ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၆ စာ. ၇
  • နိုင်ငံတော်အကြောင်းဟောပြောလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်အကြောင်းဟောပြောလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ဝေမျှနေကြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • တည်ဆောက်ပေးခြင်းနှင့် အပြုသဘောဆောင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၉/၉၆ စာ. ၇

နိုင်ငံတော်အကြောင်းဟောပြောလော့

၁ ဟေဗြဲ ၁၀:၂၃ (ကဘ) ၌ “ကျွန်ုပ်တို့၏မျှော်လင့်ခြင်းကို လူသိရှင်ကြားထုတ်ဖော်ဝန်ခံခြင်း၌ စွဲမြဲ” နေရန်တိုက်တွန်းထားသည်။ သို့ဖြင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဘုရားသခင့်နိုင်ငံတော်အပေါ်၌ အဓိကဗဟိုပြုထားကြသည်။ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောရမည်ဟူသော အထူးအမိန့်တစ်ခုကို ယေရှုပေးခဲ့သည်။ (မ. ၁၃:၁၀) ဓမ္မအမှုတွင်ပါဝင်စဉ် ဤအမိန့်ကို စိတ်တွင်စွဲမှတ်ထားရန်လိုသည်။

၂ လူတို့နှင့်တွေ့ဆုံသည့်အခါ သူတို့စိတ်ဝင်စားရာ သို့မဟုတ် သူတို့စိုးရိမ်မကင်းဖြစ်သည့် အကြောင်းတစ်ခုခုကို ကျွန်ုပ်တို့ စ၍စမ်းပြောကြည့်ကြသည်။ များသောအားဖြင့် ပတ်ဝန်းကျင်၌ဖြစ်ပျက်နေသည့်ရာဇဝတ်မှု၊ လူငယ့်ပြဿနာများ၊ စားဝတ်နေရေးအတွက်ပူပန်မှုများ သို့မဟုတ် ကမ္ဘာ့ရေးရာများ၌ကြုံတွေ့နေသည့်အကျပ်အတည်းများစသော လူတို့ကောင်းစွာသိထားသည့် အကြောင်းများကို ကျွန်ုပ်တို့ပြောဆိုကြသည်။ လူအများစုတို့၏စိတ်ထဲတွင် ဤသို့သော “ဘဝ၏စိုးရိမ်ပူပန်မှုများ” ၌အာရုံစူးစိုက်နေကြသောကြောင့် ကျွန်ုပ်တို့လည်းစိုးရိမ်ပြီး နားလည်ပါကြောင်းတင်ပြသည့်အခါ သူတို့၏စိတ်ထဲရှိရာတို့ကို ဖွင့်ဟလေ့ရှိကြသည်။ (လု. ၂၁:၃၄) ယင်းက ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို မျှဝေရန်လမ်းပွင့်စေပါမည်။

၃ သို့ရာတွင် သတိမထားပါက အပြုသဘောမပါသည့်စကားများကို ပြောမိနိုင်ပြီး နိုင်ငံတော်သတင်းဟောရမည်ဟူသည့်—ကျွန်ုပ်တို့၏ရည်ရွယ်ချက် အထမြောက်မည်မဟုတ်တော့ပေ။ ကျွန်ုပ်တို့သည် များပြားလှသည့် ဒုက္ခများကိုဖြစ်ပေါ်စေသော အခြေအနေဆိုးများကို အာရုံစိုက်သော်လည်း ကျွန်ုပ်တို့၏ပန်းတိုင်မှာ လူသားအားလုံး၏ပြဿနာများကို အပြီးသတ်ဖြေရှင်းပေးမည့် နိုင်ငံတော်ကို အာရုံစိုက်စေရန်ဖြစ်သည်။ လူတို့ကြားရန်အလွန်လိုအပ်နေသည့် အံ့ချီးဖွယ်မျှော်လင့်ချက် ကျွန်ုပ်တို့၌ အမှန်ပင်ရှိထားပါသည်။ ထို့ကြောင့် ဤ “ခဲယဉ်းသောကာလ” ၏လက္ခဏာအချို့ကို အရင်ဆုံးဆွေးနွေးကြသော်လည်း “ထာဝရသတင်းကောင်း” တည်းဟူသော ကျွန်ုပ်တို့၏အဓိကသတင်းတရားကို လျင်မြန်စွာအာရုံစိုက်စေသင့်သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့ဓမ္မအမှုကို အပြည့်အဝကျေပွန်စေပါလိမ့်မည်။—၂ တိ. ၃:၁; ၄:၅; ဗျာ. ၁၄:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ