မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်နဝါရီ ၁
ကမ္ဘာဦး ၂:၁၆၊ ၁၇ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီလိုပြောပါ– “အာဒံအပြစ်လုပ်မယ်ဆိုတာကို ဘုရားသခင် ကြိုသိတယ်လို့ တချို့သူတွေပြောကြတယ်။ တခြားသူတွေကျပြန်တော့ ဒီလိုသာကြိုသိခဲ့မယ်ဆိုရင် ဘုရားသခင်က ဟန်ဆောင်သတိပေးရာကျမှာပေါ့လို့ ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်းကို ဘုရားသခင်ဘယ်လိုအသုံးပြုတယ်ဆိုတာ စာမျက်နှာ ၁၃ မှာပါတဲ့ဆောင်းပါးက ရှင်းပြတယ်။”
နိုးလော့! ဇန်နဝါရီ
“ကျွန်တော်တို့အားလုံး ပျော်ရွှင်ချင်ကြတယ်။ ဒါပေမဲ့ လူအများကတော့ တကယ်တမ်းမပျော်ရွှင်ကြဘူး။ ဘာကြောင့်လဲသိလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်။ [တမန်တော် ၂၀:၃၅ ကိုဖတ်ပါ။] စာမျက်နှာ ၁၀ မှာပါတဲ့ ဆောင်းပါးက ပျော်ရွှင်မှုရနိုင်တဲ့ နည်းတွေကိုဖော်ပြထားတယ်။”
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“ယနေ့အချိန်မှာ ကွာရှင်းမှု အရမ်းများနေတယ်။ ကွာရှင်းကြတဲ့အဓိကအကြောင်းရင်းက ဘာဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မောင်နှံစုံများစွာကို အထောက်အကူပြုတဲ့ ဒီအကြံပြုချက်ကို နားထောင်ကြည့်ပါ။ [၁ ကောရိန္သု ၁၀:၂၄ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ခင်ပွန်းသည်နဲ့ ဇနီးသည်တွေ ညည်းတွားလေ့ရှိတဲ့ အချက်ခြောက်ချက်နဲ့ ကျမ်းစာမူတွေကို လိုက်လျှောက်ခြင်းက ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ဖော်ပြထားတယ်။”
နိုးလော့! ဖေဖော်ဝါရီ
“သွေးစုပ်ဖုတ်ကောင်၊ စုန်း၊ ကဝေတွေကို လူတွေ ပိုစိတ်ဝင်စားလာကြပုံရတယ်။ ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ပညာတွေနဲ့ ပတ်သက်ခြင်းက အန္တရာယ်မရှိဘူးလို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ရှေးအစ္စရေးလူမျိုးကို ဘုရားသခင်ပေးခဲ့တဲ့ သတိပေးချက်ကို နားထောင်ကြည့်ပါ။ [တရားဟောရာ ၁၈:၁၀-၁၂ ကိုဖတ်ပါ။] လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ပညာတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာကဘာပြောသလဲဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”