အိမ်ရှင်များ၏နားထောင်မှုကိုရစေသည့်နိဒါန်းများ
၁ တစ်အိမ်တက်ဆင်းဟောပြောခြင်းလုပ်ငန်းတွင် အရေးအကြီးဆုံးအပိုင်းကားအဘယ်နည်း။ နိဒါန်းဖြစ်ကြောင်းကျွန်ုပ်တို့အားလုံးသဘောတူပေမည်။ ဦးဆုံးစက္ကန့် ၃၀အတွင်း အိမ်ရှင်၏စိတ်ဝင်စားမှုကိုသင်မနှိုးဆွပေးနိုင်ပါက သင့်ပြောဆိုမှုကိုသူဖြတ်တောက်ပေတော့မည်။
၂ ထိရောက်သည့်နိဒါန်းအတွက်ပြင်ဆင်ရာ၌ အဘယ်အချက်များကိုထည့်စဉ်းစားသင့်သနည်း။ သင်တွေ့ဆုံနိုင်သူ၏ထုံးစံနှင့်လိုအပ်ချက်များကိုဆန်းစစ်ကြည့်ပါ။ လောကဝတ်စကားများဖြင့်ပြောဆိုနှုတ်ဆက်နိုင်သလော၊ သို့မဟုတ် လိုရင်းနှင့်တိုတိုသာပြောစေလိုသလော။ သင့်ဒေသတွင် ငယ်ရွယ်သူအိမ်ထောင်သည်စုံတွဲများစွာရှိသလော။ သူတို့ဘာကိုစိတ်ဝင်စားကြသနည်း။ သင့်ပတ်ဝန်းကျင်ရှိလူများသည် လူအများရင်ဆိုင်နေရသည့်ပြဿနာများကိုအာရုံစိုက်နေကြသလော။
ဤသို့ပြောခြင်းအားဖြင့်သူတို့ကိုနားထောင်အောင်ပြုနိုင်သည်၊
▪ “မင်္ဂလာပါ၊ ကျွန်တော့နာမယ်ကတော့—လို့ခေါ်ပါတယ်။ စစ်ပွဲတွေမှာလူတွေငတ်တာ၊ သေတာတွေကိုကျွန်တော်ဖတ်ရတဲ့အခါ သိပ်စိတ်ဒုက္ခရောက်တာပဲဗျာ။ ခင်ဗျားကော။” အခြားမေးခွန်းများဖြင့်လည်းဤသို့စကားစနိုင်သည်။ “ကမ္ဘာ့ပြဿနာတွေအတွက်ဖြေရှင်းချက်ကဘာဖြစ်မလဲ။” “ကမ္ဘာကိုလက်ရှိပြဿနာတွေကနေကင်းလွတ်အောင် တစ်ယောက်ယောက်ကလုပ်ပေးနိုင်မယ်လို့ခင်ဗျားထင်သလား။” “ဆိုကြပါစို့၊ အစိုးရတစ်ခုဟာဟေရှာယ ၉: ၆၊ ၇ မှာပါတဲ့အရည်အချင်းရှိရင်ကော။” [ကျမ်းချက်ဖတ်၍ရှင်းပြ]
၃ အချို့ရပ်ကွက်များတွင်လူတို့သည် ကမ္ဘာ့ငြိမ်းချမ်းရေးကဲ့သို့သောကမ္ဘာ့ရေးရာများထက် မိမိတို့အိမ်ထောင်နှင့်မိသားစုအတွက်အလွန်စိတ်ဝင်စားတတ်ကြသည်။
စိတ်ဝင်စားမှုနှိုးဆွရန်သင်ဤသို့မေးနိုင်သည်၊
▪ “၁၀ နှစ်အတွင်းခင်ဗျားနဲ့ခင်ဗျားမိသားစုဘယ်အခြေအနေရှိလာသလဲ။ အနာဂတ်နဲ့ပတ်သက်တဲ့ကျမ်းစာရှုထောင့်ကတော့အားရှိစရာအကောင်းဆုံးဘဲ။ ဘာကြောင့်လဲဆိုတော့ အနာဂတ်မှာပြည့်ဝစုံလင်တဲ့စံချိန်တွေနဲ့အုပ်ချုပ်မဲ့မင်းတစ်ပါးအကြောင်းကြိုပြောထားလို့ပဲ။ အဲဒီမင်းနဲ့ပတ်သက်လို့ဟေရှာယ ၉: ၆၊ ၇ မှာပြောထားတဲ့အချက်ကိုသတိထားကြည့်ပါ။”
၄ ရာဇဝတ်မှုနှင့်လုံခြုံရေးတို့သည်အဓိကအကြောင်းဖြစ်နေသောဒေသတွင်သင်နေထိုင်သလော။ Reasoning စာအုပ်စာမျက်နှာ ၁၀ ပါ“ရာဇဝတ်မှု/လုံခြုံမှု” ခေါင်းစဉ်အောက်ရှိပထမနိဒါန်းကိုသင်သုံးပါက အချို့နားထောင်လာနိုင်စရာအကြောင်းရှိသည်။
သင်ဤသို့ပြောနိုင်သည်၊
▪ “နေကောင်းတယ်နော။ တစ်ဦးစီရဲ့လုံခြုံမှုနဲ့ပတ်သက်လို့ မိသားစုတွေနဲ့ကျွန်တော်တို့ပြောဆိုဆွေးနွေးနေကြတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရာဇဝတ်မှုတွေထူပြောပြီး ကျွန်တော်တို့ရဲ့အသက်တာကိုလည်းထိခိုက်ပါတယ်။” ထို့နောက် “ဖြေရှင်းနည်းဘယ်လိုရှိမလဲ။” “ကမ္ဘာ့ပြဿနာတွေကို တစ်ယောက်ယောက်ကဖယ်ရှားပေးနိုင်မယ်လို့ခင်ဗျားထင်သလား” သို့မဟုတ် “မင်းတစ်ပါးဟာဒီလိုအရည်အချင်းတွေရှိမယ်ဆိုရင်ကော။” ဟုမေးပြီးအစပြုနိုင်ပါသည်။ ထို့နောက် ဟေရှာယ ၉:၆၊ ၇ ကိုဖတ်ပြနိုင်သည်။
၅ ကျောင်းနေအရွယ်လူငယ်များအပါအဝင်ကျွန်ုပ်တို့အားလုံး ဤရိုးရှင်းသောကျမ်းချက်တစ်ချက်တည်းသုံး၍တင်ပြနည်းတို့ကိုအသုံးပြုနိုင်သည်။ မဂ္ဂဇင်းဝေငှသည့်အခါ ဤအချက်တစ်ချက်ကိုသင်သုံးလိုပေမည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ စာပေမဝေငှမီအိမ်ရှင်၏စိတ်ဝင်စားမှုမည်မျှရှိသည်ကိုတောက်ကြည့်ခြင်းဖြစ်ကြောင်း သတိရပါ။ ဤကျမ်းစာနှင့်ယှဉ်သောတင်ပြချက်သည် နားထောင်သူအမှန်စိတ်ဝင်စားမှုရှိမရှိကိုသိရန်အကောင်းဆုံးနည်းဖြစ်ကြောင်း သင်သဘောမတူပေလော။ ဇန်နဝါရီလအတွင်း မဂ္ဂဇင်းနှင့်အခြားပုံမှန်ဝေငှစရာစာအုပ်များကိုဝေငှသည့်အခါ ဤတင်ပြချက်များကိုသုံးလိုကြလိမ့်မည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။
၆ သင်လည်ပတ်သည့်အချိန်၏ပထမပိုင်း ၃၀ စက္ကန့်ကို သင့်အမူအယာနှင့်သင့်နိဒါန်းနှစ်ရပ်စလုံးဖြင့်ထိရောက်စေလျင် အိမ်ရှင်၏အာရုံစိုက်နားထောင်မှုကိုဆက်လက်ရယူနိုင်ပါမည်။