ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၄ စာ. ၁
  • ယခုပင် အချိန်တိုင်ပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယခုပင် အချိန်တိုင်ပြီ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ၁၂ ပန်းတိုင်များ
    နိုးလော့!—၂၀၁၈
  • ငါရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်နိုင်မလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • သင့်ဝိညာဏပန်းတိုင်များ ပြည့်မီစေနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၁၀/၉၄ စာ. ၁

ယခုပင် အချိန်တိုင်ပြီ

၁ ကောရိန္သုအသင်းသားများထံ ဒုတိယစာစောင်ကို တမန်တော်ပေါလုရေးစဉ်က ယေရုရှလင်မြို့ရှိ ယုံကြည်သူချင်းတို့၏အကျိုးကိုဆောင်မည်ဟူသော သူတို့၏ဆုံးဖြတ်ချက်ကို သတိပေးခဲ့သည်။ သို့ရာတွင် တစ်နှစ်တာကာလ ကုန်လွန်ခဲ့သော်လည်း သူတို့စတင်ခဲ့သောလုပ်ငန်းကို မပြီးစီးနိုင်ကြသေးချေ။ ယင်းကြောင့် “ထိုအမှုကို ဆက်လက်ဆောင်ရွက်ကာ အဆုံးသတ်ကြလော့။ သင်တို့သည် ထိုအမှုကို ကြံစည်ရာတွင် စိတ်အားထက်သန်သကဲ့သို့ ဆောင်ရွက်ရာတွင်လည်း စိတ်အားထက်သန်ကြလော့” ဟုတိုက်တွန်းခဲ့သည်။—၂ ကော. ၈:၁၁၊ သတင်းကောင်း။

၂ ကျွန်ုပ်တို့အားလုံး တစ်ကြိမ်မဟုတ်တစ်ကြိမ် ပန်းတိုင်များထားလေ့ရှိသည်။ လယ်ကွင်းလုပ်ငန်းတွင် ပါဝင်မှုကို တိုးချဲ့ရန်၊ ညီအစ်ကိုများနှင့် ပို၍အကျွမ်းတဝင်ရှိရန်၊ လုပ်ငန်းတော်အခွင့်အရေးတစ်ခုခု ရရှိဖို့ အရည်အချင်းပြည့်မီရန်၊ သို့မဟုတ် အားနည်းချက်တစ်မျိုးမျိုးကို ဖျောက်ဖျက်ရန် သန္နိဋ္ဌာန်ချခဲ့ပေမည်။ ရည်ရွယ်ချက်ကောင်းခဲ့သော်လည်း ပန်းတိုင်ရောက်သည်အထိ ကြိုးစားမှုမရှိဘဲ ဖြစ်ခဲ့ပေမည်။ သတိမပြုမိမီ ရက်သတ္တပတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်း များစွာကုန်လွန်ခဲ့သော်လည်း အရာမထင်ဘဲ ဖြစ်နေပေမည်။ ကျွန်ုပ်တို့စလုပ်ကိုင်ခဲ့သောအမှုအပေါ် “ဆက်လက်ဆောင်ရွက်ကာ အဆုံးသတ်ကြလော့” ဟူသောသြဝါဒကို ကိုယ်တိုင်လိုက်နာရန် လိုအပ်နေမည်လော။

၃ ပန်းတိုင်ရောက်ရန် ကြိုးစားခြင်း– သန္နိဋ္ဌာန်ချဖို့ လွယ်ကူသလောက် ယင်းအတိုင်းလုပ်ဆောင်ခြင်းကား ခဲယဉ်းသည်။ ရက်ရွှေ့လရွှေ့လုပ်နေမည်ဆိုလျှင် ရည်မှန်းချက် ပျက်ပြားသွားနိုင်သည်။ ဆုံးဖြတ်ချက်ချပြီးလျှင် ထိုအတိုင်း မဖင့်မနွှဲပြုလုပ်ရန်လိုသည်။ စည်းစနစ်ကျနသူဖြစ်ရန် လိုသည်။ အလုပ်တစ်ခုကို အပြီးဆောင်ရွက်ရန် အချိန်သတ်မှတ်ထားပြီး ထိုအချိန်ကို ရည်ရွယ်ထားသည့်အတိုင်း အသုံးပြုရန် အရေးကြီးသည်။ မည်သည့်အချိန်နာရီတွင် အပြီးဆောင်ရွက်မည်ဟု အချိန်ကန့်သတ်ထားပြီးနောက် ထိုအချိန်တွင်အပြီးလုပ်ဆောင်ရန် ကိုယ့်ကိုယ်ကိုကြပ်မတ်ရမည်။

၄ ပန်းတိုင်မီရန် အခက်အခဲတွေ့နေမည်ဆိုလျှင် ‘နောက်မှပဲ လုပ်တော့မယ်’ ဟုဆုံးဖြတ်ဖို့ရန် အလွန်လွယ်ကူပါသည်။ သို့သော် နောက်နောင် ဘာဖြစ်ပျက်မည်ကိုကား ကျွန်ုပ်တို့ကြိုတင်မသိနိုင်ပါ။ သုတ္တံ ၂၇:၁ ကဤသို့ဆိုသည်– “နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက်အတွင်းတွင် အဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင်။” “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ . . . ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ” သောကြောင့် အနာဂတ်ကို စိတ်ချလွန်းသောသဘောမရှိရန် တပည့်တော်ယာကုပ်ကလည်း သတိပေးထားပါသည်။—ယာ. ၄:၁၃-၁၇။

၅ အာရုံလွင့်ပါးစရာ မြောက်မြားစွာရှိသည့်အပြင် သူတစ်ပါးတောင်းဆိုရာများလည်း ရှိသောကြောင့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်များသည် လွယ်ကူစွာ တိမ်မြုပ်သွားနိုင်သဖြင့် ပန်းတိုင်ကို ရှေ့ရှုနေရန် သတိမချွတ်ကြိုးစားဖို့လိုသည်။ ယင်းကို ထည့်ဆုတောင်းခြင်းသည် အထောက်အကူဖြစ်မည်။ မိမိနှင့်ရင်းနှီးသူတို့အား မိမိကိုသတိပေးရန်၊ အားပေးတိုက်တွန်းရန် အကူအညီတောင်းဆိုခြင်းသည်လည်း ကောင်းပေသည်။ ပြက္ခဒိန်ပေါ်တွင် မှတ်သားထားလျှင် မိမိတိုးတက်မှုကို မိမိစစ်ဆေးကြည့်ရန် သတိပေးချက်ဖြစ်နိုင်သည်။ “လူတိုင်းပင် မိမိ၏ . . . စိတ်ပြဋ္ဌာန်းသည်အတိုင်း” ပြုလုပ်ရန် ဆုံးဖြတ်သင့်သည်။—၂ ကော. ၉:၇၊ သတင်းကောင်း။

၆ အောက်တိုဘာလတွင် မိမိတို့ပန်းတိုင်မီရန် အာရုံစူးစိုက်ဖို့ အခွင့်ကောင်းရရှိကြသည်။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများအတွက် နှစ်စဉ်ကြေးများကို ကျွန်ုပ်တို့ကမ်းလှမ်းကြမည်။ လက်လှမ်းမီနိုင်သောပန်းတိုင်များကို ချမှတ်နိုင်ကြမည်လော။ မဂ္ဂဇင်းဝေငှသည့်အရေအတွက်ကို တိုးများလာစေရန် ပန်းတိုင်ကော။ ပြန်လည်ပတ်မှု အရေအတွက် တိုးများလာစေရန်၊ ကျမ်းစာသင်အံမှုအသစ်တစ်ခု စတင်ရန် ပန်းတိုင်များကို ချမှတ်နိုင်သူများစွာရှိပေလိမ့်မည်။

၇ ဤ “လောက . . . သည်ရွေ့သွားကွယ်ပျောက်” လုပြီဖြစ်သောကြောင့် အရေးကြီးသည့်အမှုကိစ္စများကို ရွှေ့ဆိုင်းခြင်းသည် ပညာမဲ့ရာကျသည်။ (၁ ယော. ၂:၁၇) ယေဟောဝါ၏လုပ်ငန်းတော်တွင် အခွင့်ထူးများနှင့် ကောင်းချီးများ ယခုပင်ရနိုင်စရာအကြောင်းရှိသည်။ ယင်းတို့ကို အခွင့်အရေးယူ လုပ်ကိုင်ရန် ကျွန်ုပ်တို့ကိုယ်တိုင်အပေါ်မူတည်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ