ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၆ စာ. ၂
  • “အခန့်သင့်အကူအညီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အခန့်သင့်အကူအညီ”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုဘဝတွင် ဘုရားသခင့်ရေးရာ ငြိမ်သက်ခြင်းကို အမီလိုက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းကိုအခြားသူများအားဝေငှခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ မိသားစုများအားကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ စည်းဝေးကြီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁၂/၉၆ စာ. ၂

“အခန့်သင့်အကူအညီ”

၁ လိုအပ်သောအချိန်တွင် အံကိုက်အကူအညီရရှိခြင်းသည် မည်မျှလန်းဆန်းမှုဖြစ်စေသည်တကား! (ဟေဗြဲ ၄:၁၆) “ဘုရားရေးရာငြိမ်သက်ခြင်း၏တမန်များ” ခရိုင်စည်းဝေးကြီးတွင် အခန့်သင့်ပြင်ဆင်ပေးမှုနှစ်ခုကိုရရှိသောအခါ ကျွန်ုပ်တို့ရွှင်လန်းခဲ့ကြသည်။

၂ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] စာအုပ်သစ်သည် သင့်လျော်သောအချိန်တွင် ထွက်ပေါ်လာခဲ့သည်။ မိသားစုဘဝပျော်ရွှင်မှုကို တိုးပွားစေသည့် လိုအပ်ချက်လေးချက်– (၁) ချုပ်တည်းခြင်း၊ (၂) ဦးစီးမှုကိုအသိအမှတ်ပြုခြင်း၊ (၃) ကောင်းသောဆက်သွယ်ရေးနှင့် (၄) မေတ္တာတို့ကိုအဓိကတင်ပြထားသည်။ မိသားစုပျော်ရွှင်မှု [လိပ်] စာအုပ်တွင်တင်ပြထားသည့်သြဝါဒကို ကျင့်သုံးသောမိသားစုတိုင်း ဘုရားရေးရာငြိမ်သက်မှုရရှိရန် ကူညီပေးမည်။ စာအုပ်သစ်ကိုသေသေချာချာဖတ်ရန်နှင့် မိသားစုလိုက်အတူတကွလေ့လာရန် အချိန်သတ်မှတ်ထားပါ။ မတ်လတွင် ပထမဆုံးအကြိမ် လူထုထံဝေငှစဉ် ထိရောက်စွာအသုံးပြုနိုင်ရန်ပြင်ဆင်မှုဖြစ်စေဖို့ ယင်း၏အကြောင်းအရာများနှင့်ကောင်းစွာအကျွမ်းတဝင်ရှိထားပါ။

၃ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာအသစ်သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အရှိန်မြှင့်တင်ရာတွင်အကူအညီဖြစ်စေဖို့ အခန့်သင့်ထွက်ပေါ်လာသည်။ ယင်းကို အထူးသဖြင့် စာဖတ်စွမ်းရည်အကန့်အသတ်ရှိသူများကို ကူညီပေးဖို့အသုံးပြုမည်ဖြစ်သော်လည်း ရေးနိုင်ဖတ်နိုင်သောလူကြီးများနှင့် ငယ်ရွယ်သောကလေးများစွာတို့လည်း ကျမ်းစာသွန်သင်ချက်ကိုအခြေခံထားသောရိုးရှင်းသည့်ရှင်းပြချက်မှ အကျိုးခံစားရပါမည်။ ယင်းသည် အသိပညာစာအုပ်နှင့်သင်အံမှုစတင်နိုင်ရန် အထောက်အကူအဖြစ် လိုအပ်ရာဖြစ်သည်။ ဤပြင်ဆင်ပေးချက်သည် များစွာသောသူတို့ ဘုရားသခင့်တောင်းဆိုရာများကို လုပ်ဆောင်ခြင်းဖြင့် မည်သို့ကြွယ်ဝသောကောင်းချီးခံစားနိုင်ကြောင်းကို ပို၍လေးမြတ်တတ်ရန် အကူအညီဖြစ်မည်မှာသေချာသည်။

၄ ‘မိမိသည်ဆင်းရဲမခံရ၊ မိမိ၏စိုးလ်သည် ဆန်းလန်းမှုရှိသည်၊ မိမိ၏ခွက်သည် လျှံလျက်ရှိသည်’ ဟုကြေညာစဉ် ဒါဝိဒ်သည် ကျွန်ုပ်တို့၏သဘောထားကို လုံးလုံးဖော်ပြခဲ့သည်။ (ဆာ. ၂၁:၁၊ ၃၊ ၅၊ ကဘ) စစ်မှန်သောဘုရားသခင်ယေဟောဝါကို စိတ်ရင်းမှန်ဖြင့်သိပြီးဝတ်ပြုလိုသူများစွာထံသို့ ဤအံ့ချီးဖွယ်ဝိညာဏအကူအညီကို လက်ဆင့်ကမ်းပေးရန် ကျွန်ုပ်တို့ရွှင်လန်းစွာမျှော်လင့်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ