ကယ်နုတ်ခြင်းကိုဖြစ်စေသည့် ထိုးမှတ်ခြင်း
၁ ဖြောင့်မတ်စွာ တရားစီရင်တော်မမူမီ ယေဟောဝါသည် အမြဲသတိပေးတတ်သည်။ စိတ်နှိမ့်ချသူများအားလည်း လွတ်မြောက်ရာလမ်းကို ပြညွှန်တော်မူသည်။ ယေဇကျေလခေတ်တွင် ပြုလေသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ညည်းတွားငိုကြွေးသောသူများရှိခဲ့သည်။ ထိုက်တန်သောဤသူတို့အား ကယ်နုတ်ခြင်းငှာ ယေဟောဝါသည် သူတို့နဖူးကို ထိုးမှတ်စေသည်။ (ယေဇ. ၉:၄-၆) ယနေ့ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် ထပ်တူရည်ရွယ်ချက်ကို ဖြစ်မြောက်စေသည်။ အရေးပါသောကဏ္ဍတွင် ကျွန်ုပ်တို့ပါဝင်နိုင်ပါသည်။
၂ စိတ်ရင်းမှန်သူများကို ရှာဖွေခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ ပြန်လည်ပတ်မှုပြုလုပ်ရန် ကျွန်ုပ်တို့စီစဉ်ကြသည်။ ပထမအကြိမ်ရောက်ရှိချိန်တွင်ပင် ဝေငှထားသည့်စာစောင်နှင့် ဆွေးနွေးခဲ့သောအကြောင်းကို မှတ်သားထားခြင်းအားဖြင့် ပြန်လည်ပတ်မှုအတွက် ပြင်ဆင်ပါ။ ပြန်လည်ပတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခြင်းကား ပြောဆိုရန် အသင့်ပြင်ဆင်ထားသည့်စကားနှင့် ပြန်လည်ပတ်သည့်အခါ ပြုလုပ်သည့်အမှုအပေါ် များစွာမူတည်ပါသည်။
၃ “ကင်းမျှော်စင်” ဝေငှထားခြင်းကို ပြန်လည်ပတ်သွားရာတွင် အဓိကအချက်ကို အာရုံပြုစေနိုင်–
▪ “ကင်းမျှော်စင် ရဲ့မျက်နှာဖုံးမှာ ‘ယေဟောဝါ၏နိုင်ငံတော်ကြေညာခြင်း’ ဆိုပြီးရေးထားကို သတိပြုပါ။ ဒီမဂ္ဂဇင်းကိုထူးခြားစေတာက ကမ္ဘာ့ပြဿနာတွေကို ဘုရားသခင့်နိုင်ငံတော်ကသာ ဖြေရှင်းပေးနိုင်တယ်ဆိုပြီး တင်ပြတယ်။ ဘုရားသခင့်အလိုတော်ဟာ မြေကြီးပေါ်မှာ ပြည့်စုံတဲ့အခါ ဘုရားသခင့်နိုင်ငံတော်က ဘာကိုဖြစ်မြောက်စေမယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းက ရှင်းပြတယ်။ မဿဲ ၂၄:၁၄ ကိုဖတ်ပြီး ကင်းမျှော်စင် ကို မည်သို့မှန်မှန်ရနိုင်၍ ယင်းကို ကျမ်းစာလေ့လာရာတွင် မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။
၄ ကျမ်းစာကိုယ်နှိုက်ကို အာရုံပြုစေပြီး ၎င်းကိုမှန်မှန်ဖတ်ရှုရန်အရေးကြီးကြောင်းကို အလေးအနက်ဖော်ပြလိုပေမည်။ ဤသို့ သင်ပြောနိုင်မည်–
▪ “နေ့စဉ်အသက်ရှင်ရေးနဲ့ပတ်သက်ပြီး ပေါ်လာတတ်တဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မယ့်အကြောင်း လက်တွေ့ကျအကြံဉာဏ်ကို လူတိုင်းလိုလိုသိလိုကြတယ်။ စိတ်ချနိုင်မယ့်အကြံပြုချက်ကို ဘယ်ကရနိုင်မယ်ထင်သလဲ။ [တုံ့ပြန်ခွင့်ပြုပါ။] မိတ်ဆွေတွေရဲ့အကြံပေးချက်၊ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို အားကိုးသူတွေအတော်များများ ဝမ်းနည်းမှုကိုသာ ကြုံခဲ့ရတယ်။ တစ်ဖက်ကကြည့်ပြန်ရင်တော့ သမ္မာကျမ်းစာကသာလျှင် စိတ်ချနိုင်တဲ့ အကြံပြုချက်တွေပေးတယ်ဆိုတာကို တွေ့ရှိတဲ့သူတွေသန်းချီရှိတယ်။ ကျွန်ုပ်တို့ရင်ဆိုင်နေရတဲ့ ဘယ်ပြဿနာမျိုးအတွက်မဆို ကျမ်းစာမှာညွှန်ကြားချက်ရှိတယ်။ [၂ တိမောသေ ၃:၁၆၊ ၁၇ ဖတ်။] ကျမ်းစာကိုနားလည်ရခက်ပေမယ့် ပညာရှိဆုံးမစကားများပါတဲ့ ဘဏ္ဍာတိုက်ကို ဘယ်လိုဖွင့်လှစ်နိုင်တယ်ဆိုတာကို ပြခွင့်ပြုပါ။” ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၏နောက်ဘက်တွင် “ကျမ်းစာစကားလုံးများ အညွှန်းမာတိကာ” ခေါင်းစဉ်အောက် “ချစ်ခြင်းမေတ္တာ” အကြောင်းသို့ ဆက်ညွှန်ပြပြီးအခြားသူများနှင့် စိတ်ဝမ်းကွဲလွဲမှုများရှိမည်ဆိုလျှင် ချစ်ခြင်းမေတ္တာသည် ယင်းတို့ကို မည်သို့ဖြေရှင်းပေးနိုင်ကြောင်း ကိုးကားချက်များကို ဖော်ပြပါ။
၅ ကျမ်းစာသင်အံမှုစတင်ရန်ပန်းတိုင်ဖြင့် “သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်” စာအုပ်ကိုအသုံးပြုပြီး ဤနိဒါန်းကိုအသုံးပြုလိုပေမည်–
▪ “ကိုယ့်မိသားစုကို ချစ်ကြတဲ့လူချည်းပါပဲ။ သူတို့အတွက် အကောင်းဆုံးကိုလိုလားကြတယ်။ ဒီလိုကမ္ဘာမျိုးမှာ အသက်ရှင်ရရင် သင့်မိသားစုအတွက် အဘယ်အကျိုးရှိမလဲ။” စာမျက်နှာ ၁၅၆-၇ ပါရုပ်ပုံများကိုပြပါ။ ထိုစာမျက်နှာများပါ ကျမ်းချက်တစ်ချက်နှစ်ချက်ကို ဖတ်ပြီး ယင်းတို့သည် မုသားမသုံးနိုင်သော ယေဟောဝါဘုရားသခင် ပေးထားသည့် ကတိတော်များဖြစ်ကြောင်း ရှင်းပြပါ။ စာမျက်နှာ ၅-၆ ပါအခန်းများစာရင်းကိုညွှန်းပြီး အိမ်ရှင်စိတ်အဝင်စားဆုံးသည် အဘယ်အကြောင်းဖြစ်ကြောင်း သူ့အားမေးပါ။ သူရွေးချယ်သည့်အခန်းသို့လှန်ပြီး တစ်ပိုဒ်နှစ်ပိုဒ်ဆွေးနွေးပါ။
၆ အခြားသူတစ်ဦးတစ်ယောက် ကယ်နုတ်ခံရရန် ထိုးမှတ်ခြင်းကိုခံရဖို့ ကူညီပေးလိုပါသလော။ သင်၏အောင်မြင်မှုသည် ကောင်းစွာပြင်ဆင်ပြီး စိတ်ဝင်စားသူအားလုံးထံ ချက်ချင်းပြန်သွားခြင်းအားဖြင့် ‘သင့်ဓမ္မအမှုကို အပြည့်အဝဆောင်ရွက်ခြင်း’ အပေါ်တည်မှီပါသည်။—၂ တိ. ၄:၅။