“ငါတို့အဖို့အဘယ်သူသွားမည်နည်း”
ဤမေးခွန်းကို ယေဟောဝါမေးသောအခါ ဟေရှာယက “အကျွန်ုပ်ရှိပါ၏! အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟူ၍ချက်ချင်းတုံ့ပြန်ခဲ့သည်။ (ဟေရှာ. ၆:၈) ယနေ့အချိန်တွင် ရိတ်သိမ်းစရာများစွာရှိနေသောကြောင့် အလားတူဖိတ်ခေါ်သံကို ယခုကြားရပြန်သည်။ ပို၍များပြားသောအချိန်ပြည့်လုပ်သားများဖြစ်သည့်—မှန်မှန်ရှေ့ဆောင်များ—အရေးတကြီးလိုအပ်နေသည်! (မ. ၉:၃၇) စေတနာ့ဝန်ထမ်းလုပ်ဆောင်ရန် သင်လိုလိုလားလားရှိသလော။ ရှိပါက ၁၉၉၈ လုပ်ငန်းတော်နှစ်၏အစပိုင်း စက်တင်ဘာ ၁ ရက်နေ့သည် ရှေ့ဆောင်တစ်ဦးအဖြစ်စာရင်းသွင်းရန် အချိန်အခါကောင်းဖြစ်ပေမည်။ လျှောက်လွှာကို အကြီးအကဲများထံမှတောင်းခံပါလေ။