ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၆ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွက်လက်ပြေပြစ်၊ အသံထွက် မှန်မှန်ကန်ကန်နှင့် စကားလက်ဆုံပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ‘အများရှေ့ စာဖတ်ခြင်း ပြုလော့’
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ပင်ကိုသဘာဝကျမှု
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၉/၉၆ စာ. ၇

မေးခွန်းသေတ္တာ

▪ စည်းဝေးများတွင် စာပိုဒ်များဖတ်ခြင်းနှင့်ပတ်သက်၍ သိထားသင့်ရာများကား အဘယ်နည်း။

ကင်းမျှော်စင် သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်းအတွက် သတ်မှတ်ထားသောအချိန်အများစုကို အပိုဒ်ဖတ်ခြင်းအတွက် အသုံးပြုသည်။ ယင်းက ဖတ်ရန်တာဝန်ရသူသည် သွန်သင်ပေးသူအဖြစ် ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေသည့်သဘော သက်ရောက်ပါသည်။ အကြောင်းအရာကို နားထောင်နေသူများ နားလည်ရုံသာမက လုပ်ဆောင်ရန်လှုံ့ဆော်မှုဖြစ်စေဖို့ ‘အဓိပ္ပာယ်နားလည်စေ’ မည့်နည်းဖြင့်ဖတ်ရမည်။ (နေ. ၈:၈) ထို့ကြောင့် ဖတ်ရန်တာဝန်ရထားသူသည် ကောင်းကောင်းပြင်ဆင်ဖို့လိုသည်။ (၁ တိ. ၄:၁၃; ကျောင်းညွှန်းစာအုပ် သင်ခန်းစာ ၆ ကိုရှု။) လူအများရှေ့ အဓိပ္ပာယ်ပေါ်အောင်ဖတ်ခြင်းအတွက် လိုအပ်ချက်အချို့ကို ဤတွင်ဖော်ပြပေးထားသည်။

အဓိပ္ပာယ်ပေါ်အောင်ဖတ်ပါ– အဓိပ္ပာယ်မှန်ကိုသိရှိစေရန် မည်သည့်စကားလုံး သို့မဟုတ် စကားစုကို အလေးအနက်ထားဖတ်ဖို့လိုသည်ကို ကြိုတင်သတ်မှတ်ပိုင်းခြားထားပါ။

အသံထွက်မှန်ကန်ပါ– အသံထွက်မှန်ခြင်းနှင့် ဌာန်ကရိုဏ်းကျကျဖတ်ခြင်းသည် စာအုပ်တွင်ပါသည့်အသုံးအနှုန်းများကို ပရိသတ်နားလည်စေရန် အဓိကလိုအပ်ချက်ဖြစ်သည်။ မရင်းနှီးသော သို့မဟုတ် အသုံးနည်းသောစကားလုံးများကို အဘိဓာန်တွင်ရှာပါ သို့မဟုတ် အသင်းမကက်ဆက်ခွေကို နားထောင်ကြည့်ပါ။

အသံနေအသံထားနှင့် ထက်သန်မှုတို့ဖြင့် ဖတ်ပါ– ထက်သန်စွာဖြင့် အသံကျယ်ပြီးပီပီသသဖတ်ခြင်းသည် စိတ်ဝင်စားမှု၊ စိတ်ကိုနှိုးဆော်မှုနှင့် နားထောင်သူကိုလှုံ့ဆော်မှုဖြစ်စေသည်။

လှိုက်လှိုက်လှဲလှဲနှင့် စကားလက်ဆုံကျခြင်းဖြစ်စေပါ– သဘာဝကျမှုသည် သွက်လက်ပြေပြစ်မှုနှင့်တွဲလာသည်။ ပြင်ဆင်မှုနှင့် လေ့ကျင့်မှုက စာဖတ်သူကို သက်သောင့်သက်သာရှိစေသည်။ အသံတပြေးတည်းဖြစ်ပြီး ငြီးငွေ့ဖွယ်ဖြစ်မည့်အစား နှစ်သက်ဖွယ်ဖြစ်စေမည်။—ဟဗ. ၂:၂။

ပုံနှိပ်ထားသည်အတိုင်းဖတ်ပါ– အောက်ခြေမှတ်ချက်များအပြင် ကွင်းထဲပါအချက်အလက်တို့သည် ပုံနှိပ်ထားသည့်စာသားကို ရှင်းထားခြင်းဖြစ်ပါက သာမန်အားဖြင့်ကျယ်ကျယ်ဖတ်သည်။ တစ်ခုတည်းသောခြွင်းချက်များမှာ မူရင်းကိုကိုးကားသည့် ရည်ညွှန်းချက်များဖြစ်သည်။ အောက်ခြေမှတ်ချက်ကို အပိုဒ်ထဲတွင် ကိုးကားထားလျှင် ဖတ်သင့်ပြီး “အောက်ခြေမှတ်ချက်တွင်ဖတ်ရသည်မှာ . . .” ဟူ၍ နိဒါန်းပျိုးဖတ်နိုင်သည်။ ပြီးနောက် အပိုဒ်၏ကျန်အပိုင်းကို ဆက်ဖတ်ပါ။

လူအများရှေ့ စာကောင်းကောင်းဖတ်နိုင်ခြင်းသည် အခြားသူတို့အား ကြီးမြတ်သောဆရာ ‘ပညတ်သမျှကို စောင့်ရှောက်စေရန် သွန်သင်’ ပေးနိုင်သည့် အရေးပါသောနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။—မ. ၂၈:၂၀ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ