ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၇ စာ. ၁
  • သစ္စာရှိခြင်းသည် ဆုချခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သစ္စာရှိခြင်းသည် ဆုချခံရ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ယေဟောဝါ ဆုချ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အမှုဆောင်လုပ်ငန်းတွင် တက်လှမ်းနေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • သင်သည် အရာရာ၌ သစ္စာရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၇/၉၇ စာ. ၁

သစ္စာရှိခြင်းသည် ဆုချခံရ

၁ ဟေဗြဲ ၁၁:၆ တွင် ဘုရားသခင်သည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေး [“ဆုချတော်မူသောအရှင်ဖြစ်၊” ကဘ] တော်မူသည်” ဟုကျွန်ုပ်တို့ကိုပြောပြသည်။ ‘အမှုငယ်၌သစ္စာစောင့်’ သောမိမိ၏ဆက်ကပ်အပ်နှံကျေးကျွန်များကို ကိုယ်တော်ဆုချတော်မူသည့်နည်းတစ်နည်းမှာ ‘များစွာသောအမှုအခွင့်ကို သူတို့၌အပ်ပေး’ ခြင်းအားဖြင့်ဖြစ်သည်။ (မ. ၂၅:၂၃) တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည် မိမိ၏သစ္စာရှိသက်သေခံများအား ထပ်ဆင့်လုပ်ငန်းတော်အခွင့်အရေးများပေးအပ်ခြင်းဖြင့် ကောင်းမွန်သောလုပ်ဆောင်မှုကို ဆုချလေ့ရှိသည်။

၂ တမန်တော်ပေါလု၏သစ္စာရှိမှုသည် ဥရောပနှင့်အာရှမိုင်းနားရှိမြို့ရွာများသို့ သွားရောက်အမှုဆောင်ရန်ဓမ္မအမှုတစ်ခုကို အပ်နှင်းခံရခြင်းအားဖြင့် ဆုချခံခဲ့ရသည်။ (၁ တိ. ၁:၁၂) မိမိ၏ဓမ္မအမှုကို အပြည့်အဝကျေပွန်စေရာတွင် များစွာကြိုးစားအားထုတ်ရသော်လည်း မိမိရရှိသောအခွင့်ထူးကို ပေါလုအလွန်တန်ဖိုးထားခဲ့သည်။ (ရော. ၁၁:၁၃; ကော. ၁:၂၅) ဟောပြောရန်အခွင့်အလမ်းများကို စိတ်အားထက်သန်စွာရှာဖွေခြင်းအားဖြင့် သူ၏လှိုက်လှဲသောကျေးဇူးတင်လေးမြတ်မှုကို ပြသခဲ့သည်။ ဇွဲရှိရှိလုပ်ဆောင်ခြင်းအားဖြင့် မိမိ၏ယုံကြည်ခြင်းနှင့်အညီအသက်ရှင်ကြောင်း ရှင်းလင်းစွာပြသခဲ့သည်။ သူ၏ပုံသက်သေက ကျွန်ုပ်တို့အား မိမိတို့၏လုပ်ငန်းတော်အခွင့်အရေးများကို တန်ဖိုးထားရန်လှုံ့ဆော်ပေးသည်။

၃ ဓမ္မအမှုကို ကျွန်ုပ်တို့အား ယေဟောဝါပေးအပ်ထား– ဤအခွင့်ထူးနှင့်စပ်လျဉ်း၍ ပေါလုပြသခဲ့သည့်ထပ်တူရှုမြင်ပုံကို ကျွန်ုပ်တို့မည်သို့ပြသကြမည်နည်း။ ဓမ္မအမှုတွင် တိုး၍ပါဝင်နိုင်သောနည်းလမ်းများကို ကျွန်ုပ်တို့ရှာကြံကြသည်။ တစ်အိမ်မှတစ်အိမ်အပြင် အလွတ်သဘောသက်သေခံရန် ရရှိသမျှအခွင့်အရေးကို ကျွန်ုပ်တို့အသုံးချကြသည်။ ကျွန်ုပ်တို့သည် လူမတွေ့ခဲ့သောအိမ်အားလုံးသို့ ပြန်သွားပြီး စိတ်ဝင်စားသူအားလုံးထံ ပြန်လည်ပတ်ကြသည်။ ထို့အပြင် အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပရန် ချိန်းချက်မှုများပြုလုပ်ကြသည်။

၄ ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်စပ်လျဉ်း၍ ပေါလုက “ထိုအမှုကိုအရေးတကြီးပြုလော့” ဟုသြဝါဒပေးခဲ့သည်။ (၂ တိ. ၄:၂၊ ကဘ) အရေးတကြီးအရာဟူသည် ချက်ချင်းအာရုံစိုက်လုပ်ဆောင်ရန်လိုသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဓမ္မအမှုကို အရေးတကြီးပုံစံဖြင့်လုပ်ဆောင်ပြီး ဘဝတွင် ယင်းကိုဦးစားထားသလော။ ဥပမာ၊ လယ်ကွင်းဓမ္မအမှုအတွက်ပေးဆက်သင့်သည့်အချိန်ကို အဟန့်အတားဖြစ်စေရန် သီတင်းပတ်ကုန်ပိုင်းတွင် ကျွန်ုပ်တို့၏အပန်းဖြေလုပ်ရပ်များနှင့် အခြားကိုယ်ရေးကိုယ်တာလိုက်စားမှုများကို ခွင့်ပြုလိုကြမည်မဟုတ်ပါ။ ဤအစီအစဉ်စနစ်၏အဆုံးသည် အလျင်အမြန်ချဉ်းကပ်နေကြောင်း ကျွန်ုပ်တို့ယုံကြည်ထားသည်ဖြစ်ရာ နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် ကျွန်ုပ်တို့လုပ်နိုင်သည့် အရေးအကြီးဆုံးလုပ်ငန်းဖြစ်သည်ဟုလည်း ကျွန်ုပ်တို့ယုံကြည်ကြသည်။

၅ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏သစ္စာရှိခြင်းကို ကိုယ်တော်အား တည်ကြည်ပြီးသစ္စာစောင့်သိခြင်းနှင့် ကျွန်ုပ်တို့ကိုအပ်နှင်းထားသည့်လုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းအားဖြင့် မှတ်သားဖော်ပြသည်။ ကျွန်ုပ်တို့၏သစ္စာရှိခြင်းကို ကြီးမားသောအတိုင်းအတာဖြင့် ယေဟောဝါဆုချတော်မူရန် ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝကျေပွန်ကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ