ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
ဒီဇင်ဘာ ၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ကျွန်ုပ်တို့သည် ထပ်တလဲလဲ သွားရမည်။” မေးဖြေရန်။ သတိပေးသတင်းတရားကို ဆက်၍ကြေညာနေရန် ကျွန်ုပ်တို့၏တာဝန်ကို အလေးထားတင်ပြကာ ယေဇကျေလ ၃:၁၇-၁၉ ကို တိုတုတ်စွာမှတ်ချက်ပေးပါ။
၂၀ မိ– “ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုဝေငှခြင်း။” ညီအစ်ကိုတစ်ဦးသည် အရည်အချင်းရှိကြေညာသူနှစ်ဦးသုံးဦးနှင့် ဆောင်းပါးကိုဆွေးနွေးသည်။ “ကျမ်းစာတစ်ကျမ်းလုံး” စာအုပ်၊ စာမျက်နှာ ၃၂၇-၃၁ [လိပ်] မှသက်ဆိုင်သောအချက်အနည်းငယ်ကို ပါဝင်စေပါ။ ဒီဇင်ဘာတွင်ဝေငှမည့်စာပေကို မည်သို့တင်ဆက်နိုင်ကြောင်း သရုပ်ပြပါ။
သီချင်း ၁၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ပွဲနေ့နှုတ်ခွန်းဆက်စကားများကို လိမ္မာပါးနပ်စွာတုံ့ ပြန်ပုံနှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပါ။ အသင်းတော်တွင် အကြီးမြတ်ဆုံးလူသား သို့မဟုတ် ကြီးမြတ်သောဆရာစာအုပ်များရှိမည်ဆိုလျှင် ခရစ္စမတ်ပွဲနေ့များအတောအတွင်း ဓမ္မအမှုတွင် ၎င်းတို့အား ကောင်းစွာအသုံးချနိုင်ပုံကို တင်ပြပါ။ ဒီဇင်ဘာ ၂၅ ရက်နှင့် ဇန်နဝါရီ ၁ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ဖော်ပြပါ။
၁၅ မိ– “ဦးဆောင်နေသောကြီးကြပ်မှူးများ—ကင်းမျှော်စင်သင်တန်းမှူး။” ကင်းမျှော်စင်သင်တန်းမှူးဟောရန်။ သူသည် မိမိ၏တာဝန်များနှင့် တက်ရောက်သူအားလုံးသည် အသက်ဝင်သော၊ ပညာပေးသော၊ ဝိညာဉ်ရေးတည်ဆောက်မှုပေးသောသင်တန်းဖြစ်စေရန် မည်သို့ကူညီနိုင်ကြောင်း ရှင်းပြသည်။—ကျွန်ုပ်တို့၏ဓမ္မအမှု၊ စာမျက်နှာ ၆၇ ရှု။
၂၀ မိ– “ကျွန်ုပ်တို့ကွာခြားသည်ကို သူတို့တွေ့ မြင်နိုင်။” မေးဖြေဆွေးနွေးရန်။ ကျွန်ုပ်တို့ကိုထူးခြားစေသည့် အမူအကျင့်တစ်ခုစီကို အကျဉ်းချုံးသုံးသပ်ပါ။ စိတ်ဝင်စားသူများအား အဖွဲ့အစည်းသို့ညွှန်ပြရာတွင်နှင့် သမ္မာတရားအတိုင်းအသက်ရှင်နေထိုင်သူများ၌ ခရစ်ယာန်အရည်အသွေးများကို ၎င်းသမ္မာတရားမှ မည်သို့ဖြစ်ထွန်းစေနိုင်ကြောင်း တင်ပြရာတွင် ဤအချက်များအားအသုံးပြုနိုင်ပုံကို ညွှန်ပြပါ။
သီချင်း ၁၄၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၁ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ မိမိတို့၏ကိုယ်ပိုင်ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်၊ အထူးသဖြင့် ကြားညှပ်များကို သိမ်းထားကြရန် ကြေညာသူအားလုံးကို အားပေးပါ။ နောင်တွင် ယင်းတို့ကို ရည်ညွှန်းကိုးကားနိုင်စရာရှိသည်။ နောက်အပတ်လုပ်ငန်းတော်စည်းဝေးသို့ ဇန်နဝါရီ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်ကို ယူလာရန် အားလုံးကိုဆော်သြပါ။
၁၂ မိ– ဒေသလိုအပ်ရာများ။
၂၅ မိ– “ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ။” မေးဖြေရန်။ ပတ်စဉ်လယ်ကွင်းဓမ္မအမှုတွင် တစ်သမတ်တည်းဖြစ်သော၊ ပုံမှန်ဖြစ်သောဇယားကို ထိန်းသိမ်းထားရာတွင် အောင်မြင်မှုရနေသော အိမ်ထောင်မပြုရသေးသူတစ်ဦးနှင့် အိမ်ထောင်ဦးစီးတစ်ဦးကို လူတွေ့မေးမြန်းပါ။ ဝိညာဉ်ရေးရာများကို ဦးစားထားနိုင်ရန် မည်သည့်ကိုယ်ပိုင်စီစဉ်ဆောင်ရွက်မှုလိုအပ်ကြောင်း သူတို့အား ပြောပြစေပါ။
သီချင်း ၁၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၈ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာလယ်ကွင်းလုပ်ငန်းမှတ်တမ်းများ ပေးကြရန် အားလုံးကို နှိုးဆော်ပါ။ ဇန်နဝါရီစာအုပ်စာတမ်းဝေငှရန်အတွက်ရရှိနိုင်သော ၁၉၈၅ ခုနှစ်မတိုင်မီကထုတ်ဝေခဲ့သည့် စာအုပ်အဟောင်းများကို ဖော်ပြပါ။ ဤစနေတနင်္ဂနွေတွင် ဝေငှရန် ကြေညာသူများကို အားပေးပါ။
၁၀ မိ– “၁၉၉၉ ခုနှစ် သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှအကျိုးရယူပါ။” သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးဟောရန်။ ပတ်စဉ် “ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်” ကိုလိုက်လျှောက်ခြင်းမှ သူတို့ရရှိခဲ့သည့်အကျိုးကျေးဇူးများကို ကြေညာသူအချို့အား ပြောပြစေပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရန် အားလုံးကိုတိုက်တွန်းပါ။
၂၅ မိ– ၁၉၉၉ ခုနှစ်ခရိုင်စည်းဝေးကြီးတက်ရန် ပြင်ဆင်ပါ။ ဇန်နဝါရီ ၁၉၉၉ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်တွင်ပါသည့် စည်းဝေးကြီးအချက်အလက်များကို အတွင်းရေးမှူးမေးဖြေဆွေးနွေးရန်။ ပထမတွင် ဒီဇင်ဘာ ၁၅၊ ၁၉၉၈၊ စည်းဝေးကြီးတာဝန်ခန့်အပ်ချက်စာကိုဖတ်ပြပါ။ ထို့နောက် ဆောင်းပါးမှအပိုဒ် ၃ ကိုသုံးသပ်ပြီး တည်းခိုရေးအကြံပြုစာရင်း၏အစနှင့်နိဂုံးစာပိုဒ်များကို ဖတ်ပြပါ။ တည်းခိုရေးကိစ္စများတွင် အသင်းမ၏ညွှန်ကြားချက်ကိုလိုက်နာရန်အတွက် ကျမ်းစာမူများကို အလေးပေးတင်ပြပါ။ အသင်းမအစီအစဉ်နှင့်ပူးပေါင်းလုပ်ဆောင်မှုအတွက် ညီအစ်ကိုများကို ချီးမွမ်းပါ။
သီချင်း ၁၉၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။