ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇူလိုင် ၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏မတ်လလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကို မှတ်ချက်ပေးပါ။
၁၅ မိ– “သစ္စာရှိခြင်းသည် ဆုချခံရ။” မေးဖြေရန်။ ၁၉၉၃၊ ဇွန် ၈၊ နိုးလော့!စာမျက်နှာ ၂၀-၂၃ တွင်ဖော်ပြထားသည့်ပုံသက်သေကို ပါဝင်စေပါ။
၂၀ မိ– “အခြားသူများအား နှစ်သိမ့်မှုတွေ့ရှိရန် ကူညီပေး။” ပရိသတ်နှင့်ဆွေးနွေးရန်။ တင်ဆက်ပုံတစ်ခု သို့မဟုတ် နှစ်ခုကို သရုပ်ပြပါ။ ထိုဘရိုရှာများကိုအသုံးပြု၍ သူတို့အစပြုပြောဆိုခဲ့သည့် အခြားနည်းများကိုပြောပြရန် ပရိသတ်ကိုတောင်းဆိုပါ။ စိတ်ဝင်စားမှုကိုလှုံ့ဆော်ပေးရန် ရိုးရိုးကလေးနှင့် ကောင်းစွာရွေးချယ်ထားသည့်စကားလုံးများကို သုံးရန်အားပေးပါ။ (ကျောင်းလမ်းညွှန်စာအုပ်စာမျက်နှာ ၇၊ အပိုဒ် ၉-၁၁ ရှု။) ဝေငှနိုင်ပြီး အသင်းတော်တွင်ရှိသည့် အခြားဘရိုရှာများကို ဖော်ပြပါ။ တန်ဖိုး ၁၂ ကျပ်ဖြစ်ကြောင်းပြောပြပါ။
သီချင်း ၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၄ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “အသိပညာ စာအုပ်ကို ကျွန်ုပ်တို့လေ့လာကြမည်” ကိုသုံးသပ်ပါ။
၁၈ မိ– “လူရှိသည့်နေရာတိုင်းတွင်သက်သေခံပါ။” ဟောရန်။ အချိန်ခွင့်ပြုသရွေ့ ၁၉၉၇ နှစ်ချုပ်စာအုပ်စာမျက်နှာ ၄၃-၆ [လိပ်] မှထပ်ဆင့်တွေ့ ကြုံမှုများကို ပြောပြပါ။
၁၅ မိ– မိဘတို့—သင်တို့၏သားသမီးများကို နို့စို့အရွယ်မှစ၍သွန်သင်ပေးကြလော့။ မိမိတို့၏သားသမီးများကို နို့စို့အရွယ်မှစ၍သွန်သင်ပေးရန် မိဘတို့အတွက်လိုအပ်ချက်ကို ဖော်ပြထားသည့်ကျမ်းစာမူများကို အကြီးအကဲဆွေးနွေးပါ။ (သု. ၂၂:၆; ၂ တိ. ၃:၁၄၊ ၁၅) သူတို့ဘာသာကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သည့်အရွယ်မရောက်မီ လေးနက်သောကျမ်းစာပညာရေးကို မပေးသင့်ဟု မိဘတချို့ယူမှတ်ကြသည်။ ထိုသို့သောအခြေအနေများတွင် ကလေးများစွာသည် လောကကြောင့်ပျက်စီးကြရသည်။ နို့စို့အရွယ်ကလေးဘဝကပင် ဝိညာဏသွန်သင်ချက်ကို စတင်သင့်သည်။ (န၉၇ ၃/၈ ၂၆-၇ [လိပ်]; က၈၉ ၈/၁ ၁၂-၁၃) မိမိတို့သားသမီးများ၏ဝိညာဉ်ရေးနှင့်ပတ်သက်၍စိုးရိမ်ကြောင့်ကြမှုတင်ပြသော အိမ်ထောင်သည်မောင်နှံကို လူတွေ့ခေါ်မေးပါ။ ဖခင်သည် ဦးစီးဦးဆောင်ပြုသော်လည်း မိဘနှစ်ပါးစလုံးသည် မိမိတို့၏သားသမီးများကို သွန်သင်ပေးရန်အတွက် တစ်သမတ်တည်းဖြစ်ပြီး စည်းစနစ်ကျသောအစီအစဉ်ကိုစီမံရာတွင် မိမိတို့၏အပိုင်းကို မည်သို့လုပ်ဆောင်ကြကြောင်း တင်ပြပါ။ မိမိတို့၏သားသမီးများအား သမ္မာတရားကိုသွန်သင်ပေးရန် ကြိုးစားလုပ်ဆောင်ခဲ့သည့်အရာ၊ အိမ်တွင်သွန်သင်ပေးရန် အကျိုးဖြစ်ထွန်းပြီးလက်တွေ့ကျသည့် အစီအစဉ်ထားရှိခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့အစည်းမှပေးသည့်အကြံပြုချက်များကို ကျင့်သုံးခဲ့သည့်အရာတို့ကို မောင်နှံစုံပြောပြပါ။ မိဘများလုပ်ဆောင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်က တိုက်တွန်းထားသည့်အရာကို ကျင့်သုံးခြင်း၏အရေးကြီးမှုကို အကြီးအကဲအလေးထားတင်ပြပါ။ က၈၅ ၄/၁ ၂၃ [လိပ်]; ဧ. ၆:၁-၄။
သီချင်း ၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၁ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ “တိုက်နယ်စည်းဝေးအစီအစဉ်သစ်” ကိုသုံးသပ်ပါ။
၁၃ မိ– “ငါတို့အဖို့အဘယ်သူသွားမည်နည်း။” အပြုသဘောပါပါဟောရန်။ မှန်မှန်ရှေ့ဆောင်ရန်အားပေးချက်နှင့် ဖေဖော်ဝါရီ ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၁၆-၁၇ တွင်ပါသည့်တွေ့ ကြုံမှုကို ပါဝင်စေပါ။ မှန်မှန်ရှေ့ဆောင်မလုပ်နိုင်သူများသည် လာမည့်လုပ်ငန်းတော်နှစ်အတွင်း မည်သည့်လ(များ) ၌ အရန်ရှေ့ဆောင်မည်ကို စီစဉ်လိုကြပေမည်။
၂၀ မိ– အလွတ်သဘောသက်သေခံရန် ကြိုတင်ပြင်ဆင်ပါ။ နေ့တိုင်းပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်တွေ့ဆုံရသည့်လူများကို သက်သေခံရန်အခွင့်အလမ်းများရရှိကြသည်။ အခွင့်အလမ်းပွင့်လာသောအခါ ကျွန်ုပ်တို့တွင် အသုံးပြုရန်ကျမ်းစာအုပ် သို့မဟုတ် စာပေများမပါသည်ကို တွေ့ရှိရပေမည်။ ကြိုတင်စီစဉ်ထားပါ။ အိမ်တွင် ဧည့်သည်များကိုသင်နှုတ်ဆက်သည့်နေရာအိမ်တံခါးဝနားတွင် အလွယ်တကူရရှိနိုင်ရန် စာပေတချို့ထားပါ။ လက်ဆွဲအိတ် သို့မဟုတ် ပိုက်ဆံအိတ်ထဲတွင် စာပေအမျိုးအမည်စုံလင်စွာထည့်ထားပါ။ သင်နှင့်အတူ သို့မဟုတ် သင့်ကားထဲတွင်၊ သင့်အလုပ်ခွင်တွင် သို့မဟုတ် သင့်ကျောင်းဗီရိုထဲတွင် ယင်းတို့ကိုထည့်ထားပါ။ လူထုသယ်ယူပို့ဆောင်ရေးယာဉ်ကို သင်စီးသောအခါ သင်နှင့်တစ်ပါတည်း စာပေတစ်ခုခုကိုယူဆောင်သွားပါ။ အလုပ်ကိစ္စနှင့်ခရီးထွက်သောအခါ၊ စည်းဝေးကြီးအတွက်ခရီးထွက်သောအခါ သို့မဟုတ် အားလပ်ရက်တွင်ခရီးထွက်သောအခါ စာပေတချို့ထည့်သွားပါ။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၇၇-၈၊ အပိုဒ် ၁၁-၁၆ ပါထပ်ဆင့်အကြံပြုချက်များကို ဆွေးနွေးပါ။ အရောင်းစာရေး၊ အလုပ်ဖော်၊ ကျောင်းနေဖက်၊ အခြားခရီးသွားသူ သို့မဟုတ် အားလပ်ရက်အပန်းဖြေခရီးထွက်သူတစ်ဦးကို ချဉ်းကပ်နိုင်သည့်နည်းတချို့ကို တိုတိုတုတ်တုတ်သရုပ်ပြပါ။
သီချင်း ၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၈ တွင်စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းမှတ်တမ်းများပေးကြဖို့ အားလုံးကိုသတိပေးပါ။ ဩဂုတ်လအတွင်းဝေငှမည့်စာပေကို သုံးသပ်ပါ။ ဇူလိုင်လတွင် ဘရိုရှာယူထားသူများကို ဩဂုတ်လတွင် ပြန်လည်ပတ်မှုပြုလုပ်ပြီး ကျမ်းစာသင်အံမှုများစရန်ကြိုးစားခြင်းအပေါ် အာရုံစူးစိုက်ပါ။ မတ်လ ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်ကိုအသုံးပြုပြီး ထိရောက်သောပြန်လည်ပတ်မှုတစ်ခုအတွက်လိုအပ်ချက်တချို့ကို ညွှန်ပြပါ။ တောင်းဆိုဘရိုရှာ သို့မဟုတ် အသိပညာစာအုပ်ဖြင့် သင်အံမှုများကိုစသင့်သည်။
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၈ မိ– သင့်ဓမ္မအမှုကိုအပြည့်အဝကျေပွန်လော့။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၅-၈ ကိုအခြေပြုပြီး လုပ်ငန်းတော်ကြီးကြပ်မှူးဟောပါ။ ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုနှင့် အရေးတကြီးလုပ်ဆောင်ရန်လိုအပ်ခြင်းတို့ကို အလေးထားတင်ပြကာ ဓမ္မအမှုဆောင်များအဖြစ်မိမိတို့၏တာဝန်ကို အလေးအနက်ထားကြဖို့ အားလုံးကိုလှုံ့ဆော်ပါ။
သီချင်း ၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။