လယ်ကွင်းလုပ်ငန်းအတွက်ပြင်ဆင်ရန် လက်တွေ့ကျသောပဏာမခြေလှမ်း
၁ သင်ဘာပြောရမည်မသိသောကြောင့် လယ်ကွင်းလုပ်ငန်းကဏ္ဍတစ်ခုခုတွင်ပါဝင်ရန် တစ်ခါတစ်ရံပါဝင်ရန်သင်တွန့်ဆုတ်သလော။ သို့ဖြစ်လျှင် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှထုတ်နှုတ်ထားသည့် ပဏာမခြေလှမ်းအတွက်သင်ကျေးဇူးတင်ပေမည်။
၂ ဤလထုတ်မှစ၍ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု သည်တစ်အိမ်တက်ဆင်း၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုတို့တွင် နိုင်ငံတော်သတင်းတင်ပြခြင်းဆိုင်ရာအကြံပြုချက်များကို ပို၍ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြသွားမည်။ ဓမ္မအမှုတွင်မည်သည့်တင်ပြချက်ကိုသင်သုံးရန်စဉ်းစားဖို့ ယင်းကသင့်အားနှိုးဆော်သင့်သည်။ ဓမ္မအမှုအတွက်ပြင်ဆင်သည့်အခါ သင့်ရပ်ကွက်နှင့်ဆီလျော်သည့်တင်ပြချက်ကိုရွေးချယ်ပါ။ ထို့နောက်၊ အကြံပေးချက်ပါစကားလုံးအတိုင်းပြောမည်၊ သို့မဟုတ် ဒေသအခြေအနေနှင့်ကိုက်ညီသောစကားလုံးကိုပြောင်းလဲသုံးမည်၊ သို့မဟုတ် ကိုယ်ပိုင်စကားဖြင့်ပြောမည် စသည်တို့ကိုသင်ဆုံးဖြတ်ရမည်။ ကိုယ်ပိုင်စကားဖြင့်သင့်ပင်ကိုယ်သဘာဝအတိုင်းတင်ပြပါက ဆွေးနွေးပြောဆိုမှုအသွင်ရယူနိုင်သည်။ သင့်ဓမ္မအမှုကိုတစ်နည်းတစ်ဖုံတိုးချဲ့လိုပါသလော။ ပထမဆုံးအနေနှင့်ဤအချက်တစ်ချက်ကိုသုံးကြည့်လိုမည်လော။ အသေးစိတ်အကြံပြုချက်များတွင် သင်အသုံးပြုလိုမည့်အချက်များပါဝင်ပေမည်။
၃ သင်သည်အသင်းတော်တွင် လယ်ကွင်းလုပ်ငန်းအစည်းအဝေးကိုဦးစီးရသူဖြစ်ပါက ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါအကြောင်းအရာများကိုကောင်းစွာသိကျွမ်းထားသင့်သည်။ သင့်စာစောင်ကိုကောင်းစွာပြင်ဆင်လေ့လာထားပြီး ဒေသအလိုက်အကျိုးအရှိဆုံးအကြံပြုချက်များကိုအာရုံစိုက်စေပါ။
၄ ကျွန်ုပ်တို့ကောင်းမွန်စွာလုပ်ဆောင်နိုင်က ပျော်ရွှင်ကြမည်။ ဤလက်တွေ့ကျသောပဏာမခြေလှမ်းများသည် ကြေညာသူလူသစ်နှင့်လူဟောင်းနှစ်မျိုးလုံးတို့အတွက် နိုင်ငံတော်ဓမ္မအမှုဆောင်ရာတွင် ထိရောက်မှုနှင့်ရွှင်လန်းမှုဖြစ်စေမည်ဟုကျွန်ုပ်တို့မျှော်လင့်ပါသည်။