စိတ်နှိမ့်ချသူများအတွက် သတင်းကောင်း
၁ တရားစီရင်ခြင်းခံရတော့မည့်အချိန်ပိုင်းတွင် ကျွန်ုပ်တို့အသက်ရှင်ကြသည်။ (ယေဇ. ၉:၅၊ ၆) လာမည့်အဖြစ်အပျက်အတွက် အသင့်ဖြစ်နေနိုင်ရန် နေရာအနှံ့ရှိ စိတ်နှိမ့်ချသူအားလုံးတို့အား အသိပေးထားရန် အရေးကြီးသည်။ ကိုယ်တော့်ကရုဏာမေတ္တာတော်ကြောင့် ယေဟောဝါသည် “စိတ်နှိမ့်ချသောသူတို့အား သတင်းကောင်းကို ကြားပြောစေရန်” မှာကြားထားတော်မူသည်။ (ဟေရှာ. ၆၁:၁၊ ၂၊ ကဘ) ဤသတင်းကောင်းကို နေရာအနှံ့ကြေညာနိုင်ရန် ကျွန်ုပ်တို့၏မဂ္ဂဇင်းများက အကူအညီပေးသည်။
၂ ကင်းမျှော်စင် နှင့် နိုးလော့! က ကျွန်ုပ်တို့အားခွန်အားရှိစေပြီး လှုံ့ဆော်တိုက်တွန်းပေးသည့် ကြေခဲသောဝိညာဉ်အစာကိုကျွေးသည်။ များမကြာမီ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာကို ပရဒိသုအဖြစ်သို့ ပြောင်းလဲစေမည်ဟူသော သတင်းကောင်းဖြင့် ကင်းမျှော်စင် သည် စိတ်နှိမ့်ချသူများအား နှစ်သိမ့်ပေးသည်။ နိုးလော့! သည် ငြိမ်းချမ်းလုံခြုံသောကမ္ဘာသစ်တစ်ခုကို ဆိုက်ရောက်စေမည်ဟူသော ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်စိတ်ချစေသည်။ ဤဂျာနယ်များကို အနှံ့အပြားဝေငှပေးခြင်းသည် စိတ်နှိမ့်ချသူများထံ သတင်းကောင်းကို အမြန်ဆုံးရောက်စေသည့် နည်းတစ်နည်းဖြစ်သည်။ နောက်ဆုံးထုတ်စာစောင်များတွင် ကျွန်ုပ်တို့ပြောဆိုနိုင်သည့် အဘယ်အချက်များကို ပေါ်လွင်စေနိုင်သနည်း။
၃ “လူအုပ်ကြီးတစ်အုပ် ဘုရားသခင်ကို ဝတ်ပြုနေကြ” ဟူသောဆောင်းပါးကိုညွှန်း၍ ဖေဖော်ဝါရီ ၁ ရက်ထုတ် “ကင်းမျှော်စင်” ကို တင်ပြနိုင်ပါသည်။
▪ “ဘုရားသခင်မှာ ဖြောင့်မတ်သူတို့အတွက် ဘယ်လိုအစီအစဉ် ရှိတယ်ဆိုတာကို သိချင်မှာပါ။” (ဗျာ. ၇:၁၀-၁၄ ဖတ်။) ထိုနောက် စာမျက်နှာ ၁၉ ပါ အပိုဒ် ၁၉ ကိုဖတ်စေပါ။ သင့်လျော်သောအချက်အချို့ကို ထပ်ဆင့်ဖော်ပြပြီး ကင်းမျှော်စင် နှင့် နိုးလော့! တို့ကို ၁၅ ကျပ် ဖြင့်ဝေငှပါ။
၄ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် “ကင်းမျှော်စင်” က အားရှိစရာကောင်းသည့် ရှင်ပြန်ထမြောက်ခြင်းနှင့် ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ခြင်း ဆောင်းပါးများကို ဖော်ပြထားသည်။ သင် ဤသို့စတင် ပြောဆိုနိုင်ပေမည်–
▪ “များမကြာမီ ဘုရားသခင်ပြုလုပ်တော့မယ့် သတင်းကောင်းကို လူတွေသိဖို့ လာပြောပြတာပါ။ (သု. ၂:၂၁၊ ၂၂ ဖတ်) အဲ့ဒါဟာ ဘုရားသခင့်နှုတ်ကပါဌ်တော်မှာပါတဲ့ စိတ်ချရတဲ့ကတိတော်ပါ။” ဟေရှာယ ၃၂:၁၇၊ ၁၈ ကိုဖတ်ပြီး ယေဟောဝါ၏နိုင်ငံတော်အကြောင်း ကင်းမျှော်စင် က တိုးသိနားလည်စေပြီး ကောင်းချီးများခံစားလိုပါက ဘာလုပ်ရမည်အကြောင်းကို ရှင်းပြထားကြောင်း ပြောပြပါ။ “ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၁၇ အပိုဒ် ၁၆ မှာ ဒီလိုပြောထားတယ်။” (ဖတ်။) ထို့နောက် မဂ္ဂဇင်းများကိုဝေငှပါ။
၅ ဇန်နဝါ–မတ် ၁၉၉၅ “နိုးလော့!” ကိုဝေငှရန် ဤမေးခွန်းမျိုး မေးမြန်းနိုင်သည်–
▪ “အသက်ရှင်ရကျိုးနပ်ဖို့ ဘာလုပ်ဖို့လိုမယ်ထင်သလဲ။” ဖြေပါစေ။ ကြယ်တွေဟာ ကျွန်ုပ်တို့ကို ထိန်းချုပ်နိုင်မယ်ထင်သလား။” (ဖြေဆိုပါစေ။) ဆောင်းပါးကိုပြပြီး မဂ္ဂဇင်းများကိုဝေငှပါ။
၆ မေ ၁၄ ရက်မတိုင်မီ မဂ္ဂဇင်းများကိုဝေငှနေမည်ဆိုလျှင် နိုင်ငံတော်သတင်း နံပါတ် ၃၄ ကိုဆောင်ထားပြီး မရသေးသူများအား ဝေငှပါ။ မဂ္ဂဇင်းများဝေငှရာတွင် နှစ်စောင်သုံးစောင်တစ်တွဲ ကြိုးစားဝေငှပါ။ ကျွန်ုပ်တို့၏စာပေများကို မိသားစုအတွင်းမှအခြားသူများနှင့် အလည်အပတ်ရောက်လာသော မိတ်ဆွေများ ဖတ်ကောင်းဖတ်လိမ့်မည်ကို အသိအမှတ်ပြုကာ ဝေငှပေးရန် အမြဲအသင့်ရှိပါ။ (၁ တိ. ၆:၁၈) စိတ်နှိမ့်ချသူများထံ ကျွန်ုပ်တို့ပို့ဆောင်သောသတင်းကောင်းသည် သူတို့အသက်ကို ကယ်တင်နိုင်ပေမည်။—၁ တိ. ၄:၁၆။