ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၆ စာ. ၈
  • မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • သမ္မာတရားကိုသက်သေခံသော မဂ္ဂဇင်းများကို ဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • နိုင်ငံတော်သတင်း ဟောပြောခြင်းကို တိုးတက်စေရန် နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁၀/၉၆ စာ. ၈

မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ပါ

၁ ကင်းမျှော်စင်နှင့် နိုးလော့! တွင် ကမ္ဘာ့ရေးရာများမှ “ဘုရားသခင်၏နက်နဲသောအရာ” အထိ ခြုံငုံသုံးသပ်ထားကာ အခန့်သင့်ဖြစ်ပြီး ပညာပေးဆောင်းပါးများပါသည့်အတွက် ကျွန်ုပ်တို့လေးမြတ်ကြသည်။ (၁ ကော. ၂:၁၀) သမ္မာတရားကို အဆင့်ဆင့်ထင်ရှားဖော်ပြရာတွင် ယေဟောဝါအသုံးပြုသော ဤဂျာနယ်များတွင် ဖတ်ရသည့် အကြောင်းအရာသစ်နှင့်တည်ဆောက်မှုပေးရာများစွာကို ကျွန်ုပ်တို့အားလုံး အမှတ်ရကြပါသည်။ (သု. ၄:၁၈) ကျယ်ပြန့်သည်ထက်ကျယ်ပြန့်အောင် ဝေငှရန် ကျွန်ုပ်တို့စိတ်ထက်သန်မှုရှိဖို့ လိုသည်။

၂ သင့်ရပ်ကွက်ကိုသုံးသပ်ပါ– သင့်ဒေသတွင် နေထိုင်သူတို့မှာ မည်သို့သောလူစားမျိုးနည်း။ သူတို့သည် အမြဲပင် ကတိုက်ကရိုက်ဖြစ်နေပါက သင်သည် တိုတုတ်ပြီး လိုရင်းတိုရှင်းဖြစ်သည့်တင်ဆက်ပုံကို ပြင်ဆင်ထားဖို့လိုပေမည်။ သင့်တွင် ကတိုက်ကရိုက် သိပ်မဖြစ်သည့်ရပ်ကွက်ရှိပါက ပို၍ကြာကြာ ပြောဆိုနိုင်ပေမည်။ အိမ်ရှင်အများစုသည် နေ့ဘက်တွင် အလုပ်လုပ်ပါက သူတို့၏အိမ်သို့ မွန်းလွဲနောက်ပိုင်း သို့မဟုတ် ညနေအစောပိုင်းတွင် သွားရောက်ခြင်းသည် ပို၍အောင်မြင်ပေမည်။ တစ်ဆိုင်မှတစ်ဆိုင်လုပ်ဆောင်ခြင်းဖြင့် နေ့ဘက်တွင် အချို့တို့ကိုတွေ့နိုင်သည်။ ကြေညာသူအချို့တို့သည် ကားထားသည့်နေရာများ၊ ပန်းခြံများတွင် လူတို့ကိုချဉ်းကပ်ပြီး အလွတ်သဘောသက်သေခံခြင်းဖြင့် ကောင်းသောရလဒ်များရရှိကြသည်။

၃ မဂ္ဂဇင်းများနှင့်အကျွမ်းတဝင်ရှိပါ– လထုတ်တိုင်းကို သင် ရရှိသည်နှင့်ဖတ်ပါ။ သင့်ရပ်ကွက်ရှိလူတို့ နှစ်သက်မည်ဟု သင်ယူမှတ်သည့်ဆောင်းပါးများကို ရွေးပါ။ သူတို့နှင့်သက်ဆိုင်သည့်အကြောင်းကား အဘယ်နည်း။ သင်ပြောပြမည်ဟု ကြံရွယ်ထားသည့်ဆောင်းပါးမှ ကိုးကားနိုင်သည့်အချက်တစ်ချက်ကို ရှာပါ။ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးနိုင်သည့် မေးခွန်းတစ်ခုကိုစဉ်းစားပါ။ အခွင့်သင့်က အိမ်ရှင်အားဖတ်ပြရန် အခန့်သင့်ဖြစ်သည့်ကျမ်းချက်တစ်ချက်ကို ရွေးပါ။ ပြန်လည်ပတ်မှုပြုလုပ်ရန်အတွက် အုတ်မြစ်ချဖို့ သင်ပြောနိုင်သည့်အကြောင်းကို စဉ်းစားပါ။

၄ နိဒါန်းအတွက်ပြင်ဆင်ပါ– နိဒါန်ပျိုးရန်နှင့် အစပြုပြောဆိုရာတွင် အသုံးပြုဖို့ကြံရွယ်ထားသည့် စကားများကို ဂရုတစိုက်ရွေးချယ်ပါ။ အချို့တို့သည် ဤသို့နိဒါန်းပျိုးခြင်းဖြင့် အောင်မြင်သည်ကိုတွေ့ရသည်– “ဒီမဂ္ဂဇင်းထဲမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဆောင်းပါးတစ်ခုကို ကျွန်တော်ဖတ်ရလို့ အခြားသူတွေကိုလည်း ဝေငှပေးချင်ပါတယ်။” များစွာသောသူတို့သည် အသုံးပြုဖို့ကြံရွယ်ထားသည့် အကြောင်းအရာကို အာရုံစိုက်စေရန် မေးခွန်းတစ်ခုဖြင့် စကြသည်။ ဥပမာ–

၅ ရာဇဝတ်မှုပျံ့နှံ့ခြင်းအကြောင်း ပါသောဆောင်းပါးကို ပေါ်လွင်စေလိုပါက သင်ဤသို့မေးနိုင်သည်–

▪ “ဓားပြတိုက်မှာ ဒါမှမဟုတ် အန္တရာယ်ဖြစ်မှာကို မကြောက်ရဘဲ ညဘက်ကောင်းကောင်းအိပ်နိုင်အောင် ဘာကပြုလုပ်ပေးမလဲ။” ဤပြဿနာကို ဖြေရှင်းနည်းနှင့်ပတ်သက်သော အကြောင်းအရာတချို့ သင့်တွင်ရှိကြောင်းရှင်းပြပါ။ ဖြေရှင်းနည်းက အခြားလူမှုရေးဖောက်ပြန်မှုအမျိုးမျိုးကိုပါ မကြာမီပယ်ရှင်းပေးတော့မည်။ ထိုသို့သောမျှော်လင့်ချက်ကိုပေးသည့် မဂ္ဂဇင်းပါအကြောင်းကို တင်ပြပါ။ သင် ပြန်လည်ပတ်သည့်အခါ အသိပညာ စာအုပ်အခန်း ၁ သို့ အိမ်ရှင်၏အာရုံကို ဆွဲယူနိုင်သည်။

၆ မိသားစုဘဝအကြောင်း ပါသောဆောင်းပါးကို ဝေငှသောအခါ သင်ဤသို့ပြောပေမည်–

▪ “ဒီခေတ်မှာ မိဘအများစုဟာ မိသားစုကိုပြုစုပျိုးထောင်ဖို့ တကယ့်စိန်ခေါ်ချက်ကို ရင်ဆိုင်နေရပါတယ်။ စာအုပ်မြောက်မြားစွာမှာ ဒီအကြောင်းတွေကိုရေးထားပေမဲ့ ကျွမ်းကျင်သူများတောင် သဘောမတူကြပါဘူး။ စိတ်ချရတဲ့လမ်းပြမှု ပေးနိုင်တဲ့သူတစ်ဦးဦး ရှိပါသလား။” သမ္မာကျမ်းစာမှပညာရှိသြဝါဒကို ပေါ်လွင်စေရန် မဂ္ဂဇင်းမှအထူးမှတ်ချက်တစ်ခုကိုဝေမျှပါ။ သင် ပြန်လည်ပတ်မှုပြုလုပ်သောအခါ အသိပညာ စာအုပ်စာမျက်နှာ ၁၄၅-၈ တွင်သုံးသပ်ထားသော သားသမီးများမွေးမြူခြင်းနှင့်ဆိုင်သည့် ကျမ်းစာအကြောင်းများကိုဆွေးနွေးပါ။

၇ လူမှုရေးပြဿနာအကြောင်း ပါသောဆောင်းပါးကို တင်ပြသောအခါ သင်ဤသို့ပြောနိုင်သည်–

▪ “ကျွန်တော်တို့အသက်ရှင်နေတဲ့ ခက်ခဲကျပ်တည်းတဲ့အချိန်ကာလကြောင့် လူများစွာဟာ ဖိစီးမှုကို ခံနေကြရပါတယ်။ ကျွန်တော်တို့ရဲ့အသက်တာကို ဒီလိုပဲဖြစ်ဖို့ ဘုရားသခင်ရည်ရွယ်ခဲ့တယ်လို့ ခင်ဗျားထင်သလား။” ယနေ့ကြုံရသည့်ပြဿနာများ ဖြေရှင်းနိုင်ပုံကို တင်ပြသော သို့မဟုတ် စိုးရိမ်ပူပန်မှုကင်းဝေးသော အနာဂတ်ကို မျှော်လင့်နိုင်ကြောင်းတင်ပြသော ဆောင်းပါးကို ညွှန်ပြပါ။ နောက်တစ်ကြိမ်လည်ပတ်ရာတွင် အသိပညာ စာအုပ်စာမျက်နှာ ၄-၅ ပါရုပ်ပုံနှင့် ပုံစာကိုဆွေးနွေးပြီး အိမ်တွင်းကျမ်းစာသင်အံမှုကို တိုက်ရိုက်ဦးတည်ပေးပါ။

၈ အိမ်ရှင်နှင့်အလိုက်သင့်ပြုပြင်ပြောင်းလဲပါ– စိတ်ဝင်စားမှုနှင့် နောက်ခံမျိုးစုံရှိသောသူတို့နှင့် သင်တွေ့ရပေမည်။ အိမ်ရှင်တိုင်းအတွက် ပြုပြင်ပြောင်းလဲနိုင်သည့် တင်ဆက်ပုံကိုပြင်ဆင်ထားပါ။ ယောက်ျား၊ မိန်းမ၊ လူကြီး သို့မဟုတ် လူငယ်တို့နှင့် အလိုက်သင့်ဖြစ်ရန် ပြင်ဆင်ပါ။ သင်ပြောသည့်စကားသည် ပြောင်းသာလဲသာမရှိသည့်စကားမျိုး မဖြစ်ရပါ။ သင့်အတွက် သက်သောင့်သက်သာရှိပြီး အကျိုးရရှိစေသည့်စကားကို သုံးပါ။ သို့ဖြစ်စေကာမူ အားတက်သရောရှိပါ။ နှလုံးမှလှိုက်လှိုက်လှဲလှဲပြောပါ။ ကောင်းသောနားထောင်သူဖြစ်ပါ။ “တလိုတလားရှိသူများ” သည် သင့်အရင်းခံသဘောထားကို သိနားလည်ပြီး လိုလိုလားလားတုံ့ ပြန်ကြပေမည်။—တ. ၁၃:၄၈၊ ကဘ။

၉ အချင်းချင်းကူညီပါ– အချင်းချင်းအကြံဉာဏ်မျှဝေခြင်းဖြင့် ပြောဆိုဖို့နည်းလမ်းသစ်များကို သိရသည်။ တင်ဆက်ပုံများကို အတူတကွလေ့ကျင့်ခြင်းက အတွေ့အကြုံနှင့် ယုံကြည်စိတ်ချမှုကိုရစေသည်။ (သု. ၂၇:၁၇) သင်ပြောမည့်အရာကို ပြင်ဆင်လေ့ကျင့်ထားပါက တံခါးဝ၌ သင့်အား ပို၍လွယ်ကူစေမည်။ မိဘများ သားသမီးတို့၏ပြင်ဆင်မှုကို ကူညီပေးဖို့ အချိန်ပေးခြင်း၊ သူတို့၏တင်ဆက်ပုံကို လေ့ကျင့်စဉ် နားထောင်ပေးခြင်း၊ တိုးတက်မှုအတွက် အကြံပေးခြင်းတို့သည် အရေးပါသည်။ လူသစ်များသည် ပို၍အတွေ့အကြုံရှိသော ကြေညာသူတို့နှင့် အတူလုပ်ဆောင်ခြင်းဖြင့် အကျိုးရရှိနိုင်သည်။

၁၀ မဂ္ဂဇင်းတင်ဆက်ပုံကို ကိုယ်ပိုင်ပြင်ဆင်ရန် အခက်တွေ့စရာအကြောင်းမရှိပါ။ ပြောဖို့စိတ်ထဲမှာရှိသည့် အကြောင်းအရာမျှသာဖြစ်ပြီး ယင်းကို နှစ်သက်ဖွယ်နည်းဖြင့် ပြောဆိုခြင်းဖြစ်သည်။ အစပြုနိုင်ရန်နှင့် ကြိုတင်စဉ်းစားခြင်းဖြင့် တုံ့ပြန်မှုကောင်းရစေမည့် တင်ဆက်မှုကောင်းတစ်ခုကို သင်ရရှိနိုင်သည်။

၁၁ မဂ္ဂဇင်းဝေငှခြင်းသည် နိုင်ငံတော်သတင်းတရားကို ကမ္ဘာတစ်ဝန်းပျံ့နှံ့စေသည့် အဓိကနည်းများမှတစ်နည်းဖြစ်သည်။ သင်သည် ကင်းမျှော်စင်နှင့် နိုးလော့!တို့ကို စိတ်ရင်းမှန်ရှိသူများ၏ လက်ထဲအရောက် ဝေငှနိုင်ပါက မဂ္ဂဇင်းများက သူတို့အားပြောပြနိုင်ပါသည်။ ယင်းတို့၏တန်ဖိုးနှင့် ယင်းတို့တွင်ပါသည့်သတင်းတရားက အသက်ကယ်နိုင်ကြောင်း အစဉ်သတိရပါ။ ‘ကျေးဇူးပြုခြင်း၊ ပေးကမ်းခြင်း’ ဖြစ်သည့်ဤနည်းလမ်းသည် ယေဟောဝါအား အလွန်နှစ်သက်ဖွယ်ဖြစ်စေပါသည်။—ဟေဗြဲ ၁၃:၁၆၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ