စိတ်ဝင်စားသူကိုမဆိုင်းမတွ ပြန်လည်ပတ်ခြင်း
၁ “ယနေ့လုပ်နိုင်သည့်အရာကို မနက်ဖြန်အထိဆိုင်းမထားပါနှင့်။” လိုအပ်သောအရာကို ချက်ချင်းလုပ်ဆောင်ရန်အားပေးသည့် ဤရှေးထုံးစကားကို လူများစွာအကျွမ်းတဝင်ရှိပေမည်။ ယင်းကို ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းတွင် လက်တွေ့သုံးနိုင်ကြောင်း အောက်ပါတွေ့ ကြုံမှုကဖော်ပြသည်။
၂ ညီအစ်မတစ်ယောက်သည် လူတစ်ယောက်ကိုစာအုပ်တစ်အုပ်ဝေငှပြီး ပြန်လာမည်ဟုကတိပေးခဲ့သည်။ တစ်နာရီကြာပြီးသောအခါ အခြားညီအစ်မတစ်ဦးက ထိုအိမ်သို့ပင်မှား၍ဝင်သွားခဲ့သည်။ ထိုလူကစာအုပ်ကိုကိုင်လျက် “ခင်ဗျားပြန်လာမယ်ပြောတုန်းက ဒါလောက်ဗြုန်းစားကြီးပြန်လာမယ်လို့ကျွန်တော်မထင်ခဲ့ဘူး။ ဒါပေမယ့် လာပါ။ စာအုပ်ကိုလေ့လာဖို့ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ။”
၃ ထိုကဲ့သို့သော အလျင်စလိုပြန်လည်ပတ်ခြင်းသည် ဖြစ်လေ့ဖြစ်ထမရှိသော်လည်း ထိုတွေ့ ကြုံမှုသည် ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်ခြင်းတွင် စိတ်ဝင်စားသူများကိုတွေ့ပါက မလိုအပ်ဘဲကြန့်ကြာနေခြင်းမရှိဘဲပြန်လည်ပတ်ရန် ကျွန်ုပ်တို့နိုးကြားနေသင့်ကြောင်း ထင်ရှားစေသည်။ ယနေ့ သတင်းစာ၊ ရေဒီယို၊ တီဗွီသတင်းများက လူသားအားလုံး၏အသက်တာကို တိုက်ရိုက်ထိခိုက်သည့်ကမ္ဘာ့အဖြစ်အပျက်များဆိုင်ရာသတင်းများကိုသာ ထုတ်လွှင့်နေကြသည်။ ထို့ကြောင့် လူများသည် အကူအညီလိုအပ်လျက်ရှိသည်။
၄ လူများထပ်မံအကူအညီလိုအပ်။ အသင်းမထုတ်စာပေများပါအကြောင်းများကို လူများနားလည်ရန်နှင့် ယင်းတို့သည် သူတို့၏ဘဝ၊ သူတို့၏အနာဂတ်နှင့်သက်ဆိုင်ကြောင်းတန်ဖိုးထားအောင်ကူညီပေးရန်မှာ ကျွန်ုပ်တို့ပထမဆုံးအကြိမ်တွေ့ဆုံပြီး ရက်အနည်းငယ်အတွင်းလိုလိုလားလားပြန်လည်ပတ်ရန်စီစဉ်ဖို့လိုအပ်သည်။ ယင်းကိုကျွန်ုပ်တို့မည်သို့ပြုကြမည်နည်း။ ကျွန်ုပ်တို့ပြန်လာမည်ဟုပြောခြင်းအားဖြင့် ထိုသူ၏စိတ်ဝင်စားမှုအတိုင်းအတာကို ကျွန်ုပ်တို့ခန့်မှန်းနိုင်ပေမည်။
၅ ပြန်လည်ပတ်မှုအတွက်လမ်းခင်းခြင်း။ ယနေ့ဤလောကတွင် လူများထံမှအချိန်ရရန်မလွယ်ကူသကဲ့သို့ အိမ်ရှင်များသည်လည်း ချိန်းဆိုထားခြင်းကို မေ့လျော့နေနိုင်ပေသည်။ သို့သော် ထိုသို့ပြန်လည်ပတ်မှုပြုရန်အချိန်ကို ဂရုတစိုက်မှတ်သားပြီး အတတ်နိုင်ဆုံးရက်အနည်းငယ်အတွင်းပြန်လည်ပတ်နိုင်ရန်သေချာပါက သင်ချိန်းဆိုထားခြင်းတာဝန်ကို တိတိကျကျသင်ကျေပွန်နိုင်ပေမည်။ ထိုသူအိမ်မှာမရှိလျှင် သူနှင့်အဆက်အသွယ်ရအောင်ဆက်ကြိုးစားပါ။ သူ့ကိုအိမ်မှာတွေ့ရန်သင့်ဆုံးဖြတ်ချက်ကိုသူသိမြင်လျှင် သင့်လည်ပတ်ခြင်းကိုအရေးတယူလက်ခံပေမည်။
၆ ပထမဆုံးအကြိမ်ပြန်လည်ပတ်စဉ်က အိမ်ရှင်၏စိတ်ဝင်စားမှုကို ဘယ်တော့မှကျွန်ုပ်တို့အတိအကျမသိနိုင်သေးသဖြင့် စိတ်ဝင်စားမှုအနည်းငယ်သာတင်ပြသည့်တိုင် သင်ပြန်လာမည့်အကြောင်းပြောပြပါ။ ထိုသို့စိတ်ဝင်စားသူများကိုပြန်လည်ပတ်ခြင်းသည် အကျိုးရှိနိုင်သည်။ သင်ဝေငှခဲ့သည့်စာအုပ်အားဖြင့် ထိုသူ၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန်အကူအညီဖြစ်စေနိုင်သည်။ နောက်တစ်ကြိမ်သင်ပြန်လာသောအခါ သင့်ကိုကောင်းမွန်စွာလက်ခံသည်ကို တအံ့တသြသင်တွေ့နိုင်ပေလိမ့်မည်။ ထို့ကြောင့် စိတ်ဝင်စားမှုတင်ပြလျှင် မတုံ့ဆိုင်းဘဲပြန်လိုက်ပါ။