ကျောင်းသူကျောင်းသားများအတွက် သတိပေးချက်များ
၁ ကျောင်းများပြန်ဖွင့်နေပြီဖြစ်၍ ကျောင်းသူကျောင်းသားများ ကျောင်းပြန်တက်နေကြပြီ။ အချို့လူငယ်များ ဤနှစ်မှ ကျောင်းစတက်နေကြပါသည်။
၂ ကျောင်းနေရသည့် သင့်ရည်ရွယ်ချက်မှာ သင်ယူလေ့လာရန်ဖြစ်သည်။ ထိုကြောင့် ဝီရိယစိုက်ထုတ် လေ့လာပါ။ လောကသားများကို အတုမယူပါနှင့်။ သင့်အပေါင်းအသင်းများကို ဂရုစိုက်ပါ။
၃ ကျောင်းပြီးသည့်အခါ ကျောင်းတွင်တတ်ထားသောပညာကို ယေဟောဝါအမှုတော်၌ အချိန်ပြည့်ပါဝင်ခြင်းအတွက် အသုံးပြုနိုင်ပါသလော။ ကျောင်းပိတ်ချိန်တွင် အရန်ရှေ့ဆောင်ခြင်းနှင့် ကျောင်းပြီးလျှင် မှန်မှန်ရှေ့ဆောင်ခြင်းကို သင့်ပန်းတိုင်ဖြစ်စေပါ။
၄ ကြုံတုန်းဆုံခိုက်သက်သေခံခြင်းကိုလည်း မမေ့ပါနှင့်။ ကျောင်းသွားသည့်အခါ ဝေစာများယူသွားပါ။ ထမင်းစားကျောင်းဆင်းချိန်တွင် အချိန်ကိုရွေးနှုတ်ကာ အသင်းမစာအုပ်စာတမ်းများနှင့် မဂ္ဂဇင်းများကိုဖတ်ပါ။ ကျောင်းနေဘက်များနှင့် ကျမ်းစာသင်အံမှုများစနိုင်ရန် ကြိုးစားပါ။
၅ ကျောင်းစာနှင့် သင်အလွန်အလုပ်များနေမည်မှန်သော်လည်း စည်းဝေးများနှင့် တနင်္ဂနွေနေ့တွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ခြင်းကို မပျက်စေပါနှင့်။ အသက်နုပျိုရွယ်တွင် သင့်ကြီးမြတ်တော်မူသောဖန်ဆင်းရှင်၏ အမှုတော်ကို ထမ်းဆောင်ခြင်းဖြင့် ယေဟောဝါ၏ကောင်းချီးများ သင့်အပေါ် ရှိပါစေ။—ဒေ၊ ၁၂:၁။