ကြေညာချက်များ
▪ ဖေဖော်ဝါရီအတွင်းအသုံးပြုရန်စာပေ– သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်တင်ပြမည်။ (ဤစာအုပ်မရှိလျှင် ရှိရာကိုအသုံးပြုပါ)။ အဆိုပါစာအုပ်များကိုဝေငှနိုင်လျှင် ပြန်လည်ပတ်မှုများဆက်ဆက်ပြုလုပ်၍ ကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားသင့်သည်။ မတ်– မည်သည့်ဘရိုရှာမဆို။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! ကိုဝေငှ။ မကြာခဏ အမှုဆောင်ထွက်ထားသည့်ရပ်ကွက်များတွင် မည်သည့်ဘရိုရှာကိုမဆို (ကျောင်းဘရိုရှာမှအပ) အသုံးပြုမည်။ ပြန်လည်ပတ်မှုသွားချိန်တွင် စိတ်ဝင်စားမှုရှိကြောင်းတွေ့ရှိပါက နှစ်စဉ်ကြေးများယူရန် ကမ်းလှမ်းပါ။
▪ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ငန်းကို ပြန်သုံးသပ်ကြည့်သင့်သည်။ တစ်ဦးတစ်ယောက်သည် နာရီပန်းတိုင်မီရန်အခက်အခဲတွေ့နေသည်ဆိုလျှင် အကြီးအကဲများသည် ကူညီပေးရန် စီစဉ်သင့်သည်။ အကြံပြုချက်များအတွက် ၁၉၉၂ နိုဝင်ဘာ ၆ ရက်စွဲပါ အသင်းမစာများ (အက်စ်-၂၀၁) တို့ကိုပြန်သုံးသပ်ပါ။ ၁၉၈၆ ဩဂုတ်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်၊ အပိုဒ် ၁၂-၂၀ [လိပ်] ကိုလည်းရှု။
▪ သတိရအောက်မေ့ပွဲကို ၁၉၉၅၊ ဧပြီလ ၁၄ ရက်နေ့ သောကြာနေ့တွင်စတင်မည်။ ဟောပြောချက်ကိုစောစောစတင်နိုင်သော်လည်း သတိရအောက်မေ့ပွဲမုန့်နှင့်စပျစ်ရည်ဝေခြင်းကိုကား နေဝင်ပြီးနောက်တွင်သာ ပြုလုပ်သင့်ကြောင်းသတိရပါ။ သင့်အရပ်တွင်အဘယ်အချိန်နေဝင်မည်ကို ဒေသခံများအားစုံစမ်းပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးခြင်းမှအပ အခြားအဘယ်အစည်းအဝေးကိုမျှမကျင်းပရပါ။ သောကြာနေ့တွင် သင့်အသင်းတော်၌ စည်းဝေးကျင်းပလေ့ရှိလျှင် နိုင်ငံတော်ခန်းမအားမည့် အခြားတစ်ရက်သို့ယင်းအစည်းအဝေးကိုရွှေ့ပြောင်းကျင်းပလိုပေမည်။
▪ ၁၉၉၅၊ ဧပြီလ ၂၃ ရက်တွင်ကျင်းပသော အသင်းတော်စည်းဝေးများနှင့် တိုက်နယ်စည်းဝေး၊ အထူးစည်းဝေးပွဲနေ့အစီအစဉ်ကျင်းပပြီးသည့်နောက် အခန့်သင့်သတင်းပါရှိသည့် လေးမျက်နှာရှိဝေစာကို အနှံ့အပြားဝေငှရန် အထူးအစီအစဉ်အကြောင်းကြေညာပါမည်။ စိတ်ရှုပ်ထွေးစရာပြဿနာများကိုရင်ဆိုင်နေရသော စိတ်နှလုံးရိုးသားသူ၊ စိတ်ချရသောလမ်းပြမှုရလိုသူများကို အထူးဂရုပြုရန် ကြေညာသူများကိုအားပေးပါမည်။ မတ်၊ ဧပြီနှင့် မေလတွင် လယ်ကွင်းလုပ်ငန်း၌စတင်ပါဝင်မည့် လူသစ်များနှင့်ကြေညာသူတိုင်းသည် ဤအထူးအစီအစဉ်တွင် အပြည့်အဝပါဝင်လိုပေလိမ့်မည်။
▪ မတ်၊ ဧပြီနှင့်မေလတွင် အရန်ရှေ့ဆောင်လိုသောကြေညာသူများသည် ယခုပင်စီစဉ်ကြပြီး လျှောက်လွှာများကိုစောစောတင်သွင်းသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လိုအပ်သောလယ်ကွင်းလုပ်ငန်းအစီအစဉ်များပြုလုပ်ပေးကာ စာပေစာတမ်းအလုံအလောက်မှာယူထားနိုင်ပေမည်။
▪ စနေနေ့၊ ၁၉၉၅၊ မေ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိအသင်းမ၏အဆောက်အဦများကို နွေဦးချိန်သန့်ရှင်းရေးအတွက်ပိတ်ထားပါမည်။ ထို့ကြောင့်ထိုနေ့ရက်တွင် အလည်အပတ်လာရောက်ကြည့်ရှုခြင်း၊ သို့မဟုတ် အသင်းတော်စာပေစာတမ်းများကိုယူခြင်းမပြုရပါ။
▪ ရယူနိုင်သောစာအုပ်စာတမ်းများ– မြန်မာ– ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း၊ ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင်စည်းစည်းလုံးလုံး ဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း။ အခြားဘာသာဖြင့်– ဘရိုရှာမျိုးစုံ။
▪ “ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုခြင်း” စာအုပ်၏တန်ဖိုးသည် အင်္ဂလိပ်စာအုပ်အတိုင်းဖြစ်ပါသည်။ ရှေ့ဆောင်နှုန်း ၇ ကျပ် ၅၀ ပြား၊ ကြေညာသူနှုန်း ၁၀ ကျပ်၊ လူထုနှုန်း ၁၅ ကျပ်ဖြစ်ပါသည်။