အသင်းမစာပေများကို ထိရောက်စွာတင်ဆက်ခြင်း
၁ ယေရှုသည် အလွန်ပိုင်နိုင်စွာနိဒါန်းများပျိုးခဲ့သည်။ စိတ်ဝင်စားစေရန် မည်သို့ပြောဆိုရမည်ကို သိတော်မူသည်။ တစ်ချိန်ကရှမာရိအမျိုးသမီးတစ်ဦးအား ရေတစ်ခွက်တိုက်ရန်တောင်းဆိုခြင်းဖြင့် စကားစမြည်စတင်ခဲ့သည်။ “ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဖော်ခြင်းမရှိ” သောကြောင့် ထိုသို့ပြုခြင်းက သူမအားစိတ်ဝင်စားစရာဖြစ်စေခဲ့သည်။ ဆက်လက်ပြောဆိုသောစကားကြောင့် နောက်ဆုံးတွင် သူမနှင့်အခြားသူများစွာပါ ယုံကြည်သူများဖြစ်လာကြသည်။ (ယော. ၄:၇-၉၊ ၄၁) ကိုယ်တော်၏ပုံသက်သေမှ သင်ခန်းစာယူနိုင်ပါသည်။
၂ စာပေများကိုဝေငှတော့မည်ဆိုလျှင် ‘ကျွန်ုပ်တို့ရပ်ကွက်မှာ လူအများဘာကိုစိုးရိမ်တကြီးဖြစ်နေကြတာလဲ။ ဆယ်ကျော်သက်၊ လူကြီးသူမ၊ လင်ယောက်ျား၊ သို့မဟုတ် ဇနီးမိန်းမတစ်ယောက် ဘာကိုစိတ်ဝင်စားတာလဲ’ ဟူ၍မိမိကိုယ်ကိုမေးပါ။ နိဒါန်းတစ်ခုထက်မကပြင်ဆင်ထားပြီး အခြေအနေအတွက်အသင့်တော်ဆုံးကိုအသုံးပြုပါ။
၃ မိသားစုဘဝယိုယွင်းနေခြင်းကို လူများစွာစိုးရိမ်နေကြရာ ဤသို့ဆိုနိုင်သည်–
▪ “နေ့စဉ်ကြုံနေရတဲ့ဖိစီးမှုတွေက အခုမိသားစုအများကို စိတ်ထောင်းကိုယ်ကြေဖြစ်စေတယ်။ သူတို့ဘယ်မှာသွားပြီး အကူအညီရနိုင်မလဲ။ [ဖြေဆိုပါစေ။] သမ္မာကျမ်းစာက တကယ်ကူညီပေးနိုင်ပါတယ်။ [၂ တိမောသေ ၃:၁၆၊ ၁၇ ဖတ်။] မိသားစုဘဝတည်တံ့နိုင်ဖို့ ကျမ်းစာကအကျိုးရှိရှိလမ်းပြပေးတယ်။ (သင်အသုံးပြုသည့်စာအုပ် သို့မဟုတ် ထာဝစဉ်အသက်ရှင်ကိုအသုံးပြုနေလျှင်) သင်သည်ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်၊ စာမျက်နှာ ၂၃၈၊ အပိုဒ် ၃ မှာဘာပြောထားတယ်ဆိုတာကိုသတိပြုပါ။” အပိုဒ် ၃ ကိုဖတ်ပြီးဝေငှပါ။
၄ ဒေသခံသတင်းတစ်ရပ်ကို အသုံးပြုနေပါက ဤသို့ပြောလိုမည်–
▪ “ဒီသတင်း [ဒေသခံစိုးရိမ်မှုတစ်ခု] ကိုကြားပြီးပြီလား။ အဲတာကိုဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] ဒီကမ္ဘာကြီးဟာ ဘာတွေဖြစ်ကုန်ပြီလဲလို့ထင်စရာပဲမဟုတ်လား။ ဒါတွေဟာ ကျွန်ုပ်တို့နောက်ဆုံးကာလမှာအသက်ရှင်နေတယ်ဆိုတဲ့ နိမိတ်ဖြစ်တယ်ဆိုပြီး ကျမ်းစာကကြိုဟောထားတယ်။” ထိုနောက်သင်ဝေငှလိုသောစာပေရှိအချက်အလက်များကို တင်ပြပါ။
၅ များစွာသောသူတို့သည် ရာဇဝတ်မှုပြဿနာတိုးပွားနေသောကြောင့် စိတ်ပူနေကြသည်။ “ကျိုးကြောင်းဆင်ခြင်” စာအုပ် စာမျက်နှာ ၁၀ ပါ “ရာဇဝတ်မှု/လုံခြုံမှု” ခေါင်းစဉ်အောက်ရှိ ပထမဆုံးနိဒါန်းကိုသင်အသုံးပြုနိုင်သည်–
▪ “မင်္ဂလာပါ။ အသက်အိုးအိမ်လုံခြုံမှုနဲ့ပတ်သက်ပြီး လူတွေနဲ့ပြောဆိုဆွေးနွေးဖို့ ကျွန်တော်တို့လာပါတယ်။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရာဇဝတ်မှုအတော်များများဖြစ်ပွားနေပြီး ကျွန်တော်တို့ရဲ့အသက်အိုးအိမ်ကိုပါထိပါးလာတယ်။ နောင်တစ်နေ့ ညအချိန်မှာ ဘာကိုမှကြောက်စရာမလိုပဲ လမ်းပေါ်သွားလာနိုင်မယ်လို့ မိတ်ဆွေထင်ပါသလား။” ဤတွင်ဆာလံ ၃၇:၁၀၊ ၁၁ ကိုဖတ်ပြီး ဘုရားသခင့်နိုင်ငံတော်တွင်ရမည့်ကောင်းချီးများကိုဖော်ပြပြီးနောက် သက်ဆိုင်ရာစာပေကိုဝေငှပါ။
၆ ထိုထက်လွယ်ကူသောနည်းကိုအသုံးပြုလိုလျှင် “ကျိုးကြောင်းဆင်ခြင်” စာအုပ် စာမျက်နှာ ၁၂ ထိပ်ပါနိဒါန်းနှင့်ဆင်တူသောနိဒါန်းကိုအသုံးပြုလိုပေမည်–
▪ “ကျမ်းစာကကမ်းလှမ်းတဲ့ ဝမ်းသာစရာအနာဂတ်အကြောင်း စဉ်းစားကြည့်ကြဖို့ လာအားပေးတာပါ။ [ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်။] ဒီလိုမျိုးဖြစ်စေချင်သလား။ [ဖြေဆိုပါစေ။] ဘုရားသခင်ရဲ့နိုင်ငံတော်အောက်မှာ နာခံမှုရှိတဲ့လူသားတွေရနိုင်မဲ့ အခြားကောင်းချီးတွေကို ဒီစာအုပ်ကဖော်ပြတယ်။” ထိုနောက်စာအုပ်ကိုဝေငှပါ။
၇ ထိရောက်သောနိဒါန်းကိုပြင်ဆင်ခြင်းက ဖြောင့်မတ်ခြင်းတရားဆာလောင်သူများ၏နှလုံးကိုထိမိဖို့ အကူအညီပေးနိုင်ပါသည်။—မ. ၅:၆။