ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၇ စာ. ၃
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • မိမိထမ်းရွက်ရသောတာဝန်ကို ထမ်းဆောင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • တိုက်နယ်စည်းဝေးအစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၇/၉၇ စာ. ၃

တိုက်နယ်စည်းဝေးအစီအစဉ်သစ်

“ယေဟောဝါ၏နေ့ရက်ကိုစိတ်စွဲလမ်းခြင်း” ဟူသည် စက်တင်ဘာတွင်အစပြုမည့် နှစ်ရက်ကြာတိုက်နယ်စည်းဝေးအစီအစဉ်၏အဓိကအချက်ဖြစ်သည်။ (၂ ပေ. ၃:၁၂) ကျွန်ုပ်တို့၏ အရေးကြီးသည်ဟူသောအသိစိတ်ကို နှိုးဆွပေးရန်စီစဉ်ထားသည်။ မြေကြီးသားတို့သည် မကြာမီ ယေဟောဝါ၏တရားစီရင်ခြင်းကို ခံရတော့မည်။ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” ကိုမည်သူလွတ်မြောက်ကြမည်နည်း။ ဝိညာဉ်ရေးတွင်နိုးနိုးကြားကြားရှိနေသူများနှင့် “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” ဘဝပုံစံတစ်ခုကို ချမှတ်ထားသူများသာဖြစ်သည်။—ဗျာ. ၁၆:၁၄; ၂ ပေ. ၃:၁၁၊ ၁၂။

နှစ်ခြင်းခံခြင်းသည် လူတစ်ဦးအတွက် ယေဟောဝါ၏နေ့ရက်ကိုလွတ်မြောက်ရန် မရှိမဖြစ်လိုအပ်သည်။ (၁ ပေ. ၃:၂၁) အစည်းအဝေးတွင် နှစ်ခြင်းခံလိုကြသည့်ကြေညာသူများသည် လိုအပ်သည့်အစီအစဉ်များပြုလုပ်မည့်ဦးစီးကြီးကြပ်မှူးအား ပြောပြသင့်သည်။

“ကျွန်ုပ်တို့ဖြစ်သင့်သည့်လူစားမျိုး” ဟူသည့်လေးပိုင်းပါသောအခန်းဆက်က ယေဟောဝါ၏နေ့ရက်ရောက်လာမည်ကိုစိတ်စွဲလမ်းနေခြင်းတွင် မည်သည့်လုပ်ဆောင်မှုများပါဝင်ကြောင်း ရှင်းလင်းစွာတင်ပြပေးမည်။ “ယေဟောဝါ၏နေ့ရက်နီးလာသည်နှင့်အမျှ ပညာရှိရှိလုပ်ဆောင်ကြလော့” ဟူသည့်လူထုဟောပြောချက်က လွတ်မြောက်ရန် ‘ယေဟောဝါ၊ ဖြောင့်မတ်ခြင်းနှင့်နူးညံ့သိမ်မွေ့ ခြင်းကိုရှာခြင်း’ ဟူသည် ဘာကိုဆိုလိုကြောင်းရှင်းပြပေးမည်။—ဇေ. ၂:၃။

တိုက်နယ်စည်းဝေးကို “သင့်အသက်တာကို သမ္မာတရားအပေါ်အခြေပြုထားသလော” နှင့် “ယေဟောဝါ၏နေ့ရက်ကိုစိတ်စွဲလမ်းလျက် ကြိုတင်စီစဉ်လော့” ဟူသည့် နယ်လှည့်ကြီးကြပ်မှူးများ၏ လှုံ့ဆော်မှုဖြစ်စေမည့်ဟောပြောချက်နှစ်ခုဖြင့် နိဂုံးချုပ်မည်။ ဤဟောပြောချက်များက ကျွန်ုပ်တို့၏အသက်တာကိုဆန်းစစ်ရန်နှင့် လိုအပ်သည့်မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမဆိုပြုလုပ်ရန် လှုံ့ဆော်မည်။ ကျမ်းစာပရောဖက်ပြုချက်နှင့် ကမ္ဘာ့ဖြစ်ရပ်များက ယေဟောဝါ၏နေ့ရက်နီးနေပြီဖြစ်ကြောင်း အတိအလင်းညွှန်ပြသည်။ ဤအစည်းအဝေးအစီအစဉ်က “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြ” ရန်ကျွန်ုပ်တို့ကို အားပေးမည်ဖြစ်သည်။ (၁ ပေ. ၅:၈) နှစ်ရက်စလုံးတက်ရောက်ရန် အသေအချာစီစဉ်ထားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ