အသင်လည်း တွေ့ ကြုံမှုကောင်းများ ရရှိနိုင်!
ကြေညာသူအချို့ ၌ စိတ်ကြည်နူးအားရှိစရာ လည်ပတ်မှုတစ်ခုအကြောင်း စိတ်ဝင်စားဖွယ်တွေ့ကြုံမှုများကို ပြောပြရန်အမြဲရှိနေပုံရသည်။ တွေ့ ကြုံမှုကောင်းများသည် အလိုအလျောက်ပေါ်လာတတ်သည်မဟုတ်ပါ။ များသောအားဖြင့် ဝီရိယစိုက်ထုတ်ပြီး မှန်မှန်ကြိုးစားမှု၏ရလဒ်ဖြစ်သည်။ ယင်းသည် ပိုသွက်လက်မှုရှိသည့်၊ သို့မဟုတ် အရည်အချင်းပိုရှိသည့် ကြေညာသူများအတွက်သာ မဟုတ်ပါ။
အောင်မြင်မှုအများဆုံးရရှိသူတို့တွင် သတိပြုမိသည့်အရာအချို့မှာ ဤသို့ဖြစ်သည်– (၁) လယ်ကွင်းလုပ်ငန်းတွင် များသောအားဖြင့် ပတ်စဉ်အကြိမ်များစွာ မှန်မှန်ပါဝင်ကြသည့်အတွက် စိတ်ဝင်စားသူများနှင့် တွေ့ဆုံရန် အခွင့်အရေးကောင်းများ ရရှိစေပါသည်; (၂) အိမ်ရှင်များအပေါ် အပြုသဘောပါ စိတ်ထားရှိရာ လက်ခံမည်မဟုတ်ပါဟူ၍ ကြိုတင်မဆုံးဖြတ်ကြပါ; (၃) သူတို့သည် ဖော်ရွေကြပြီး တရားနာသူတို့ကို ခင်မင်ရင်းနှီးစွာဖြင့် တကယ်စိတ်ဝင်စားမှု တင်ပြကြသည်;(၄) ပြန်လည်ပတ်မှုများနှင့် လူမတွေ့သည့်နေအိမ်များသို့ ဝီရိယရှိရှိ ထပ်ခါတလဲပြန်လည်ပတ်သွားကြသည်; (၅) ကျမ်းစာသင်အံမှုစရန်ပန်းတိုင်များ ထားကြသည်။
သင့်လုပ်ငန်းကို စစ်ဆေးသုံးသပ်ပြီးနောက် အကျိုးဖြစ်ထွန်း၍ ကျေနပ်မှုရှိစေသောဓမ္မအမှုအတွက် ကြည်နူးအားရှိစရာ တွေ့ ကြုံမှုများစွာ မည်သို့ရရှိနိုင်ကြောင်း သင်သိမြင်နိုင်ပေသည်။