ကျွန်ုပ်တို့စာပေများကို တန်ဖိုးထားတတ်ရန် အခြားသူများအားကူညီပေးခြင်း
၁ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း” အစွမ်းရှိ၏။ (ဟေဗြဲ ၄:၁၂) ကျွန်ုပ်တို့၏ ကျမ်းစာအခြေခံသောစာပေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးမှ အကျိုးခံစားစေသည့်အတွက် အလွတ်သဘောသက်သေခံသည့်အခါ သို့မဟုတ် တစ်အိမ်မှတစ်အိမ် လည်ပတ်သည့်အခါ ကျမ်းစာကို စိတ်ဝင်စားလာစေရန် ယင်းတို့ကို အသုံးပြုကြပါသည်။
၂ ဇန်နဝါရီလတွင်ဝေငှမည့်စာပေကား ၁၉၈၀ မတိုင်မီ၊ သို့မဟုတ် စာရွက်များ အရောင်ပြောင်းသည့် ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်မဆိုဖြစ်သည်။ ဤကဲ့သို့သောစာအုပ်များ သင့်အသင်းတော်တွင်ရှိနေမည်ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တင်ဆက်ပုံပြင်ဆင်ရာ၌ သင်အသုံးပြုမည့်စာအုပ်ပါ အချက်တစ်ချက်အား ညွှန်းသည့်အကြောင်းကို ထည့်ပေးပါ။ ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။
၃ မည်သို့ပြင်ဆင်နိုင်– အစကနဦးတွင် သင့်ရပ်ကွက်ရှိ စိတ်နှလုံးကောင်းသူများနှစ်သက်မည့် အချက်တစ်ချက်ကို သင်အသုံးပြုမည့်စာအုပ်တွင် ရွေးချယ်လိုက်ပါ။ ထို့နောက် သင်ရွေးချယ်ထားသည့် စာအုပ်ပါအကြောင်းသို့ သူ့အားအာရုံမစိုက်စေမီ အိမ်ရှင်နှင့်သင်ဆွေးနွေးနိုင်မည့် နောက်ဆုံးအဖြစ်အပျက်တစ်ခု၊ သို့မဟုတ် လူအများစိတ်ဝင်စားရာအကြောင်းတစ်ခုကို စဉ်းစားထားပြီး ပြောဆိုပါ။ သင့်စကားကိုထောက်ခံသည့် ကျမ်းစာထဲမှသော်လည်းကောင်း၊ စာအုပ်မှသော်လည်းကောင်း ကျမ်းချက်တစ်ချက်ကိုသင်ဖတ်ပြနိုင်ပေမည်။ တကယ်စိတ်ဝင်စားသူ ဖြစ်နေမည်ဆိုလျှင် စာအုပ်ကိုဝေငှလိုပေမည်။ ဤအချိန်တွင်၊ သို့မဟုတ် နောက်ပိုအဆင်ပြေသည့်အချိန်တွင် ယင်းစာအုပ်ကို အလှူငွေ ကျပ် ၃၀ ဖြင့်ရယူနိုင်ကြောင်း ပြောပြနိုင်ပါမည်။ မည်သို့ဆိုစေ ပြန်လည်ပတ်လာနိုင်ရန် မေးခွန်းတစ်ခုမေးခြင်း သို့မဟုတ် သူစဉ်းစားစရာအချက်တစ်ခုခုကို ပြောထားနိုင်ပါသည်။
၄ အသင်းတော်များစွာတွင် လူငယ့်ဘဝအနှစ်သာရ နှင့် ကြီးမြတ်သောဆရာ့စကားကိုနားထောင်ခြင်း အနည်းငယ်ရှိနေပါသည်။ ယင်းတို့ကို ရပ်ကွက်တွင် တွေ့ဆုံသည့် လူငယ်များအတွက် အသုံးပြုရန် စကားစမြည်ပြင်ဆင်ထားပါလေ။ ဤစာပေကောင်းများကို ဖတ်ရှုကြရန် အားပေးပါ။ ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား စာအုပ်ကိုဝေငှလျှင် အထက်ပါနည်းအတိုင်းပင် ဤကျမ်းစာသင်အံမှုအတွက် အလွန်ကောင်းသောစာပေပါ အခြေခံကျမ်းစာအယူဝါဒများကို ဆွေးနွေးရန် ပြင်ဆင်နိုင်ပါသည်။
၅ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း ကိုဝေငှ– မိသားစုစည်းလုံးမှုမရှိခြင်း၊ သို့မဟုတ် အချို့အိမ်ထောင်များတွင် ပျော်ရွှင်မှုမရှိခြင်းအကြောင်း ဖော်ပြခြင်းဖြင့် စကားစမြည်စတင်နိုင်ပါလိမ့်မည်။
၆ တစ်ခါတစ်ရံ မဂ္ဂဇင်းများ သို့မဟုတ် ဝေစာဝေရန် ပိုမိုသင့်တော်ပေမည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏လမ်းညွှန်မှုကို တုံ့ပြန်ခြင်းအားဖြင့် သူတို့အသက်တာတွင် ယင်း၏တန်ခိုးကို ခံစားပြီး အသင့်ရှိနိုင်ရန် ဤစာပေများကို ဖတ်ရှုကြဖို့ အားတက်သရောနှင့်ဇွဲရှိရှိတိုက်တွန်းပေးရန် အကြောင်းမြောက်မြားစွာရှိပါသည်။