ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၂ စာ. ၂-၄
  • ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇူလိုင် ၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဇူလိုင် ၁၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဇူလိုင် ၂၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဇူလိုင် ၂၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဩဂုတ် ၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၇/၉၂ စာ. ၂-၄

ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဇူလိုင် ၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၈၀

၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။

၁၀ မိ– ဇူလိုင်နှင့်သြဂုတ်လအတွင်း လုပ်ငန်းတော်ကိုတိုးတက်စေရန် မည်သို့ပြုလုပ်နိုင်သနည်း။ ဦးစီးကြီးကြပ်မှူးဟောပြော။

၁၅ မိ– “ကြားနာလိုသူအားလုံးထံ ရောက်ရှိခြင်း။” မေးဖြေ။ ဤလအတွင်း လုပ်ငန်းတော်ကိုအားတက်စွာဆောင်ရွက်ကြရန် တည်ဆောက်ပေး။

၁၅ မိ– “ဝေစာနှင့်ဘရိုရှာများဝေငှရန် နိဒါန်းပျိုးခြင်း။” ဆောင်းပါးပါ အကြံပြုချက်အချို့ကိုဆွေးနွေးသရုပ်ပြပါ။ သရုပ်ပြခန်းတစ်ခုတွင် တိုက်ရိုက်နည်းဖြင့် ကျမ်းစာသင်အံမှု မည်သို့စပေးနိုင်ကြောင်းတင်ပြပါ။

သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၁၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၄၅

၁၀ မိ– ကြေညာချက်များ။ ဒေသခံရပ်ကွက်တွင်အမှုဆောင်စဉ် ထိရောက်ခဲ့သည့်နိဒါန်းများအကြောင်း မှန်မှန် သို့မဟုတ် အရန်ရှေ့ဆောင်နှစ်ဦးတင်ပြရန် ကြိုတင်ပြင်ဆင်ထားပါစေ။

၂၀ မိ– “ကိုယ်ကျိုးစွန့်စိတ်ထားရှိပါ။” ဖေဖော်ဝါရီ ၁၊ ၁၉၉၂ ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၂၈ ပါဆောင်းပါးကိုဟောပြော။ ကိုယ်ကျိုးစွန့်စိတ်ထားသည် မရှိလျှင်ရသည်မဟုတ်ဘဲ ခရစ်ယာန်လိုအပ်ချက်ဖြစ်ကြောင်း အလေးအနက်ပေါ်လွင်စေပါ။ ဘုရားသခင့်နိုင်ငံတော်ရေးရာများကို ရှေ့ဦးထားခြင်းငှာ စည်းစိမ်ဥစ္စာ၊ အပန်းဖြေနည်းများ စွန့်လွှတ်ခြင်းဖြင့် နစ်နာဆုံးရှုံးသည်မဟုတ်ပါ။

၁၅ မိ– ကြေညာသူများကို ရှေ့ဆောင်များကူညီပေးခြင်း။ လယ်ကွင်းကြီးကြပ်မှူးဟောပြော၍ လူတွေ့ခေါ်မေး။ ကြေညာသူများ နာရီကိုတာပြည့်မီရန် လုပ်ငန်းတော်၌ သူတို့အားရှေ့ဆောင်များခေါ်သွားရန်၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုပြုလုပ်တတ်ရန် သင်ပေးခြင်းဖြင့်ကူညီသင့်။ ဤနည်းဖြင့် ရှေ့ဆောင်များ အဖော်အဖက်များရှိ။

သီချင်း ၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၂၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၃၄

၁၀ မိ– ကြေညာချက်များ။ ဇွန်လယ်ကွင်းလုပ်ငန်းမှတ်တမ်း၏ ပေါ်လွင်ချက်များကိုတင်ပြ။ ဇူလိုင်လတွင် ဒေသခံအသင်းတော်အနေနှင့် လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို မည်သို့ရှိစေကြောင်းတင်ပြပါ။ စာရင်းအင်းမှတ်တမ်းတင်ပြ။ လယ်ကွင်းလုပ်ငန်း၊ ငွေအင်အားဖြင့် ရက်ရောစွာပေးလှူသည့်အတွက် ချီးမွမ်းပါ။

၂၀ မိ– “ဇူလိုင်လအတွင်း အလွတ်သဘောသက်သေခံခြင်း၌ သင်ပါဝင်မည်လော။” ဆောင်းပါးပါအချက်များကို ဆွေးနွေး၍သရုပ်ပြပါ။ အချိန်မရွေးကျွန်ုပ်တို့ယေဟောဝါသက်သေများဖြစ်ကြောင်း အလေးအနက်ဖော်ပြပြီး သက်သေခံခြင်းငှာအခွင့်အရေးများကို ရှာလိုကြ။ အလွတ်သဘောသက်သေခံခဲ့၍ အကျိုးဖြစ်ထွန်းခဲ့ခြင်း၊ သို့မဟုတ် အလွတ်သဘောသက်သေခံခြင်းကြောင့် အသင်းတော်သားတစ်ဦး သမ္မာတရားရခဲ့ခြင်းအကြောင်း တွေ့ကြုံမှုနှစ်ခုကိုတင်ပြရန် ကြိုတင်ပြင်ဆင်ထားပါ။

၁၅ မိ– ဧပြီလလယ်ကွင်းလုပ်ငန်းမှတ်တမ်းကိုအသုံးပြု၍ အသင်းတော်မှတ်တမ်းနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးနှိုင်းယှဉ်ဟောပြော။ ပိုကောင်းလျှင် ချီးကျူး။ ညံ့နေလျှင် အားပေးပါ။

သီချင်း ၁၅၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၂၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၇၃

၅ မိ– ကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ ယင်းကိုတင်ပြရာ၌ 1987 Yearbook တွင်ပါသော ၁၉၈၆ လုပ်ငန်းတော်နှစ်မှတ်တမ်းနှင့် လက်ရှိမှတ်တမ်းပါအချက်အလက်များကို နှိုင်းယှဉ်တင်ပြပေးပါ။

၂၀ မိ– “ရှေ့ဆောင်ခြင်း​—မေတ္တာတင်ပြမှုတစ်ရပ်။” မေးဖြေ။ အပိုဒ် ၃ နှင့် ၄ ကိုဆွေးနွေးပြီးနောက် မှန်မှန်ရှေ့ဆောင်သုံးဦး (သို့မဟုတ် မှန်မှန်သော်လည်းကောင်း၊ ရံဖန်ရံခါသော်လည်းကောင်း အရန်ရှေ့ဆောင်သည့်ကြေညာသူများ) နှင့် ဖြစ်နိုင်လျှင် ကျောင်းပြီးသည်နှင့် မှန်မှန်ရှေ့ဆောင်သည့် လူငယ်တစ်ဦးကိုလူတွေ့ခေါ်မေးပါ။ ရှေ့ဆောင်ရန် သူတို့မည်သို့စီစဉ်ခဲ့ကြောင်း၊ ထိုသို့ပြုရန် ဘာကတိုက်တွန်းခဲ့ကြောင်း၊ အဘယ်အရာများကို သူတို့စွန့်လွှတ်ခဲ့ရကြောင်း၊ မှန်မှန်ရှေ့ဆောင်နေကြစဉ် အဘယ်ကောင်းချီးများရရှိခဲ့ကြောင်း မေးမြန်းပါ။

၂၀ မိ– “ကျမ်းစာသင်အံမှုစရန်ပန်းတိုင်နှင့် ပြန်လည်ပတ်ခြင်း။” ဆွေးနွေး၍သရုပ်ပြခန်းများ။ အပိုဒ် ၃ ပါကျမ်းစာဆွေးနွေးချက်ကို သရုပ်ပြပါ။ သီချင်း ၁၃၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၉၀

၁၀ မိ– ကြေညာချက်များ။ ဤအပတ်စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌မဂ္ဂဇင်းများတင်ပြသည့်အခါ ကျမ်းစာဆွေးနွေးခန်းကို မည်သို့ပြုလုပ်နိုင်ကြောင်း သရုပ်ပြခန်းနှစ်ခု တင်ပြပေးပါ။

၁၅ မိ– “တမန်တော်များဆိုင်ရာအရာကိုဆက်ခံခြင်း။” “ပုပ်ရဟန်းမင်းသည် တမန်တော်ပေတရုကိုဆက်ခံသူမဟုတ်လော” ဟုမေးမြန်းသူထံ ပြန်လည်ပတ်သွားသည့်ရှေ့ဆောင်နှင့် လုပ်ငန်းတော်ကြီးကြပ်မှူး အတူလိုက်သွားခြင်း။ Reasoning စာအုပ်၊ စာမျက်နှာ ၃၇ မှစာမျက်နှာ ၃၉ ရှိပထမခေါင်းစဉ်အထိ ဆွေးနွေးတင်ပြပါ။

၂၀ မိ– ဒေသလိုအပ်ရာများ။ နောက်ဆုံးတိုက်နယ်စည်းဝေး သို့မဟုတ် အထူးစည်းဝေးပွဲနေ့အစီအစဉ်မှ ဒေသခံအသင်းတော်နှင့်သက်ဆိုင်သည့်အချက်အချို့ကို ပြန်လည်သုံးသပ်နိုင်သည်။ ဩဂုတ်လမှတ်တမ်းကို အကောင်းဆုံးဖြစ်စေရန် ကြိုးစားအားထုတ်ဖို့တိုက်တွန်းပါ။

သီချင်း ၁၆၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ