ကြေညာချက်များ
▪ ဇူလိုင်လတွင်ဝေငှမည့်စာအုပ်များ။ ကမ္ဘာသားဘဝထာဝရစံစားကြ။ “ကြည့်ရှုလော့”၊ Should You Believe in the Trinity။ ထာဝစဉ်တည်တံ့သွားမည့်ဘုရားသခင့်နာမတော်မြတ် နှင့် ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ ။ ဩဂုတ်။ ကမ္ဘာ့ပရဒိသုတွင် သင်သည်ထာဝစဉ်အသက်ရှင်နိုင်။ စက်တင်ဘာ။ Life—How Did It Get Here? By Evolution or by Creation?။ မှတ်ချက်။ အထက်ပါစာစောင်များကို မမှာယူရသေးသောအသင်းတော်များသည် လာမည့်လတွင် စာရွက်စာတမ်းတောင်းခံပုံစံ (S(d)-14) ဖြင့်မှာယူနိုင်သည်။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးထားသူသည် အသင်းတော်စာရင်းအင်းကို ဇူလိုင် ၁ သို့မဟုတ် စောနိုင်သ၍စောစောစစ်ဆေးပါမည်။ ပြီးသည့်အခါ အသင်းတော်အားကြေညာပါ။
▪ ဤနှစ်အတွက် ခရိုင်စည်းဝေးပွဲသည် သုံးရက်ဖြစ်မည့်အတွက် စည်းဝေးပွဲကျင်းပသည့်အပတ်အတွင်း အသင်းတော်စာအုပ်ကြီးသင်တန်းကို ဖျက်သိမ်းပေးစရာမလိုပါ။
▪ မိုးဥတုအတွင်း လယ်ကွင်းဓမ္မအမှုတွင် ကြေညာသူတစ်ဦးစီနှင့်မိသားစုလိုက် ပါဝင်ကြရန် အစီအစဉ်စနစ်တကျပြုလုပ်ထားရန် အရေးကြီးသည်။ လကုန်ချိန်တွင် သင့်ဒေသခံအသင်းတော်မှ ရပ်ဝေးရောက်ရှိနေလျှင် သင့်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို အသင်းတော်အတွင်းရေးမှူးထံ ထိုလအတွက်မှတ်တမ်းဝင်နိုင်ရန် အချိန်အလုံအလောက်ကြိုတင်ပို့ပေးပါ။