ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၂ စာ. ၅
  • မွေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မွေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာစကားစုံသောရပ်ကွက်တွင် စာပေများဝေငှခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဦးဆောင်နေသောကြီးကြပ်မှူးများ—လုပ်ငန်းတော်ကြီးကြပ်မှူး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို ပညာရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • သတင်းကောင်းဝေငှခြင်း—စာအုပ်စာတမ်းများကို ပညာရှိစွာအသုံးပြုခြင်းအားဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၈/၉၂ စာ. ၅

မွေးခွန်းသေတ္တာ

▪ စာအုပ်စာတမ်းနှင့်မဂ္ဂဇင်းဌာနများကိုကိုင်သော ဓမ္မအမှုထမ်းများ၏အလုပ်ကို လုပ်ငန်းတော်ကြီးကြပ်မှူးသည် မည်သို့ကြီးကြပ်ပေးမည်နည်း။

လုပ်ငန်းတော်ကြီးကြပ်မှူးစိတ်ဝင်စားရမည့်အလုပ်များတွင် စာအုပ်ကြီးသင်တန်းအုပ်စုများထံ လစဉ်လှည့်ပတ်သွား၍ လယ်ကွင်းလုပ်ငန်းတော်ကို မှန်မှန်စီစဉ်ပေးဖို့အတွက်သာမဟုတ်ပါ။ ဤဇွဲလုံ့လစိုက်ထုတ်သောအကြီးအကဲသည် အသင်းတော်တာဝန်ရထားသည့်ရပ်ကွက်တွင် ဟောပြောခြင်းလုပ်ငန်းတိုးတက်ရေး၌ အလွန်စိတ်ဝင်စားသူဖြစ်သည်။

လစဉ်ထုတ်ဝေရမည့်စာအုပ်စာတမ်းနှင့်မဂ္ဂဇင်းများ အလုံအလောက်နှင့်အလွယ်တကူရှိနေရန်၊ အခြေအနေကောင်းစွာရှိနေရန် သူကြီးကြပ်ကွပ်ကဲမည်။ ဤသို့ဖြစ်စေရန် စာအုပ်စာတမ်းနှင့်မဂ္ဂဇင်းဌာနများကိုကိုင်သော ဓမ္မအမှုထမ်းများ၏အလုပ်ကို သူကွပ်ကဲပေးမည်။

လုပ်ငန်းတော်ကြီးကြပ်မှူးသည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် မည်သည့်စာပေများကိုထုတ်ဝေလိမ့်မည်အကြောင်း ကြေညာချက်များကို အထူးဂရုစိုက်ပါလိမ့်မည်။ သူနှင့်စာအုပ်စာတမ်းကိုကိုင်သောညီအစ်ကိုသည် အသုံးပြုဖို့စာပေအလုံအလောက်ရှိရန် စီစဉ်ပေးမည်။ သို့သော် ပိုပိုလျှံလျှံမှာယူမည်ကားမဟုတ်ပါ။ စာပေတစ်ခုကို လယ်ကွင်း၌ပထမအကြိမ်အသုံးပြုမည်လော၊ သို့မဟုတ် အသင်းတော်တွင်မကြာမီလေ့လာရတော့မည်လော ဟူသည့်အချက်များကိုထည့်တွက်ကာ အသင်းမမှမှာယူပါလိမ့်မည်။ စာပေတစ်ခုကို ယခင်ကဝေငှခဲ့ဖူးလျှင် အသင်းတော်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကိုကြည့်၍ လက်ရှိစာပေများလုံလောက်မည်၊ မလုံလောက်မည်ကို ခန့်မှန်းနိုင်ပါသည်။ ယခင်တစ်ကြိမ်က စာပေဝေငှစဉ်ထက် အရန်ရှေ့ဆောင်များ၊ ကြေညာသူများ၊ မှန်မှန်ရှေ့ဆောင်များ အရေအတွက်တိုးလာမလာကိုလည်း ထည့်တွက်ရမည်။ စာအုပ်စာတမ်းများကို အသင်းတော်စည်းဝေးများမစမီနှင့် စည်းဝေးပြီးနောက်တွင် ထုတ်ယူနိုင်ခွင့်ရှိရမည်။ စာအုပ်စာတမ်းပုံးများကို သန့်ရှင်းညီညာစွာပုံထား၍ အပျက်အစီးမရှိရန် သိမ်းဆည်းပေးရမည်။

လုပ်ငန်းတော်ကြီးကြပ်မှူးသည် မဂ္ဂဇင်းဌာနကိုကြည့်ရှုရသည့်ညီအစ်ကိုနှင့်လည်း ပူးပေါင်းဆောင်ရွက်ပါမည်။ ရံဖန်ရံခါ၊ လုပ်ငန်းတော်ကြီးကြပ်မှူးနှင့် မဂ္ဂဇင်းများကိုကိုင်သောညီအစ်ကိုသည် ဓမ္မအမှုတွင် လစဉ်ဝေငှနိုင်သည့်မဂ္ဂဇင်းအရေအတွက်နှင့် မှာယူသည့်မဂ္ဂဇင်းအရေအတွက်ကို ညှိနှိုင်းပေးရမည်။ ကြေညာသူအချို့၏အိမ်တွင် မဂ္ဂဇင်းများပုံနေမည်ဆိုလျှင် သူတို့မှာယူသည့်အရေအတွက်ကိုလျှော့လိုက်ရန် လိုကောင်းလိုပေမည်။ မဂ္ဂဇင်းများကို မဖြုန်းတီးသင့်ပါ။

ဤမူအတိုင်းပင် လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဝေငှရာစာပေစာတမ်းများအရေအတွက်ကို စာရွက်စာတမ်းတောင်းခံပုံစံ (S(d)-14) ဖြင့်မှာယူသည့်အရေအတွက်နှင့် စစ်ဆေးပေးသင့်သည်။ ထိုနောက် ယင်းပုံစံကိုအသင်းတော်အတွင်းရေးမှူးထံသို့အပ်၍ သူကလည်း ပုံစံကိုအသေအချာစစ်ဆေးပြီး အထူးတောင်းခံထားသည့်စာအုပ်စာရင်း၏အရေအတွက်ကို ဂရုစိုက်စစ်ဆေးပါမည်။

စာအုပ်စာတမ်းနှင့်မဂ္ဂဇင်းဌာနများကို ကောင်းစွာကိုင်တွယ်ပေးရန် စာရင်းဇယားအနည်းအကျဉ်းပြုလုပ်ပေးရန်လိုမည်ကား အမှန်ပါ။ တာဝန်ခန့်အပ်ခံညီအစ်ကိုများသည် သက်ဆိုင်ရာပုံစံများ၊ စာရင်းထားပုံနှင့်ပတ်သက်၍ မေးခွန်းများရှိမည်ဆိုလျှင် အတွင်းရေးမှူးသည် သူတို့၏ဤလုပ်ငန်းပိုင်း၌ ဝင်ပါကူညီရှင်းပြရန် အသင့်ရှိပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ