ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖဖော်ဝါရီ ၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှဆောင်းပါးများကို တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။
၁၇ မိ– “ဟောပြောခြင်း—ဂုဏ်အသရေရှိအခွင့်ထူး။” မေးဖြေရန်။ သစတ အပိုင်း (၂) စာမျက်နှာ ၆၈-၉ အပိုဒ် ၁၃-၁၆ ကိုအခြေပြု၍ထပ်ဆင့်ပြောဆိုပါ။
၁၈ မိ– “အသင်းမစာပေများကို ထိရောက်စွာတင်ဆက်ခြင်း။” အဓိကအချက်များကို ပရိသတ်နှင့်ပြန်သုံးသပ်ပါ။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၅၁၊ အပိုဒ် ၈-၁၁ ပါအချက်များကိုထည့်ပြော။ သင့်ရပ်ကွက်တွင် အဘယ်နိဒါန်းသည်ထိရောက်နိုင်ကြောင်း ဆွေးနွေးပါ။ တင်ဆက်ပုံတစ်ခုနှစ်ခုကိုသရုပ်ပြပါ။
သီချင်း ၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၃ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ လက်ခံရရှိသောအလှူငွေအပေါ် အသင်းမ၏ကျေးဇူးတင်စကားကိုတင်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။ စည်းဝေးများအတွက် ကောင်းစွာပြင်ဆင်လာကြရန် ညီအစ်ကိုများအားတိုက်တွန်းပါ။
၁၅ မိ– “နိုင်ငံတော်နှုတ်ကပါဌ်တရား—ယင်းကိုနားလည်ခြင်း” မေးဖြေရန်။ ကိုယ်ပိုင်လေ့လာမှုကိုလည်းကောင်း၊ နေ့စဉ်ကျမ်းချက်သုံးသပ်ခြင်းကိုလည်းကောင်း အဘယ်နည်းဖြင့်နှင့် အဘယ်အချိန်တွင်ပြုလုပ်ရန်အစီအစဉ်ရှိကြောင်း နှစ်ဦးသုံးဦးအားတင်ပြစေပါ။
၁၅ မိ– “သူတစ်ပါးကိုစာနာမှုပြပါ။” အကြီးအကဲဟောပြော၍ ဆွေးနွေးရန်။ ဒေသခံရပ်ကွက်တွင် တွေ့ရှိသောမည်သည့်ပြဿနာများကိုမဆိုတင်ပြ၍ သင့်တော်သောသြဝါဒစကားကိုပေးပါ။
သီချင်း ၁၀၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၀ တွင် စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ ဒေသခံရပ်ကွက်အတွက်သင့်တော်သော နောက်ဆုံးထုတ်မဂ္ဂဇင်းဆောင်းပါးများကိုတင်ပြပါ။ တင်ဆက်ပုံများကိုသရုပ်ပြပါ။
၁၅ မိ– မတ်နှင့်ဧပြီလအတွင်းအရန်ရှေ့ဆောင်ခြင်းအကြောင်း အားတက်သရောဟောပြောရန်။
၁၈ မိ– “သင်တွေ့ရှိသောစိတ်ဝင်စားသူများထံ ပြန်သွားခြင်း။” ပရိသတ်နှင့်ဆွေးနွေး။ ထာဝစဉ်အသက်ရှင် စာအုပ်ရရှိခြင်းအတွက်ကျေးဇူးတင်စကားများတင်ပြပါ။ (၁၉၈၆ မေ ၁၅ ထုတ်ကင်းမျှော်စင် စာမျက်နှာ ၃၂ [လိပ်]၊ နှင့် ၁၉၈၇ မတ် ၁ ထုတ်ကင်းမျှော်စင် စာမျက်နှာ ၃၂ [လိပ်] ရှု။) အကြံပြုထားသောတင်ဆက်ပုံများကို မည်သို့အသုံးပြုနိုင်ကြောင်း တိုတုတ်သောသရုပ်ပြခန်းနှစ်ခုကိုအသုံးပြုနိုင်သည်။ စိတ်ဝင်စားသူများကို သင်အံမှုစတင်ဖို့ အားလုံးကြိုးစားကြရန်အားပေးပါ။
သီချင်း ၁၄၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “ပြန်လည်တည်းဖြတ်ထားသောလူထုဟောပြောချက်များမှ အကျိုးခံစားခြင်း” ကိုဆွေးနွေး။
၁၅ မိ– ဧပြီလတွင်ကြေညာသူနှုန်းသစ်ရရန် ယခုပင်ကြိုးစားခြင်း။ ဦးစီးကြီးကြပ်မှူးဟောပြောရန်။
၂၀ မိ– မတ်လအတွင်း ရရှိနိုင်သောမည်သည့်စာပေကိုမဆိုဝေငှခြင်း။ ယင်းကိုဝေငှရာတွင် အားတက်သရောရှိရန် အားပေးပါ။ ယင်းကိုထုတ်ဝေရသည့်အကြောင်းများကို ပြန်သုံးသပ်ပါ။ ဆွေးနွေးရန်ကျမ်းစာအကြောင်းများ စာစောင်ငယ်မှအကြောင်းတစ်ခုခုကို မည်သို့အသုံးပြုနိုင်ကြောင်း ပြန်လည်သုံးသပ်၍ တိုတုတ်သောသရုပ်ပြချက်တစ်ခုတင်ပြပါ။
သီချင်း ၂၀၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။