကျတစ်ခုနှစ်ခုကိုဖတ်ပြပြီး ဆက်ပြောရန်ကား: “ဒီအကြောင်းကို စိတ်ဝင်စားပုံပေါက်တဲ့အတွက် နိုးလော့! ထဲပါ ဒီအကြောင်းရော အခြားအခန့်သင့်ဆောင်းပါးများကိုပါ ဖတ်ကြည့်ချင်သလား။ အဲ့ဒီလိုဆိုရင် ဒီမဂ္ဂဇင်းနဲ့ သူ့ရဲ့တွဲဖက် ကင်းမျှော်စင်ကို ၁၅ ကျပ်တန်ဖိုးနဲ့ ထားပေးခဲ့ချင်တယ်။” အိမ်ရှင်က မဂ္ဂဇင်းများကိုလက်ခံယူမည်ဆိုလျှင် ပြန်လည်ပတ်မှုအတွက် သင့်တော်သလိုစီစဉ်ပါ။
၄ အိမ်ရှင်သည် ဝိညာဉ်ရေးကို စိတ်ဝင်စားပုံပေါက်လျှင်မူကား နောက်ဆုံးကာလနှင့်စပ်လျဉ်းသည့် ၂ တိမောသေ ၃:၁-၅ အစရှိသည့်ကျမ်းချက်ကို ကိုးကားနိုင်သည်။ ယင်းနောက် ကျွန်ုပ်တို့၏မဂ္ဂဇင်းများတွင် စိတ်ဝင်စားမှုကိုနိုးဆွစေရန် “ကင်းမျှော်စင်၏ရည်မှန်းချက် . . . ” ဟူ၍စသည့် နောက်ဆုံးထုတ်စာစောင်၏ စာမျက်နှာ ၂ ကိုတိုက်ရိုက်ဖတ်ပြနိုင်ပါသည်။ ထို့နောက် နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့်နိုးလော့! တို့ကို ဝေငှပေးနိုင်ပါသည်။
၅ တကယ်စိတ်ဝင်စားသူတစ်ဦးကို သင်တွေ့ဆုံမည်ဆိုလျှင် ဤသို့ပြောဆိုလိုပေမည်–
▪ “ဒီရပ်ကွက်ထဲမှာ ကျွန်ုပ်တို့နဲ့ ဘာသာမတူသူတွေကိုတွေ့ရပါတယ်။ ဘုရားကို လူတို့ ရှာဖွေခဲ့တာ နည်းအမျိုးမျိုးပဲ။ [တမန်တော် ၁၇:၂၆၊ ၂၇ ဖတ်။] လူတွေဟာ ကိုယ့်ကိုယ်တိုင် ဘုရားကိုရှာကြမဲ့အစား မိဘဘာသာကို အများအားဖြင့်လိုက်တတ်ကြတယ်လို့ပြောတာကို ခင်ဗျားသဘောတူသလား။ [ဖြေပါစေ။] အဲ့ဒီအချက်ကို Mankind’s Search for God ဆိုတဲ့ ဒီစာအုပ်မှာပါတဲ့ပထမအခန်းက ဖော်ပြထားတယ်။ [ဤစာအုပ်ရှိမည်ဆိုလျှင် စာမျက်နှာ ၈ အပိုဒ် ၁၂ ပါအကြောင်းကို ပေါ်လွင်စေပါ။ မရှိပါက ကင်းမျှော်စင်နှင့်နိုးလော့တို့မှ ပြ၍ဝေငှပါ။] တခြားဘာသာတွေအကြောင်း လေ့လာခြင်းဟာ ဗဟုသုတတိုးများစေရုံမက ပညာလည်းပေးပါတယ်။ ဒီစာအုပ်က ကမ္ဘာပေါ်ရှိ အဓိကဘာသာများ ဘယ်လိုစဖြစ်ပေါ်လာပြီး သူတို့ကျင့်ထုံးများနဲ့ သွန်သင်ချက်များကိုပါ ရှင်းပြတယ်။” အချိန်ရသ၍ မာတိကာနှင့်တကွ ရုပ်ပုံတစ်ပုံနှစ်ပုံကို အိမ်ရှင်အားပြပါ။
၆ တစ်အိမ်မှတစ်အိမ်သွားစဉ် ဝိညာဉ်ရေးဘက် တိုးတက်စေရန် လူတို့အား အကူအညီပေးမည့် အကောင်းဆုံးစာစောင်နှစ်စောင် ကင်းမျှော်စင်နှင့်နိုးလော့! တို့ ကျွန်ုပ်တို့လက်ထဲရှိကြောင်းကို သတိရကြစို့။ အခွင့်အရေးရတိုင်း ဤမဂ္ဂဇင်းများကို အိမ်ရှင်များ စိတ်ဝင်စားလာ၍ လက်ခံယူကြဖို့ တိုက်တွန်းပေးနိုင်ရန် ကြိုးစားကြပါလေ။